၅ ဇန်နဝါရီ ၂၀၂၀ - ၁၇:၁၅
လြတ္လပ္ေရးႀကိဳးပမ္းစဥ္ကာလကဲ့သို႔ အမ်ိဳးသားညီၫြတ္ေရးကို အေျခခံသည့္ စုေပါင္းအင္အားျဖင့္ ႀကိဳးပမ္းေဆာင္႐ြက္ရန္ သမၼတတိုက္တြန္း

လြတ္လပ္ေရးႀကိဳးပမ္းစဥ္ကာလကဲ့သို႔အမ်ိဳးသားညီၫြတ္ ေရးကိုအေျခခံသည့္ စု ေပါင္းအင္အားျဖင့္ ၿငိမ္းခ်မ္းေရး၊ ဒီမို ကေရစီအသြင္ကူးေျပာင္းေရး ႏွင့္ေရရွည္ဖြံ႕ၿဖိဳးတိုးတက္ေရး အ တြက္ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမအားလုံးက ႀကိဳး ပမ္း ေဆာင္႐ြက္ၾကရန္ ႏိုင္ငံေတာ္သမၼတဦးဝင္းျမင့္ကတိုက္ တြန္း သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


လြတ္လပ္ေရးႀကိဳးပမ္း စဥ္ကာလကဲ့သို႔ အမ်ိဳးသားညီ ၫြတ္ေရးကို အေျခခံသည့္ စု ေပါင္းအင္အားျဖင့္ ၿငိမ္းခ်မ္းေရး၊ ဒီမိုကေရစီအသြင္ကူးေျပာင္းေရး ႏွင့္ ေရရွည္ဖြံ႕ၿဖိဳးတိုး တက္ေရးအ တြက္ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမအားလုံးက ႀကိဳးပမ္း ေဆာင္႐ြက္ၾကရန္ ႏိုင္ငံေတာ္ သမၼတဦးဝင္းျမင့္က တိုက္တြန္း သည္။

ဇန္နဝါရီ ၄ ရက္တြင္ က် ေရာက္သည့္ (၇၂)ႏွစ္ေျမာက္ လြတ္လပ္ေရးေန႔အခမ္းအနားသို႔ ေပးပို႔သည္ သဝဏ္လႊာ၌ ႏိုင္ငံ ေတာ္သမၼတက ယင္းသို႔ထည့္ သြင္းတိုက္တြန္း ျခင္းျဖစ္သည္။လက္ရွိအခ်ိန္တြင္ ႏိုင္ငံေတာ္တည္ၿငိမ္ေအးခ်မ္းေရးႏွင့္ဖြံ႕ၿဖိဳးတိုးတက္ေရးအတြက္ အဘက္ဘက္မွ အေျခအေနေကာင္းမ်ား၊ အလားအလာေကာင္းမ်ားရရွိ လာ ေနၿပီျဖစ္၍ ႏိုင္ငံသူ၊ ႏိုင္ငံ သားမ်ားက ညီၫြတ္စြာပူးေပါင္း အေကာင္အထည္ေဖာ္ရမည္ျဖစ္ ေၾကာင္း ေျပာၾကားသည္။

လြတ္လပ္ေရးရရွိၿပီးစကာလမွာပင္စတင္ခဲ့ေသာႏွစ္(၇၀)ေက်ာ္ၾကာျပည္တြင္းလက္နက္ကိုင္ပဋိပကၡသည္ႏိုင္ငံေတာ္တည္ေဆာက္ေရးအတြက္လိုအပ္သည့္လူ႔စြမ္းအားႏွင့္သဘာ ဝအရင္းအျမစ္မ်ားကို ခ်ည့္နဲ႔ေစခဲ့ၿပီးဖြံ႕ၿဖိဳးတိုးတက္မႈမ်ားေႏွာင့္ေႏွး ေနဆဲျဖစ္ေၾကာင္း သမၼတက ေျပာသည္။

