၆ ဇန်နဝါရီ ၂၀၂၀ - ၁၈:၃၈
ပင္လုံေက်ာက္တိုင္ရွိျပည္မေတာင္တန္းစာသားကိုေတာင္တန္းျပည္မဟု  ျပင္ဆင္ထြင္းထုမည္ျပင္ဆင္ထြင္းထုမည့္စာသားကို ႏိုင္ငံပိုင္သတင္းစာက မွာ

ရွမ္းျပည္နယ္ေတာင္ပိုင္း လြိဳင္လင္ၿမိဳ႕နယ္ပင္လုံၿမိဳ႕ရွိ ျပည္ ေထာင္စုေက်ာက္တိုင္ေပၚ တြင္ ထြင္းထုထားေသာ ျပည္မ ေတာင္တန္းပူးေပါင္းေရး စာခ်ဳပ္ ေက်ာက္တိုင္စာသားအား ေတာင္တန္းျပည္မပူးေပါင္းေရးေက်ာက္တိုင္ဟု ျပန္လည္ ျပင္ဆင္ထြင္းထု မည္ျဖစ္ေၾကာင္း ႏိုင္ငံပိုင္သတင္း စာ ေဖာ္ ျပခ်က္ႏွင့္ SNLD တာဝန္ ရွိသူတို႔က ေျပာ သည္။

အဲဟ္ေလ့ဘိုက္(သ) (အလိုင္ေဟမြစ္စလာမ္) သတင္းဌာန ၊ အဗ္နာ

Zawgyi


ရွမ္းျပည္နယ္ေတာင္ပိုင္း လြိဳင္လင္ၿမိဳ႕နယ္ပင္လုံၿမိဳ႕ရွိ ျပည္ေထာင္စုေက်ာက္တိုင္ေပၚ တြင္ ထြင္းထုထားေသာ  ျပည္မ ေတာင္တန္းပူးေပါင္းေရး စာခ်ဳပ္ ေက်ာက္တိုင္  စာသား အား ေတာင္တန္းျပည္မပူးေပါင္းေရးေက်ာက္တိုင္ဟု ျပန္လည္ျပင္ဆင္ထြင္းထု မည္ျဖစ္ေၾကာင္း  ႏိုင္ငံပိုင္သတင္း စာ ေဖာ္ျပခ်က္ႏွင့္  SNLD တာဝန္ ရွိသူတို႔က ေျပာ သည္။

စာသား ျပန္လည္ထြင္းထု မည့္လုပ္ငန္းကို လာမည့္ ေဖေဖာ္ဝါရီတြင္ က်ေရာက္မည့္ (၇၃)ႏွစ္ ေျမာက္ ျပည္ေထာင္စုေန႔အမီ ေဆာင္႐ြက္မည့္ အေျခအေနကို ဇန္နဝါရီ ၂ ရက္ က လြိဳင္လင္ၿမိဳ႕ နယ္ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီး ဌာန၌  ညႇိႏႈိင္းအစည္းအေဝး ျပဳလုပ္ၿပီး ယင္းအစည္းအေဝး ျပဳလုပ္ေၾကာင္း သတင္းကို ေၾကးမုံသတင္းစာ၌ ေဖာ္ျပထား သည္။

သို႔ရာတြင္ ေၾကးမုံသတင္း စာ၏ ေဖာ္ျပခ်က္၌ အမည္ကိုေရွ႕ေနာက္လြဲမွား ေဖာ္ျပထား ေၾကာင္း၊ လက္ရွိ ျပည္မေတာင္ တန္းဟူေသာ စာသားေနရာတြင္ ေတာင္တန္းျပည္မ ဟူေသာစာသား ထြင္းထုရမည္ျဖစ္ေသာ္ လည္း ေၾကးမုံသတင္းစာ၌ ေတာင္တန္းျပည္မမွ ျပည္မေတာင္တန္း ဟု မွားယြင္းေဖာ္ျပထားသည္ဟု ရွမ္းႏိုင္ငံေရးပါတီ SNLD ေျပာ ေရးဆို ခြင့္ရွိသူ ဦးစိုင္းလိတ္က ဆိုသည္။

ထိုသို႔ ႏိုင္ငံပိုင္သတင္းစာက စာသား ေရွ႕ေနာက္လြဲမွား ေဖာ္ျပထားျခင္းကို ထင္ရွားစြာ ျပင္ဆင္ ခ်က္ေဖာ္ျပေပးရန္ ၎က ေတာင္းဆိုသည္။

