
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ရခိုင္ျပည္နယ္နဲ႔ ခ်င္းျပည္နယ္ထဲမွာ အခုရက္ပိုင္း တပ္မေတာ္နဲ႔ ရကၡိဳင့္တပ္ေတာ္ (ေအေအ)တို႔ တိုက္ပြဲျပင္းျပင္းထန္ထန္ျဖစ္ပြားၿပီး တပ္မေတာ္က ရဟတ္ယာဥ္ေတြနဲ႔ တိုက္ ခိုက္ခဲ့တယ္လို႔ ႏွစ္ဖက္လက္နက္ကိုင္အဖြဲ႕ေတြက ေျပာပါတယ္။
ေျမပုံ၊ မင္းျပား၊ ေက်ာက္ေတာ္၊ ပုဏၰားကြၽန္း၊ ဘူးသီးေတာင္နဲ႔ ရေသ့ေတာင္ၿမိဳ႕နယ္ေတြမွာ တိုက္ပြဲေတြအျပင္းအထန္ျဖစ္ပြားသလို ခ်င္းျပည္နယ္။ ပလက္ဝၿမိဳ႕မွာလည္း တိုက္ ပြဲေတြ ျဖစ္ခဲ့လို႔ ႏွစ္ဖက္လုံး အက်အဆုံးရွိတယ္လို႔ အေနာက္ပိုင္းတိုင္းစစ္ဌာနခ်ဳပ္တိုင္းဦးစီး ဗိုလ္မႉးႀကီး ဝင္းေဇာ္ဦးကေျပာပါတယ္။
“ထိခိုက္က်ဆုံးမႈ ႏွစ္ဖက္လုံးမွာရွိတယ္။ တိုက္ပြဲေတြ ျပင္းထန္တယ္။ လိုအပ္ရင္ေတာ့ ရဟတ္ယာဥ္သုံးမွာပဲ၊ ေျမျပင္တပ္က လိုအပ္ရင္ေတာင္းရင္သုံးမယ္။ တိုက္ပြဲကျပင္း တယ္”
ဒီဇင္ဘာ ၂၄ ရက္ထိ ရခိုင္ျပည္နယ္ ၆ ၿမိဳ႕နယ္မွာ တိုက္ပြဲေတြ ဆက္လက္ရွိခဲ့သလို ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္၊ ႏႈံးဗူးေက်း႐ြာရဲ႕ေတာင္ဘက္မွာလည္း ဒီဇင္ဘာ ၂၄ ရက္ မနက္က စၿပီး ညေနပိုင္းအထိတိုက္ပြဲေတြ ျပင္းျပင္းထန္းထန္ျဖစ္ပြားခဲ့ပါတယ္။
ေအေအေျပာခြင့္ရသူ ခိုင္သုခက “ပလက္ဝဘက္မွာဆိုရင္တိုက္ပြဲက ေတာ္ေတာ္ျပင္းတယ္။ မနက္ကတည္းက ျဖစ္တယ္၊ ညေနအထိျပင္းျပင္း ထန္ထန္ျဖစ္တယ္။ အဲ့ဒီမွာ ဗမာ စစ္တပ္ဘက္က အက်အဆုံးေတာ္ေတာ္မ်ားတယ္။ ေျမပုံဘက္ တိုက္ပြဲမွာ ဗမာစစ္တပ္ဘက္ေတာ္ေတာ္အက် အဆုံးမ်ားတယ္။ အဲ့ဒါေၾကာင့္ ရဟတ္ယာဥ္ေတြနဲ႔ပ ပစ္ကူေပး တယ္။ ပုဏၰားကြၽန္း ဗုေဒၶါေက်း႐ြာအနားမွာဆိုရင္ တပ္မေတာ္က သုံးေယာက္က်တယ္။”