‘ယေန႔ကာလသည္ အတိတ္သမိုင္းကို သင္ခန္းစာယူကာသံသယႏွင့္ ပဋိပကၡမ်ားကင္းစင္ပေပ်ာက္ၿပီး ေရရွည္တည္တံ့သည့္ စစ္မွန္ေသာၿငိမ္းခ်မ္းေရးရ ရွိရန္ တိုင္းရင္းသားညီ အစ္ကို ေမာင္ႏွမအားလုံး တစ္ဦးႏွင့္တစ္ဦးနားလည္မႈ၊ယုံၾကည္မႈရရွိ ေရးအတြက္ ခိုင္မာေသာျပည္ ေထာင္စုစိတ္ဓာတ္ျဖင့္ ႀကိဳးပမ္း ေဆာင္႐ြက္လ်က္ရွိသည့္အခ်ိန္ အခါျဖစ္ပါ သည္’ ဟု သမၼတက ဆိုသည္။

လြတ္လပ္ေရးႀကိဳးပမ္းစဥ္ ကာလက အမ်ိဳးသားညီၫြတ္ေရး တည္ေဆာက္ျခင္းဆိုသည္မွာ အ ယူဝါဒမတူသည့္ႏိုင္ငံေရးပါတီ မ်ား၊ တိုင္းရင္းသားမ်ားစုစည္း ကာ တပ္ေပါင္း စုတည္ေဆာက္ ျခင္းျဖစ္ေၾကာင္းႏွင့္လက္ရွိကာ လတြင္ ယင္းသို႔တပ္ေပါင္းစုတည္ ေဆာက္ရန္လိုအပ္ေၾကာင္း ႏိုင္ငံ ေရးေလ့လာေစာင့္ၾကည့္သူဦး ေမာင္ေမာင္စိုးက မွတ္ခ်က္ ျပဳသည္။

‘‘ဆိုလိုတာက တိုင္းရင္းသား ေတြနဲ႔ေရာ၊ တိုင္းရင္းသားပါတီ ေတြနဲ႔ေရာ ေစ့စပ္ေဆြးေႏြးအ ေျဖရွာၿပီး တပ္ေပါင္းစုတစ္ခု တည္ေဆာက္ႏိုင္မွရမွာ။ တစ္ပါ တီတည္း အင္အား နဲ႔ေတာ့ အမ်ိဳး သားညီၫြတ္ေရးကို တည္ ေဆာက္ႏိုင္မွာ မဟုတ္ဘူးလို႔ ထင္ပါတယ္’’ ဟု ၎ကသုံးသပ္ သည္။ စုေပါင္းျခင္းသည္ပင္လုံစာ ခ်ဳပ္မွ စတင္ျခင္းျဖစ္ၿပီး ထိုစဥ္က စုေပါင္းမႈသည္ တစ္ဦးတစ္ ေယာက္၊ တစ္စုတစ္ဖြဲ႕တည္း ေအာက္တြင္ လွ်ိဳဝင္လုပ္ေဆာင္ ျခင္းမဟုတ္ဘဲ ကိုယ္စီကိုယ္ငတြင္ ကိုယ္ပိုင္အင္အား၊ ကိုယ္ပိုင္စည္း လုံးညီၫြတ္ မႈမ်ားရွိေၾကာင္း ရွမ္း တိုင္းရင္းသားမ်ားဒီမိုကေရစီအ ဖြဲ႕ခ်ဳပ္ပါတီအေထြေထြအတြင္း ေရးမႉးဦးစိုင္းလိတ္က မွတ္ခ်က္ ျပဳသည္။ ‘‘ျပည္ေထာင္အခ်င္းခ်င္း လာေရာက္စုေပါင္းမွ ျပည္ ေထာင္စုျဖစ္သလိုတစ္ဖြဲ႕ခ်င္း၊လူမ်ိဳးတစ္မ်ိဳးခ်င္းစီမွာလည္း ကိုယ္ပိုင္ဝိေသသလကၡဏာေတြ နဲ႔ျပည့္စုံၿပီး အင္အားေတြေတာင့္ တင္းခိုင္မာမွ ျပည္ေထာင္စုႀကီးက ေတာင့္ တင္းခိုင္မာမွာ။ အဲဒီ ေတာ့ အားလုံးစုေပါင္းၿပီး တစ္ လုံးတစ္စုတည္းျဖစ္တယ္ဆိုတာ က အားလုံးကိုယ္စီကိုယ္ငက ၿပီး ျပည့္စုံတဲ့အေနအထားမ်ိဳးေရာက္ ေအာင္ ဝိုင္းဝန္းႀကိဳး ပမ္းၾကရင္ ေကာင္းလိမ့္မယ္’’ ဟု ၎ကဆို သည္။

