
အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ
Zawgyi
အစိုးရ၊ တပ္မေတာ္ႏွင့္ NCA လက္မွတ္ထိုး ထိပ္သီးေခါင္းေဆာင္မ်ား၏ ၂၀၁၈ ေအာက္တိုဘာလ ေနျပည္ေတာ္ အစည္းအေဝး အၿပီးတြင္ ၿငိမ္းခ်မ္းေရးဆိုင္ရာ တရားဝင္အစည္းအေဝးမ်ား ရပ္ဆိုင္းသြားခဲ့ သည္။
ေနျပည္ေတာ္၌ မၾကာ မီက်င္းပမည့္ NCA လက္မွတ္ထိုး တိုင္းရင္းသားလက္နက္ကိုင္ ၁၀ ဖြဲ႕ ထိပ္သီးေခါင္းေဆာင္မ်ား အ စည္းအေဝး၊ အစိုးရႏွင့္ NCA လက္မွတ္ထိုး ေခါင္းေဆာင္မ်ား အစည္းအေဝး တို႔အတြက္ အပစ္ ရပ္ ၁၀ ဖြဲ႕၏ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ဦးေဆာင္အဖြဲ႕ (PPST) အဖြဲ႕ ဝင္မ်ားအား PPST အဖြဲ႕ေခါင္း ေဆာင္ ရွမ္းလက္နက္ကိုင္အဖြဲ႕ (RCSS) ဥကၠ႒ ဗိုလ္ခ်ဳပ္ႀကီး ယြက္စစ္က ယမန္ေန႔ (ဇန္နဝါရီ ၂ရက္)တြင္ ဖိတ္စာေပးပို႔ခဲ့သည္။
အစိုးရေခါင္းေဆာင္မ်ားႏွင့္ NCA လက္မွတ္ထိုး ၁၀ ဖြဲ႕ေခါင္း ေဆာင္မ်ား၏ NCA အေကာင္ အထည္ေဖာ္မႈဆိုင္ရာ ညႇိႏႈိင္းအ စည္းအေဝး (JICM) ကို ဇန္နဝါရီ ၈ ရက္တြင္ က်င္းပမည္ျဖစ္ၿပီး ယင္းအစည္း အေဝးမတိုင္မီ ဇန္န ဝါရီ ၇ ရက္၌ အပစ္ရပ္ ၁၀ ဖြဲ႕ ေခါင္းေဆာင္မ်ား၏ PPST အ စည္းအေဝး က်င္းပမည္ျဖစ္ သည္။
‘‘၈ရက္ေန႔က်ရင္ေတာ့ ႏိုင္ငံ ေတာ္ အတိုင္ပင္ခံအပါအဝင္ အစိုးရဘက္က JICM အဖြဲ႕ဝင္ ေတြနဲ႔ေတြ႕မွာေပါ့။ အေရးႀကီး တာကေတာ့ သူတို႔ၿပီးခဲ့တဲ့ ဒီဇင္ ဘာ ၂၂ရက္ေန႔တုန္းက ႀကိဳတင္ ၿပီးေတာ့ JICM အတြက္ဆုံးျဖတ္ ခ်က္ေတြခ်ၿပီးၿပီ။ဒီဆုံးျဖတ္ခ်က္ ေတြကို ၇ ရက္ေန႔မွာ၊ PPST အတြင္းမွာ ျပန္လည္အတည္ျပဳၿပီး ေတာ့ ၈ ရက္ေန႔က်ရင္သူတို႔က ႏွစ္ဖက္အျပန္အလွန္ အတည္ျပဳ ဖို႔ပဲျဖစ္ပါတယ္’’ ဟု PPST အႀကံ ေပး ဦးခြန္းေဆကေျပာသည္။
ႀကိဳတင္ ျပင္ဆင္မႈမ်ား ေၾကာင့္ JICM အစည္းအေဝးတြင္ အေခ်အတင္ အျငင္းပြားျခင္း မရွိ ႏိုင္ေၾကာင္း၊ ဒီဇင္ဘာ ၂၂ရက္က ရန္ကုန္ၿမိဳ႕၌က်င္းပသည့္ အစိုးရ ႏွင့္ အပစ္ရပ္ ၁၀ ဖြဲ႕၏ အစည္းအ ေဝးဆုံး ျဖတ္ခ်က္မ်ားကို JICM တြင္ အတည္ျပဳႏိုင္ပါက မၾကာမီ တရားဝင္ ႏိုင္ငံေရးေဆြးေႏြးပြဲမ်ား ျဖစ္ေပၚလာမည္ ျဖစ္ေၾကာင္း ဦးခြန္းေဆကဆိုသည္။