ပလက္ဝၿမိဳ႕နယ္ ႏႈံးဗူးေက်း႐ြာနားကတိုက္ပြဲမွာ တပ္မေတာ္က ဂ်က္တိုက္ေလေယာဥ္ ႏွစ္စီးနဲ႔လာေရာက္တိုက္ခိုက္ခဲ့ၿပီး ဒီဇင္ဘာလ ၂၄ ရက္ မင္းျပားၿမိဳ႕နယ္၊ အိုးပ်ဥ္းေတာင္ ေက်း႐ြာေျမာက္မွာ ေအေအစစ္ေၾကာင္းတခုနဲ႔ တပ္မေတာ္ထိုးစစ္ေၾကာင္းတခုတို႔ ရင္ဆိုင္တိုက္ပြဲေတြ ျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့တယ္လို႔ဆိုပါတယ္။
ေျမပုံၿမိဳနယ္ စညင္း႐ြာေတာင္ဘက္ ရန္ကုန္-စစ္ေတြကားလမ္းမအနီးမွာ တပ္မေတာ္နဲ႔ ေအေအတို႔ တိုက္ပြဲေတြျပင္းျပင္းထန္ထန္ျဖစ္ပြားခဲ့ တပ္မေတာ္က ရဟတ္ယာဥ္ ႏွစ္စီးနဲ႔ တိုက္ခိုက္ခဲ့ရသလို ဒီဇင္ဘာ ၂၄ ရက္မနက္ပိုင္းမွာလည္း ေက်ာက္ေတာ္ၿမိဳ႕နယ္၊ ဆင္အိုးခ်ိဳင္႐ြာ သစ္အနီးတပ္မေတာ္ရဲ႕စစ္ေၾကာင္းတစ္ခုနဲ႔တိုက္ပြဲျဖစ္ပြားရာမွာ တပ္မေတာ္ က ၁၀ ဦး က်ဆုံးခဲ့ တယ္လို႔ ေအေအေျပာေရးဆိုခြင့္ရွိသူ ခိုင္သုခကေျပာပါတယ္။
တိုက္ပြဲေတြအတြင္း ထိခိုက္က်ဆုံးဒဏ္ရာရတာနဲ႔ပတ္သက္လို႔ တပ္မေတာ္ဘက္ကေတာ့ သီးျခားအတည္ျပဳထုတ္ျပန္တာမေတြ႕ရေသးပါဘူး။
Unicode
ရခိုင်ပြည်နယ်နှင့် ချင်းပြည်နယ်တွင် တပ်မတော်နှင့် အေအေတို့ တိုက်ပွဲပြင်းထန်
ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်ထဲမှာ အခုရက်ပိုင်း တပ်မတော်နဲ့ ရက္ခိုင့်တပ်တော် (အေအေ)တို့ တိုက်ပွဲပြင်းပြင်းထန်ထန်ဖြစ်ပွားပြီး တပ်မတော်က ရဟတ်ယာဉ်တွေ နဲ့ တိုက်ခိုက်ခဲ့တယ်လို့ နှစ်ဖက်လက်နက်ကိုင်အဖွဲ့တွေက ပြောပါတယ်။
မြေပုံ၊ မင်းပြား၊ ကျောက်တော်၊ ပုဏ္ဏားကျွန်း၊ ဘူးသီးတောင်နဲ့ ရသေ့တောင်မြို့နယ်တွေမှာ တိုက်ပွဲတွေအပြင်းအထန်ဖြစ်ပွားသလို ချင်းပြည်နယ်။ ပလက်ဝမြို့မှာလည်း တိုက်ပွဲတွေ ဖြစ်ခဲ့လို့ နှစ်ဖက်လုံး အကျအဆုံးရှိတယ်လို့ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းဦးစီး ဗိုလ်မှူးကြီး ဝင်းဇော်ဦးကပြောပါတယ်။
“ထိခိုက်ကျဆုံးမှု နှစ်ဖက်လုံးမှာရှိတယ်။ တိုက်ပွဲတွေ ပြင်းထန်တယ်။ လိုအပ်ရင်တော့ ရဟတ်ယာဉ်သုံးမှာပဲ၊ မြေပြင်တပ်က လိုအပ်ရင်တောင်းရင်သုံးမယ်။ တိုက် ပွဲကပြင်းတယ်”