ႏိုင္ငံေတာ္သမၼတက ေဒသ တြင္းသာမက ကမာၻ႔အလယ္၌ ပုံရိပ္ေကာင္းရွိသည့္ အခ်ဳပ္အျခာအာဏာပိုင္ႏိုင္ငံတစ္ခုျဖစ္လာ ေစေရးတိုင္းရင္းသားျပည္သူတစ္ ရပ္လုံးက အတိတ္ သမိုင္းျဖစ္ရပ္ မ်ားကို သင္ခန္းစာယူၿပီးျပည္ ေထာင္စုဖြား တိုင္းရင္းသားအ ခ်င္းခ်င္း အျပန္အလွန္နားလည္ မႈ၊ ယုံၾကည္မႈႏွင့္ေလးစားမႈတို႔ကို အေျခခံကာခိုင္မာ ေသာျပည္ ေထာင္စုစိတ္ဓာတ္ျဖင့္ ကာကြယ္ ေစာင့္ေရွာက္ရမည္ျဖစ္ေၾကာင္း လြတ္လပ္ေရးေန႔သဝဏ္လႊာတြင္ တိုက္တြန္းသည္။

ထို႔အျပင္ ၿငိမ္းခ်မ္းေရးလုပ္ ငန္းစဥ္ေအာင္ျမင္ေရး၊ ဒီမိုကေရ စီဖက္ဒရယ္ျပည္ေထာင္စုျဖစ္ ေပၚေရး၊ တိုင္းရင္းသားညီအစ္ကို ေမာင္ႏွမမ်ားအၾကား သံသယ စိတ္ကင္းစင္ၿပီး ခိုင္မာေသာယုံ ၾကည္မႈတည္ေဆာက္ႏိုင္ေရး၊ ဒီ မိုကေရစီစံခ်ိန္စံၫႊန္းမ်ား၊ လူ႔အ ခြင့္အေရး စံႏႈန္းစံထားမ်ားႏွင့္ ကိုက္ညီၿပီး ႏိုင္ငံေတာ္၏ပကတိ အေျခအေနမ်ားႏွင့္ ဆီေလ်ာ္ သည့္ ဖြဲ႕စည္းပုံအေျခခံဥပေဒျပင္ ဆင္ေရးတို႔ကို ဝိုင္းဝန္းႀကိဳးပမ္း ရန္လည္း သမၼတက တိုက္တြန္း ထားသည္။

ႏိုင္ငံေတာ္တစ္ခုလုံး ဖြံံ့ၿဖိဳးတိုးတက္ရန္ ေဒသတစ္ခုခ်င္းစီ၏ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈက ပဓာနက်ၿပီး ေဒသအလိုက္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္ေအာင္ လုပ္ေဆာင္ၾကရမည္ ျဖစ္ကာ ေဒသတြင္းရွိ အရင္းအျမစ္မ်ားကို အက်ိဳးရွိစြာအသုံးခ်ႏိုင္ေရး၊ ေဒသခံျပည္သူမ်ား၏ အင္အားႏွင့္ ပူးေပါင္းပါဝင္ေဆာင္႐ြက္ေရးသည္ လြန္စြာအေရးႀကီးေၾကာင္း ႏိုင္ငံ ေတာ္သမၼတက ေျပာၾကားသည္။

ယင္းေနာက္ ေဒသအလိုက္ တည္ရွိေနေသာ သဘာဝသယံဇာတႏွင့္အရင္းအျမစ္မ်ားကို ရွာ ေဖြေဖာ္ထုတ္ၿပီး ေဈးကြက္စီးပြား ေရးစနစ္ႏွင့္အညီ ပုဂၢလိကစီး ပြားေရးက႑ ဖြံ႕ၿဖိဳးေအာင္ျမင္ေစ ေရး ဘက္ေပါင္းစုံမွ ကူညီပံ့ပိုးေပး ရမည္ျဖစ္ေၾကာင္း သမၼတက ေျပာသည္။