‘‘လြတ္လပ္ေရးေက်ာက္တိုင္ဆိုတာ ျပည္ေထာင္စုႀကီးျဖစ္ ေပၚလာဖို႔အတြက္ကို အင္မတန္အေရးႀကီးတဲ့ အထိမ္းအမွတ္ေက်ာက္တိုင္ႀကီးတစ္ခု ျဖစ္တယ္။ဒါဟာသမိုင္းဝင္ အေမြအႏွစ္ျဖစ္တယ္။ဒီအေပၚမွာ ေတာက္ေလွ်ာက္မွားလာတဲ့ဟာကို ျပန္ျပင္တာ။ ျပန္ျပင္တဲ့ၾကားကအခုလိုႏိုင္ငံပိုင္သတင္းစာကထပ္မံမွားယြင္းၿပီး ေဖာ္ျပတယ္ဆိုတာ ဒါလုံးဝ မျဖစ္သင့္တဲ့ ကိစၥ’’ဟု ဦးစိုင္းလိတ္က ေျပာသည္။

သမိုင္းဝင္ ျပည္ေထာင္စုႏွင့္သက္ဆိုင္ေသာ လြတ္လပ္ေရးအ တြက္အေရးႀကီးေသာပင္လုံကတိကဝတ္ခ်ဳပ္ဆိုခဲ့ရာေနရာ အထိမ္းအမွတ္ေက်ာက္တိုင္ျဖစ္သျဖင့္ ျပည္မေတာင္ တန္းပူး ေပါင္းေရးေက်ာက္တိုင္ဟု ေရးထိုးျခင္းအေပၚ ေတာင္တန္း ျပည္မပူးေပါင္းေရးေက်ာက္တိုင္ဟုျပင္ဆင္ေရးထြင္းရန္SNLDျပည္နယ္လႊတ္ေတာ္အမတ္စိုင္းလင္းျမတ္က ရွမ္းျပည္နယ္လႊတ္ ေတာ္သို႔ ေမးခြန္းေမးျမန္းခဲ့သည္။

ယင္းႏွင့္ပတ္သက္၍ ၂၀၁၉ ဒီဇင္ဘာ ၆ ရက္က က်င္းပသည့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ အစည္းအေဝးတြင္ မူလအတိုင္း ေတာင္တန္းျပည္မဟု ျပင္ဆင္သင့္ေၾကာင္း ဆုံးျဖတ္ ခဲ့ၿပီး လာမည့္ ျပည္ေထာင္စုေန႔အမီ ျပန္လည္ျပင္ဆင္မည္ ျဖစ္ေၾကာင္း ရွမ္းျပည္နယ္စည္ ပင္သာယာေရးဝန္ႀကီး ဦးစိုင္းစြံ ဆိုင္းက ေျဖၾကားသည္။

Unicode

ပင်လုံကျောက်တိုင်ရှိပြည်မတောင်တန်းစာသားကိုတောင်တန်းပြည်မဟု ပြင်ဆင်ထွင်းထုမည်ပြင်ဆင်ထွင်းထုမည့်စာသားကို နိုင်ငံပိုင်သတင်းစာကမှားယွင်းဖော်ပြ ၍ ထင်ရှားစွာ ပြင်ဆင်ပေးရန် တောင်းဆို

ရှမ်းပြည်နယ်တောင်ပိုင်းလွိုင်လင်မြို့နယ်ပင်လုံမြို့ရှိ ပြည်ထောင်စုကျောက်တိုင်ပေါ်တွင်ထွင်းထုထားသော  ပြည်မတောင်တန်းပူးပေါင်းရေးစာချုပ်ကျောက်တိုင်  စာသား အားတောင်တန်းပြည်မ ပူးပေါင်းရေးကျောက်တိုင်ဟု ပြန်လည်ပြင်ဆင်ထွင်းထု မည်ဖြစ်ကြောင်း  နိုင်ငံပိုင်သတင်း စာ ဖော်ပြချက်နှင့်  SNLD တာဝန် ရှိသူတို့က ပြော သည်။