ဒီဇင်ဘာ ၂၄ ရက်ထိ ရခိုင်ပြည်နယ် ၆ မြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ရှိခဲ့သလို ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ နှုံးဗူးကျေးရွာရဲ့တောင်ဘက်မှာလည်း ဒီဇင်ဘာ ၂၄ ရက်မနက်က စပြီး ညနေပိုင်းအထိတိုက်ပွဲတွေ ပြင်းပြင်းထန်းထန်ဖြစ်ပွားခဲ့ပါတယ်။
အေအေပြောခွင့်ရသူ ခိုင်သုခက “ပလက်ဝဘက်မှာဆိုရင်တိုက်ပွဲက တော်တော်ပြင်းတယ်။ မနက်ကတည်းက ဖြစ်တယ်၊ ညနေအထိပြင်းပြင်း ထန်ထန်ဖြစ်တယ်။ အဲ့ဒီ မှာ ဗမာစစ်တပ်ဘက်က အကျအဆုံးတော်တော်များတယ်။ မြေပုံဘက် တိုက်ပွဲမှာ ဗမာစစ်တပ်ဘက်တော်တော်အကျ အဆုံးများတယ်။ အဲ့ဒါကြောင့် ရဟတ်ယာဉ် တွေနဲ့ပ ပစ်ကူပေးတယ်။ ပုဏ္ဏားကျွန်း ဗုဒ္ဓေါကျေးရွာအနားမှာဆိုရင် တပ်မတော်က သုံးယောက်ကျတယ်။”
ပလက်ဝမြို့နယ် နှုံးဗူးကျေးရွာနားကတိုက်ပွဲမှာ တပ်မတော်က ဂျက်တိုက်လေယောဉ် နှစ်စီးနဲ့လာရောက်တိုက်ခိုက်ခဲ့ပြီး ဒီဇင်ဘာလ ၂၄ ရက် မင်းပြားမြို့နယ်၊ အိုးပျဉ်း တောင် ကျေးရွာမြောက်မှာ အေအေစစ်ကြောင်းတခုနဲ့ တပ်မတော်ထိုးစစ်ကြောင်းတခုတို့ ရင်ဆိုင်တိုက်ပွဲတွေ ပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့တယ်လို့ဆိုပါတယ်။
မြေပုံမြိုနယ် စညင်းရွာတောင်ဘက် ရန်ကုန်-စစ်တွေကားလမ်းမအနီးမှာ တပ်မတော်နဲ့ အေအေတို့ တိုက်ပွဲတွေပြင်းပြင်းထန်ထန်ဖြစ်ပွားခဲ့ တပ်မတော်က ရဟတ်ယာဉ် နှစ်စီးနဲ့ တိုက်ခိုက်ခဲ့ရသလို ဒီဇင်ဘာ ၂၄ ရက်မနက်ပိုင်းမှာလည်း ကျောက်တော်မြို့နယ်၊ ဆင်အိုးချိုင်ရွာ သစ်အနီးတပ်မတော်ရဲ့စစ်ကြောင်းတစ်ခုနဲ့တိုက်ပွဲဖြစ်ပွား ရာမှာ တပ်မတော်က ၁၀ ဦး ကျဆုံးခဲ့ တယ်လို့ အေအေပြောရေးဆိုခွင့်ရှိသူ ခိုင်သုခကပြောပါတယ်။
တိုက်ပွဲတွေအတွင်း ထိခိုက်ကျဆုံးဒဏ်ရာရတာနဲ့ပတ်သက်လို့ တပ်မတော်ဘက်ကတော့ သီးခြားအတည်ပြုထုတ်ပြန်တာမတွေ့ရသေးပါဘူး။
====================================
END / 251