ထို႔အျပင္ ႏိုင္ငံအတြက္ ႀကီးမားသည့္အႏၲရာယ္ျဖစ္ေသာ မူးယစ္ေဆးဝါးျပႆနာကိုထိ ေရာက္စြာတားဆီးကာကြယ္ေရးကိုလည္း အမ်ိဳးသားေရးတာဝန္တစ္ရပ္အျဖစ္ ဆက္ လက္ေဆာင္ ႐ြက္ရန္ တိုက္တြန္းသည္။

သဝဏ္လႊာနိဂုံးပိုင္းတြင္(၇၂)ႏွစ္ေျမာက္ လြတ္လပ္ေရး ေန႔အမ်ိဳးသားေရး ဦးတည္ခ်က္ ငါးခ်က္ကို အေလးအနက္ခံယူၿပီး တိုင္းရင္းသားအားလုံး ဥမကြဲ သိုက္မပ်က္ေသြးစည္း ညီၫြတ္ စြာ အေကာင္အထည္ေဖာ္ရန္ ခ်စ္ၾကည္ေလးစားစြာ တိုက္တြန္း ေၾကာင္း ေဖာ္ျပထားသည္။

သဝဏ္လႊာတြင္ စုေပါင္းအင္အားဟူေသာ အသုံးအႏႈန္း ႏွစ္ႀကိမ္ပါဝင္ၿပီး စုေပါင္းအင္အားဟု ေျပာမည္ဆိုပါကအျခား ႏိုင္ငံေရးပါတီမ်ား၊အျမင္ကြဲလြဲ ေနသည့္ႏိုင္ငံေရးပါတီ မ်ားႏွင့္ မဟာမိတ္ဖြဲ႕ရန္ လိုအပ္ေၾကာင္း ဦးေမာင္ေမာင္စိုးက သုံးသပ္ သည္။

‘‘ေလာေလာဆယ္အေျခအ ေနမွာေတာ့ မဟာမိတ္ဖြဲ႕တဲ့ေပၚ လစီကို အင္န္အယ္လ္ဒီမွာလည္း မေတြ႕ရေသးဘူး။ အဲဒီအခ်ိန္မွာ စုေပါင္းအင္အားဆိုတာ နည္း နည္းခဲယဥ္းဦး မယ္လို႔ ထင္ပါ တယ္’’ ဟု ၎ကေျပာသည္။

ထို႔အျပင္တိုင္းရင္းသားမ်ား ႏွင့္ညီၫြတ္ေရးတည္ေဆာက္မည္ဆိုပါကလက္ေတြ႕က်သည့္ ေဆြးေႏြးအေျဖရွာမႈမ်ားလိုအပ္ ေၾကာင္းႏွင့္ ေယဘုယ်ဆန္သည့္ တိုင္းရင္းသားစည္း လုံးညီၫြတ္ ေရးဆိုသည္ကို ႏွစ္ေပါင္းမ်ားစြာ ေျပာခဲ့ေၾကာင္း ဦးေမာင္ေမာင္စိုး က မွတ္ခ်က္ျပဳသည္။

Unicode

လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကဲ့သို့ အမျိုးသားညီညွတ်ရေးကို အခြေခံသည့် စုပေါင်းအင်အားဖြင့် ကြိုးပမ်းဆောင်ရွက်ရန် သမ္မတတိုက်တွန်း

လွတ်လပ်ရေးကြိုးပမ်း စဉ်ကာလကဲ့သို့ အမျိုးသားညီ ညွတ်ရေးကို အခြေခံသည့် စု ပေါင်းအင်အားဖြင့် ငြိမ်းချမ်းရေး၊ ဒီမိုကရေစီအသွင်ကူးပြောင်းရေး နှင့် ရေရှည်ဖွံ့ဖြိုး တိုးတက်ရေးအ တွက် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံးက ကြိုးပမ်း ဆောင်ရွက်ကြရန် နိုင်ငံတော် သမ္မတဦးဝင်းမြင့်က တိုက်တွန်း သည်။