JICMအႀကိဳ ေဆြးေႏြးပြဲတြင္ဆုံးျဖတ္ခ်က္ရွစ္ခ်က္ရွိရာ၂၀၂၀ႏွစ္လယ္ပိုင္းမတိုင္မီျပည္ေထာင္စုၿငိမ္းခ်မ္းေရးညီလာခံ-၂၁ရာစုပင္လုံက်င္းပရန္၊JICMအစည္းအေဝးက်င္းပရန္၊ႏိုင္ငံေရးေဆြးေႏြးမႈႏွင့္ ပစ္ခတ္ တိုက္ ခိုက္မႈရပ္စဲေရးခိုင္မာေရး ေဆာင္ ႐ြက္ရန္၊ ပစ္ခတ္တိုက္ခိုက္မႈရပ္ စဲေရးဆိုင္ရာ ပူးတြဲေစာင့္ၾကည့္ ေရးေကာ္မတီ (JMC) အစည္းအ ေဝးတြင္ တပ္ပိုင္းဆိုင္ရာကိစၥမ်ား ေဆြးေႏြးရန္၊ NCA အဓိပၸာယ္ ဖြင့္ ဆိုခ်က္ကိစၥေဆြးေႏြးရန္၊ ၂၀၂၀ အလြန္တြင္ ၿငိမ္းခ်မ္းေရးလုပ္ငန္း စဥ္ေဆာင္႐ြက္ရန္ အခ်က္မ်ား ပါဝင္သည္။
JICM အစည္းအေဝး ျပန္ လည္က်င္းပႏိုင္ျခင္းသည္ ၂၀၁၈ ႏွစ္ကုန္ပိုင္းက စၿပီးရပ္တန႔္ေန သည့္ တရားဝင္ေဆြးေႏြးပြဲမ်ား ၁၅ လအၾကာတြင္ ျပန္လည္က်င္း ပႏိုင္ျခင္းျဖစ္၍ ၂၀၂၀ ႏွစ္ဦးပိုင္း အတြက္ ေကာင္းမြန္သည့္ေျခ လွမ္းျဖစ္ေၾကာင္း အစိုးရေဆြးေႏြး ေရး ကိုယ္စားလွယ္ဦးလွေမာင္ေ႐ႊ က ေျပာသည္။
ဇန္နဝါရီ ၈ ရက္ JICM အ စည္းအေဝးအၿပီးတြင္ ေနာက္ ဆက္တြဲ အစည္းအေဝးမ်ားကို ဇန္နဝါရီ ၉ ရက္တြင္ေနျပည္ေတာ္ ၌ ဆက္လက္က်င္းပရန္ အစိုးရ က အဆိုျပဳထားသည္ဟု ဦးလွ ေမာင္ေ႐ႊ ကေျပာသည္။
Unicode
နေပြည်တော်၌ ကျင်းပမည့် ထိပ်သီးအစည်းအဝေးနှစ်ခုအတွက် PPST အဖွဲ့ဝင်များအား အဖွဲ့ခေါင်းဆောင်ဖိတ်စာပို့
အစိုးရ၊ တပ်မတော်နှင့် NCA လက်မှတ်ထိုး ထိပ်သီးခေါင်းဆောင်များ၏ ၂၀၁၈ အောက်တိုဘာလ နေပြည်တော် အစည်းအဝေး အပြီးတွင် ငြိမ်းချမ်းရေးဆိုင်ရာ တရားဝင်အစည်းအဝေးများ ရပ်ဆိုင်း သွားခဲ့သည်။
နေပြည်တော်၌ မကြာ မီကျင်းပမည့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင် ၁၀ ဖွဲ့ ထိပ်သီးခေါင်းဆောင်များ အ စည်းအဝေး၊ အစိုးရနှင့် NCA လက်မှတ်ထိုး ခေါင်းဆောင်များ အစည်းအ ဝေးတို့အတွက် အပစ် ရပ် ၁၀ ဖွဲ့၏ ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဦးဆောင်အဖွဲ့ (PPST) အဖွဲ့ ဝင်များအား PPST အဖွဲ့ခေါင်း ဆောင် ရှမ်းလက်နက်ကိုင်အဖွဲ့ (RCSS) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ယမန်နေ့ (ဇန်နဝါရီ ၂ရက်)တွင် ဖိတ်စာပေးပို့ခဲ့သည်။
အစိုးရခေါင်းဆောင်များနှင့် NCA လက်မှတ်ထိုး ၁၀ ဖွဲ့ခေါင်း ဆောင်များ၏ NCA အကောင် အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအ စည်းအဝေး (JICM) ကို ဇန်နဝါရီ ၈ ရက်တွင် ကျင်းပမည်ဖြစ်ပြီး ယင်း အစည်းအဝေးမတိုင်မီ ဇန်န ဝါရီ ၇ ရက်၌ အပစ်ရပ် ၁၀ ဖွဲ့ ခေါင်းဆောင်များ၏ PPST အ စည်းအဝေး ကျင်းပမည်ဖြစ် သည်။
