အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
ပႏၷက္တင္ပြဲအခမ္းအနားတက္ေရာက္ရန္ လာေရာက္သည့္ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ႏႈတ္ဆက္ေနသည့္ျပည္သူအခ်ိဳ႕
ႏိုင္ငံအတြက္ လြန္စြာ အေရးပါသည့္ အသက္ေမြးဝမ္း ေက်ာင္းပညာေရးစနစ္ ထူေထာင္ ေနသည္ကို အားေပးရန္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ က တိုက္တြန္းေျပာ ၾကားသည္။
‘‘လူငယ္မ်ားနဲ႔ မိဘမ်ားကိုလည္း အားေပးခ်င္ပါတယ္။ဘာျဖစ္လို႔လဲဆိုရင္ေတာ့ ေနာက္ဆုံးက်လို႔ရွိရင္ ဘဝမွာ ရပ္တည္တဲ့အခါ တကၠသိုလ္ပညာေရးစနစ္နဲ႔ နည္းတူတန္ဖိုး ရွိလို႔ပဲျဖစ္တယ္’’ ဟု ၎က ဆိုသည္။
ဒီဇင္ဘာ ၂၈ ရက္က ရန္ကုန္တိုင္း ဒဂုံၿမိဳ႕သစ္(ေတာင္ပိုင္း) ၿမိဳ႕နယ္ ေလးေထာင့္ကန္တြင္ က်င္းပသည့္ ဂ်ပန္-ျမန္မာအက်ိဳးတူပူးေပါင္းေဆာင္႐ြက္မည့္ အသက္ေမြး ဝမ္းေက်ာင္းပညာသင္ တန္းေက်ာင္း အေဆာက္အအုံ ပႏၷက္တင္ပြဲအခမ္းအနား (Shin Rai International Vocational Institute) ဖြင့္ပြဲ၌ ေဒၚေအာင္ဆန္းစုၾကည္က အထက္ပါအတိုင္း ေျပာၾကားသည္။
လက္ရွိကမာၻတြင္ အသက္ေမြးဝမ္းေက်ာင္းပညာေရးစနစ္ ႏွင့္နည္းပညာစနစ္မ်ား အင္မတန္လိုအပ္ေနၿပီး ဖြံ႕ၿဖိဳးမႈအတိုးတက္ ဆုံးေသာႏိုင္ငံမ်ား၌ တကၠသိုလ္ပညာေရးႏွင့္ အသက္ေမြးဝမ္း ေက်ာင္းပညာေရးတို႔ ယွဥ္တြဲ က်င့္သုံးေနသည္ကို ေတြ႕ရသည္ ဟု ေဒၚေအာင္ဆန္းစုၾကည္က ေျပာသည္။
ထို႔ေနာက္ အခမ္းအနား တက္ေရာက္လာသည့္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ဆန္းစုၾကည္၊ ဂ်ပန္ႏိုင္ငံဝန္ႀကီး ခ်ဳပ္၏ဇနီး၊ ျပည္ေထာင္စုဝန္ႀကီး မ်ား၊ ရန္ကုန္ တိုင္းေသႀကီးအစိုးရ အဖြဲ႕ဝန္ႀကီးခ်ဳပ္ႏွင့္ ဝန္ႀကီးမ်ား က အသက္ေမြးဝမ္းေက်ာင္းပညာ သင္တန္းေက်ာင္း အေဆာက္ အအုံေဆာက္လုပ္မည့္ ေျမေနရာတြင္ ပႏၷက္႐ိုက္ၿပီး ခ်ယ္ရီပင္မ်ား စိုက္ပ်ိဳးခဲ့သည္။
အဆိုပါသင္တန္းေက်ာင္း အေဆာက္အအုံဖြင့္လွစ္ၿပီးပါက စိုက္ပ်ိဳးေရး၊ ေမြးျမဴေရး၊က်န္းမာေရး၊စက္မႈႏွင့္ နည္းပညာစသည့္ အသက္ေမြးမႈပညာရပ္မ်ား သင္ၾကားရန္စီစဥ္ ထားသည္။
အခမ္းအနားတြင္ ႏိုင္ငံပိုင္သတင္းဌာနႏွင့္ ဂ်ပန္သတင္းဌာန အခ်ိဳ႕သာ သတင္းယူခြင့္ရၿပီး ျပည္တြင္းပုဂၢလိက သတင္းဌာန မ်ားသို႔ သတင္းရယူခြင့္မေပးခဲ့ ေပ။ ယမန္ေန႔ အ ခမ္းအနားသို႔ ေဒၚေအာင္ဆန္းစုၾကည္ လာ ေရာက္ရာလမ္းတစ္ေလွ်ာက္တြင္ ေထာင္ခ်ီေသာ ေဒသခံျပည္သူ မ်ားႏွင့္ ပါတီဝင္မ်ားက ‘အေမေဒၚေအာင္ဆန္းစုၾကည္ႏွင့္အတူ’ စာသားပါဆိုင္းဘုတ္မ်ားကို ကိုင္ ေဆာင္၍ ႀကိဳဆိုခဲ့သည္။
Unicode
အသက်မွေးဝမ်းကျောင်းပညာရေးစနစ် ထူထောင်နေမှုအားပေးရန် ဒေါ်အောင်ဆန်းစုကြည် တိုက်တွန်း
ပန္နက်တင်ပွဲအခမ်းအနားတက်ရောက်ရန် လာရောက်သည့် အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် နှုတ်ဆက်နေသည့်ပြည်သူအချို့