ဇန်နဝါရီ ၄ ရက်တွင်ကျ ရောက်သည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားသို့ ပေးပို့သည် သဝဏ်လွှာ၌ နိုင်ငံ တော်သမ္မတက ယင်းသို့ထည့် သွင်းတိုက် တွန်းခြင်းဖြစ်သည်။လက်ရှိအချိန်တွင် နိုင်ငံတော်တည်ငြိမ်အေးချမ်းရေးနှင့်ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဘက်ဘက်မှ အခြေအနေကောင်းများ၊ အလားအလာကောင်း များရရှိ လာနေပြီဖြစ်၍ နိုင်ငံသူ၊ နိုင်ငံ သားများက ညီညွတ်စွာပူးပေါင်း အကောင်အထည်ဖော်ရမည်ဖြစ် ကြောင်း ပြောကြားသည်။

လွတ်လပ်ရေးရရှိပြီးစကာ လမှာပင် စတင်ခဲ့သော နှစ် (၇၀) ကျော်ကြာပြည်တွင်းလက်နက် ကိုင်ပဋိပက္ခသည် နိုင်ငံတော်တည်ဆောက်ရေးအတွက် လိုအပ်သည့် လူ့စွမ်းအားနှင့်သဘာဝအရင်းအမြစ်များကို ချည့်နဲ့စေခဲ့ပြီးဖွံ့ဖြိုးတိုးတက်မှုများနှောင့်နှေး နေဆဲဖြစ်ကြောင်း သမ္မတက ပြောသည်။

‘ယနေ့ကာလသည် အ တိတ်သမိုင်းကို သင်ခန်းစာယူကာ သံသယနှင့် ပဋိပက္ခများကင်းစင် ပပျောက်ပြီး ရေရှည်တည်တံ့ သည့် စစ်မှန်သောငြိမ်းချမ်းရေးရ ရှိရန် တိုင်းရင်းသားညီအစ်ကို မောင်နှမအားလုံး တစ်ဦးနှင့် တစ်ဦးနားလည်မှု၊ ယုံကြည်မှုရရှိ ရေးအတွက် ခိုင်မာသောပြည် ထောင်စုစိတ်ဓာတ်ဖြင့် ကြိုးပမ်း ဆောင်ရွက်လျက်ရှိသည့်အချိန် အခါဖြစ်ပါသည်’ ဟု သမ္မတက ဆိုသည်။

လွတ်လပ်ရေးကြိုးပမ်းစဉ် ကာလကအမျိုးသားညီညွတ်ရေး တည်ဆောက်ခြင်းဆိုသည်မှာ အယူဝါဒမတူသည့်နိုင်ငံရေးပါတီများ၊ တိုင်းရင်းသားများစုစည်း ကာ တပ်ပေါင်း စုတည်ဆောက် ခြင်းဖြစ်ကြောင်းနှင့်လက်ရှိကာ လတွင် ယင်းသို့တပ်ပေါင်းစုတည် ဆောက်ရန်လိုအပ်ကြောင်း နိုင်ငံ ရေးလေ့လာစောင့်ကြည့်သူဦး မောင်မောင်စိုးက မှတ်ချက်ပြု သည်။