‘‘၈ရက်နေ့ကျရင်တော့ နိုင်ငံတော် အတိုင်ပင်ခံအပါအဝင် အစိုးရဘက်က JICM အဖွဲ့ဝင် တွေနဲ့တွေ့မှာပေါ့။အရေးကြီး တာကတော့ သူတို့ပြီးခဲ့တဲ့ ဒီဇင် ဘာ ၂၂ရက်နေ့တုန်းက ကြိုတင် ပြီးတော့ JICM အတွက် ဆုံးဖြတ် ချက်တွေချပြီးပြီ။ ဒီဆုံးဖြတ်ချက် တွေကို ၇ ရက်နေ့မှာ၊ PPST အ တွင်းမှာ ပြန်လည်အတည်ပြုပြီး တော့ ၈ ရက်နေ့ကျရင် သူတို့က နှစ်ဖက်အပြန်အလှန် အတည်ပြု ဖို့ပဲဖြစ်ပါတယ်’’ ဟု PPST အကြံ ပေး ဦးခွန်းဆေကပြောသည်။
ကြိုတင် ပြင်ဆင်မှုများ ကြောင့် JICM အစည်းအဝေးတွင် အချေအတင် အငြင်းပွားခြင်း မရှိ နိုင်ကြောင်း၊ ဒီဇင်ဘာ ၂၂ရက်က ရန်ကုန်မြို့၌ကျင်းပသည့် အစိုးရ နှင့် အပစ်ရပ် ၁၀ ဖွဲ့၏ အစည်းအ ဝေးဆုံးဖြတ်ချက်များကို JICM တွင် အတည်ပြုနိုင်ပါက မကြာမီ တရားဝင် နိုင်ငံရေးဆွေးနွေးပွဲများ ဖြစ်ပေါ်လာမည် ဖြစ်ကြောင်း ဦးခွန်းဆေက ဆိုသည်။
JICM အကြို ဆွေးနွေးပွဲတွင် ဆုံးဖြတ်ချက်ရှစ်ချက်ရှိရာ ၂၀၂၀ နှစ်လယ်ပိုင်းမတိုင်မီ ပြည် ထောင်စုငြိမ်းချမ်းရေးညီလာခံ- ၂၁ ရာစုပင်လုံ ကျင်းပရန်၊ JICM အစည်းအဝေးကျင်းပရန်၊ နိုင်ငံ ရေးဆွေးနွေးမှုနှင့် ပစ်ခတ်တိုက် ခိုက်မှုရပ်စဲရေးခိုင်မာရေး ဆောင် ရွက်ရန်၊ ပစ်ခတ်တိုက်ခိုက်မှုရပ် စဲရေးဆိုင်ရာ ပူးတွဲစောင့်ကြည့် ရေးကော်မတီ (JMC) အစည်းအ ဝေးတွင် တပ်ပိုင်းဆိုင်ရာကိစ္စများ ဆွေးနွေးရန်၊ NCA အဓိပ္ပာယ်ဖွင့် ဆိုချက်ကိစ္စဆွေးနွေးရန်၊ ၂၀၂၀ အလွန်တွင် ငြိမ်းချမ်းရေးလုပ်ငန်း စဉ်ဆောင်ရွက်ရန် အချက်များ ပါဝင်သည်။
JICM အစည်းအဝေး ပြန် လည်ကျင်းပနိုင်ခြင်းသည် ၂၀၁၈ နှစ်ကုန်ပိုင်းက စပြီးရပ်တန့်နေ သည့် တရားဝင်ဆွေးနွေးပွဲများ ၁၅ လအကြာတွင် ပြန်လည်ကျင်း ပနိုင်ခြင်းဖြစ်၍ ၂၀၂၀ နှစ်ဦးပိုင်း အတွက် ကောင်းမွန်သည့်ခြေ လှမ်းဖြစ်ကြောင်း အစိုးရဆွေးနွေး ရေး ကိုယ်စားလှယ်ဦးလှမောင်ရွှေ က ပြောသည်။
ဇန်နဝါရီ ၈ ရက် JICM အ စည်းအဝေးအပြီးတွင် နောက် ဆက်တွဲ အစည်းအဝေးများကို ဇန်နဝါရီ ၉ ရက်တွင်နေပြည်တော် ၌ ဆက်လက်ကျင်းပရန် အစိုးရ က အဆိုပြုထားသည်ဟု ဦးလှ မောင်ရွှေကပြောသည်။
====================================
END / 251