နိုင်ငံအတွက် လွန်စွာအရေးပါသည့် အသက်မွေးဝမ်း ကျောင်းပညာရေးစနစ် ထူထောင်နေသည်ကို အားပေးရန် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစု ကြည်က တိုက်တွန်းပြော ကြားသည်။
‘‘လူငယ်များနဲ့ မိဘများကို လည်း အားပေးချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုရင်တော့ နောက်ဆုံးကျလို့ရှိရင် ဘဝမှာ ရပ်တည်တဲ့အခါ တက္ကသိုလ်ပညာရေးစနစ်နဲ့ နည်း တူ တန်ဖိုးရှိလို့ပဲဖြစ်တယ်’’ ဟု ၎င်းက ဆိုသည်။
ဒီဇင်ဘာ ၂၈ ရက်က ရန်ကုန်တိုင်း ဒဂုံမြို့သစ်(တောင်ပိုင်း) မြို့နယ် လေးထောင့်ကန်တွင် ကျင်းပသည့် ဂျပန်-မြန်မာအကျိုးတူပူးပေါင်းဆောင်ရွက်မည့် အ သက်မွေးဝမ်း ကျောင်းပညာသင် တန်းကျောင်း အဆောက်အအုံ ပန္နက်တင်ပွဲအခမ်းအနား (Shin Rai International Vocational Institute) ဖွင့်ပွဲ၌ ဒေါ်အောင်ဆန်းစုကြည်က အထက်ပါအတိုင်း ပြောကြားသည်။
လက်ရှိ ကမ္ဘာတွင် အသက်မွေးဝမ်းကျောင်းပညာရေးစနစ် နှင့် နည်းပညာစနစ်များ အင်မတန်လိုအပ်နေပြီး ဖွံ့ဖြိုးမှုအတိုးတက် ဆုံးသောနိုင်ငံများ၌ တက္ကသိုလ် ပညာရေးနှင့် အသက်မွေးဝမ်း ကျောင်းပညာရေးတို့ ယှဉ်တွဲ ကျင့်သုံးနေသည်ကို တွေ့ရသည် ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။
ထို့နောက်အခမ်းအနား တက်ရောက်လာသည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ ဂျပန်နိုင်ငံဝန်ကြီး ချုပ်၏ဇနီး၊ ပြည်ထောင်စုဝန်ကြီးများ၊ ရန် ကုန်တိုင်းသေကြီးအစိုးရ အဖွဲ့ဝန်ကြီးချုပ်နှင့် ဝန်ကြီးများ က အသက်မွေးဝမ်းကျောင်းပညာ သင်တန်းကျောင်း အဆောက် အအုံဆောက်လုပ်မည့် မြေနေရာတွင် ပန္နက်ရိုက်ပြီး ချယ်ရီပင်များ စိုက်ပျိုးခဲ့သည်။
အဆိုပါ သင်တန်းကျောင်း အဆောက်အအုံဖွင့်လှစ်ပြီးပါက စိုက်ပျိုးရေး၊ မွေးမြူရေး၊ ကျန်းမာ ရေး၊ စက်မှုနှင့် နည်းပညာ စသည့် အသက်မွေးမှုပညာရပ်များ သင် ကြားရန် စီစဉ်ထားသည်။
အခမ်းအနားတွင် နိုင်ငံပိုင်သတင်းဌာနနှင့် ဂျပန်သတင်းဌာန အချို့သာ သတင်းယူခွင့်ရပြီး ပြည်တွင်းပုဂ္ဂလိက သတင်းဌာနများသို့ သတင်းရယူခွင့်မပေးခဲ့ပေ။ ယမန်နေ့ အခမ်းအနားသို့ ဒေါ်အောင်ဆန်းစုကြည် လာရောက်ရာလမ်းတစ်လျှောက်တွင် ထောင်ချီသောဒေသခံပြည်သူများနှင့် ပါတီဝင်များက ‘အမေဒေါ်အောင်ဆန်းစုကြည် နှင့်အတူ’ စာသားပါဆိုင်းဘုတ်များကို ကိုင် ဆောင်၍ ကြိုဆိုခဲ့သည်။
====================================
END / 251
၂၉ ဒီဇင်ဘာ ၂၀၁၉ - ၁၉:၄၀
News ID: 997322
ပႏၷက္တင္ပြဲအခမ္းအနားတက္ေရာက္ရန္ လာေရာက္သည့္ အတိုင္ပင္ခံပုဂၢိဳလ္ႏွင့္ ႏႈတ္ဆက္ေနသည့္ျပည္သူအခ်ိဳ႕ ႏိုင္ငံအတြက္ လြန္စြာ အေရးပါသည့္ အသက္ေမြးဝမ္း ေက်ာင္းပညာေရးစနစ္ ထူေထာင္ ေနသည္ကို အားေပးရန္ ႏိုင္ငံေတာ္၏ အတိုင္ပင္ခံပုဂၢိဳလ္ ေဒၚေအာင္ ဆန္းစုၾကည္ က တိုက္တြန္းေျပာ ၾကားသည္။