‘‘ဆိုလိုတာက တိုင်းရင်းသား တွေနဲ့ရော၊ တိုင်းရင်းသားပါတီ တွေနဲ့ရော စေ့စပ်ဆွေးနွေးအ ဖြေရှာပြီး တပ်ပေါင်းစုတစ်ခု တည်ဆောက်နိုင်မှရမှာ။ တစ်ပါ တီတည်း အင်အားနဲ့တော့ အမျိုး သားညီညွတ်ရေးကို တည် ဆောက်နိုင်မှာ မဟုတ်ဘူးလို့ ထင်ပါတယ်’’ ဟု ၎င်းကသုံးသပ် သည်။ စုပေါင်းခြင်းသည်ပင်လုံစာ ချုပ်မှ စတင်ခြင်းဖြစ်ပြီး ထိုစဉ်က စုပေါင်းမှုသည် တစ်ဦးတစ် ယောက်၊ တစ်စုတစ်ဖွဲ့တည်း အောက်တွင် လျှိုဝင်လုပ်ဆောင် ခြင်းမဟုတ်ဘဲ ကိုယ်စီကိုယ်ငတွင် ကိုယ်ပိုင် အင်အား၊ ကိုယ်ပိုင်စည်း လုံးညီညွတ်မှုများရှိကြောင်း ရှမ်း တိုင်းရင်းသားများဒီမိုကရေစီအ ဖွဲ့ချုပ်ပါတီအထွေထွေအတွင်း ရေးမှူးဦးစိုင်းလိတ်က မှတ်ချက် ပြုသည်။ ‘‘ပြည်ထောင်အချင်းချင်း လာရောက်စုပေါင်းမှ ပြည် ထောင်စုဖြစ်သလို တစ်ဖွဲ့ချင်း၊ လူမျိုးတစ်မျိုးချင်းစီမှာလည်း ကိုယ်ပိုင်ဝိသေသလက္ခဏာတွေ နဲ့ပြည့်စုံပြီး အင်အားတွေတောင့် တင်းခိုင်မာမှ ပြည်ထောင်စုကြီး က တောင့်တင်းခိုင်မာမှာ။ အဲဒီ တော့ အားလုံးစုပေါင်းပြီး တစ် လုံးတစ်စုတည်းဖြစ်တယ်ဆိုတာ က အားလုံးကိုယ် စီကိုယ်ငက ပြီး ပြည့်စုံတဲ့အနေအထားမျိုးရောက် အောင် ဝိုင်းဝန်းကြိုးပမ်းကြရင် ကောင်းလိမ့်မယ်’’ ဟု ၎င်းကဆို သည်။

နိုင်ငံတော်သမ္မတက ဒေသ တွင်းသာမက ကမ္ဘာ့အလယ်၌ ပုံ ရိပ်ကောင်းရှိသည့် အချုပ်အခြာ အာဏာပိုင်နိုင်ငံတစ်ခုဖြစ်လာ စေရေး တိုင်းရင်းသားပြည်သူတစ် ရပ်လုံးက အတိတ်သမိုင်းဖြစ်ရပ် များကို သင်ခန်းစာယူပြီးပြည် ထောင်စုဖွား တိုင်းရင်းသားအ ချင်းချင်း အပြန်အလှန်နားလည် မှု၊ ယုံကြည်မှုနှင့်လေးစားမှုတို့ကို အခြေခံကာ ခိုင်မာသောပြည် ထောင်စုစိတ်ဓာတ်ဖြင့် ကာကွယ် စောင့်ရှောက်ရမည်ဖြစ်ကြောင်း လွတ်လပ်ရေးနေ့သဝဏ်လွှာတွင် တိုက်တွန်းသည်။

ထို့အပြင် ငြိမ်းချမ်းရေးလုပ် ငန်းစဉ်အောင်မြင်ရေး၊ဒီမိုကရေ စီဖက်ဒရယ်ပြည်ထောင်စုဖြစ်ပေါ်ရေး၊တိုင်းရင်းသားညီအစ်ကို မောင်နှမများအကြားသံသယ စိတ်ကင်းစင်ပြီး ခိုင်မာသောယုံ ကြည်မှုတည်ဆောက်နိုင်ရေး၊ ဒီမိုကရေစီစံချိန်စံညွှန်းများ၊ လူ့အ ခွင့်အရေး စံနှုန်းစံထားများနှင့် ကိုက်ညီပြီး နိုင်ငံတော်၏ပကတိ အခြေအနေများနှင့် ဆီလျော် သည့် ဖွဲ့စည်းပုံအခြေခံဥပဒေပြင် ဆင်ရေးတို့ကို ဝိုင်းဝန်းကြိုးပမ်း ရန်လည်း သမ္မတက တိုက်တွန်း ထားသည်။