စာသား ပြန်လည်ထွင်းထုမည့်လုပ်ငန်းကိုလာမည့်ဖေဖော်ဝါရီတွင် ကျရောက်မည့် (၇၃)နှစ် မြောက် ပြည်ထောင်စုနေ့အမီဆောင်ရွက်မည့် အခြေအနေကိုဇန်နဝါရီ ၂ ရက်က လွိုင်လင်မြို့ နယ် အထွေထွေအုပ်ချုပ်ရေးဦးစီး ဌာန၌  ညှိနှိုင်းအစည်းအဝေး ပြုလုပ်ပြီး ယင်းအစည်းအဝေး ပြုလုပ်ကြောင်း သတင်းကို ကြေးမုံသတင်းစာ၌ ဖော်ပြ ထားသည်။

သို့ရာတွင် ကြေးမုံသတင်းစာ၏ဖော်ပြချက်၌ အမည်ကိုရှေ့နောက်လွဲမှား ဖော်ပြထားကြောင်း၊လက်ရှိ ပြည်မတောင်တန်းဟူသောစာသားနေရာတွင် တောင်တန်းပြည်မ ဟူသော စာသား ထွင်းထုရမည်ဖြစ်သော် လည်း ကြေးမုံသတင်းစာ၌ တောင်တန်းပြည်မမှ ပြည်မတောင်တန်း ဟု မှားယွင်းဖော်ပြထားသည်ဟု ရှမ်းနိုင်ငံရေးပါတီ SNLD ပြော ရေးဆိုခွင့်ရှိသူ ဦးစိုင်းလိတ်က ဆိုသည်။

ထိုသို့ နိုင်ငံပိုင်သတင်းစာက စာသား ရှေ့နောက်လွဲမှား ဖော်ပြထားခြင်းကို ထင်ရှားစွာ ပြင်ဆင် ချက်ဖော်ပြပေးရန် ၎င်းက တောင်းဆိုသည်။

‘‘လွတ်လပ်ရေးကျောက်တိုင်ဆိုတာ ပြည်ထောင်စုကြီးဖြစ်ပေါ်လာဖို့အတွက်ကိုအင်မတန်အရေးကြီးတဲ့ အထိမ်းအမှတ်ကျောက်တိုင်ကြီးတစ်ခု ဖြစ်တယ်။ဒါဟာ သမိုင်း ဝင်အမွေအနှစ်ဖြစ်တယ်။ဒီအပေါ်မှာတောက်လျှောက်မှားလာတဲ့ဟာ ကိုပြန်ပြင်တာ။ပြန်ပြင်တဲ့ကြားကအခုလိုနိုင်ငံပိုင်သတင်းစာကထပ်မံမှားယွင်းပြီး ဖော်ပြတယ်ဆို တာ ဒါလုံးဝမဖြစ်သင့်တဲ့ ကိစ္စ’’ဟု ဦးစိုင်းလိတ်က ပြောသည်။

သမိုင်းဝင် ပြည်ထောင်စုနှင့် သက်ဆိုင်သော လွတ်လပ်ရေးအ တွက်အရေးကြီးသော ပင်လုံကတိကဝတ်ချုပ်ဆိုခဲ့ရာနေရာ အထိမ်းအမှတ်ကျောက်တိုင်ဖြစ်သဖြင့် ပြည် မတောင်တန်း ပူးပေါင်းရေးကျောက်တိုင်ဟု ရေးထိုးခြင်းအပေါ် တောင်တန်း ပြည်မပူးပေါင်းရေးကျောက်တိုင်ဟု ပြင်ဆင်ရေးထွင်းရန် SNLDပြည်နယ် လွှတ်တော် အမတ် စိုင်းလင်းမြတ်က ရှမ်းပြည်နယ်လွှတ် တော်သို့ မေးခွန်းမေးမြန်းခဲ့သည်။

ယင်းနှင့်ပတ်သက်၍ ၂၀၁၉ ဒီဇင်ဘာ ၆ ရက်ကကျင်းပသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့အစည်းအဝေးတွင်မူလအတိုင်းတောင်တန်းပြည်မဟုပြင်ဆင်သင့်ကြောင်း ဆုံး ဖြတ်ခဲ့ပြီး လာမည့် ပြည်ထောင်စုနေ့အမီ ပြန်လည်ပြင်ဆင်မည် ဖြစ်ကြောင်း ရှမ်းပြည်နယ်စည် ပင်သာယာရေးဝန်ကြီး ဦးစိုင်းစွံ ဆိုင်းက ဖြေကြားသည်။

====================================

END / 251