နိုင်ငံတော်တစ်ခုလုံး ဖွံံ့ဖြိုး တိုးတက်ရန် ဒေသတစ်ခုချင်းစီ၏ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုက ပဓာနကျပြီး ဒေသအလိုက် စီး ပွားရေးဖွံ့ဖြိုးတိုးတက်အောင် လုပ်ဆောင်ကြရ မည်ဖြစ်ကာဒေသတွင်းရှိ အရင်းအမြစ်များကို အကျိုးရှိစွာအသုံးချနိုင်ရေး၊ဒေသခံပြည်သူများ၏ အင်အားနှင့် ပူးပေါင်းပါဝင်ဆောင်ရွက်ရေးသည် လွန်စွာအရေး ကြီး ကြောင်း နိုင်ငံ တော်သမ္မတက ပြောကြားသည်။

ယင်းနောက်ဒေသအလိုက် တည်ရှိနေသောသဘာဝသယံ ဇာတနှင့်အရင်းအမြစ်များကိုရှာဖွေဖော်ထုတ်ပြီး ဈေးကွက်စီးပွားရေးစနစ်နှင့်အညီပုဂ္ဂလိကစီးပွားရေး ကဏ္ဍဖွံ့ဖြိုးအောင်မြင်စေ ရေး ဘက်ပေါင်းစုံမှ ကူညီပံ့ပိုးပေး ရမည်ဖြစ်ကြောင်း သမ္မတက ပြောသည်။

ထို့အပြင် နိုင်ငံအတွက် ကြီးမားသည့် အန္တရာယ်ဖြစ်သော မူး ယစ်ဆေးဝါးပြဿနာကို ထိ ရောက်စွာတားဆီးကာကွယ်ရေး ကိုလည်း အမျိုးသားရေးတာဝန် တစ်ရပ် အဖြစ် ဆက်လက်ဆောင် ရွက်ရန် တိုက်တွန်းသည်။

သဝဏ်လွှာနိဂုံးပိုင်းတွင် (၇၂)နှစ်မြောက် လွတ်လပ်ရေး နေ့အမျိုးသားရေး ဦးတည်ချက် ငါးချက်ကို အလေးအနက်ခံယူပြီး တိုင်းရင်းသားအားလုံး ဥမကွဲ သိုက်မပျက် သွေးစည်းညီညွတ် စွာ အကောင်အထည်ဖော်ရန် ချစ်ကြည်လေးစားစွာ တိုက်တွန်း ကြောင်း ဖော်ပြထားသည်။

သဝဏ်လွှာတွင် စုပေါင်း အင်အားဟူသော အသုံးအနှုန်း နှစ်ကြိမ်ပါဝင်ပြီး စုပေါင်းအင် အားဟု ပြောမည်ဆိုပါက အခြား နိုင်ငံရေးပါတီများ၊ အမြင်ကွဲလွဲ နေသည့်နိုင်ငံ ရေးပါတီများနှင့် မဟာမိတ်ဖွဲ့ရန် လိုအပ်ကြောင်း ဦးမောင်မောင်စိုးက သုံးသပ် သည်။

‘‘လောလောဆယ်အခြေအ နေမှာတော့ မဟာမိတ်ဖွဲ့တဲ့ပေါ် လစီကို အင်န်အယ်လ်ဒီမှာလည်း မတွေ့ရသေးဘူး။ အဲဒီအချိန်မှာ စုပေါင်းအင်အားဆိုတာ နည်း နည်းခဲ ယဉ်းဦးမယ်လို့ ထင်ပါ တယ်’’ ဟု ၎င်းကပြောသည်။

ထို့အပြင်တိုင်းရင်းသားများ နှင့်ညီညွတ်ရေးတည်ဆောက် မည်ဆိုပါကလက်တွေ့ကျသည့်ဆွေးနွေးအဖြေရှာမှုများ လိုအပ်ကြောင်းနှင့်ယေဘုယျဆန်သည့် တိုင်းရင်း သားစည်းလုံးညီညွတ် ရေးဆိုသည်ကို နှစ်ပေါင်းများစွာ ပြောခဲ့ကြောင်း ဦးမောင်မောင်စိုး က မှတ်ချက်ပြုသည်။

====================================

END / 251