-
ယီမင်စစ်ပွဲတွင် ဆော်ဒီအာရေဗျနှင့် ပူးပေါင်းပါဝင်ခြင်းသည် ကြီးလေးသော အကျိုးဆက်များ ဖြစ်ပေါ်စေလိမ့်မည် / ဟူသီခေါင်းဆောင်
ယီမင်နိုင်ငံရှိ အန်ဆွာရိုလ္လာဟ် ခေါင်းဆောင် ဆယက်ဒ် အဗ်ဒိုလ်မလစ်က် အလ်ဟူစီ က ယီမင်အပေါ် ဆော်ဒီဦးဆောင်သော မဟာမိတ်အဖွဲ့၏ တိုက်ခိုက်မှုများကို ဝေဖန်ရှုတ်ချခဲ့ပြီး ယီမင်ပြည်သူများအပေါ် စစ်ပွဲဆင်နွှဲရာတွင် မည်သည့်ပုံစံဖြင့်မဆို ပါဝင်ပူးပေါင်းခြင်းသည် ကြီးလေးသော တာဝန်ယူမှုနှင့် အကျိုးဆက်များကို ဖြစ်ပေါ်စေလိမ့်မည်ဟု သတိပေးပြောကြားခဲ့ပါတယ်။ ထို့အပြင် ၎င်းက ဆော်ဒီအာရေဗျအပေါ် အမေရိကန်၏ ထောက်ခံပံ့ပိုးမှုကို ဝေဖန်ခဲ့ပြီး ယီမင်အပေါ် ကျူးကျော်တိုက်ခိုက်မှုများကို ဆက်လက်ခုခံသွားမည်ဖြစ်ကြောင်းနှင့် ပါလက်စတိုင်းပြည်သူများကို ဆက်လက်ထောက်ခံသွားမည်ဖြစ်ကြောင်း အလေးပေးပြောကြားခဲ့ပါတယ်။
-
အမေရိကန် ယာယီတာဝန်ခံ၏ စကာဒူခရီးစဉ်အပေါ် ပြည်သူများ အကြီးအကျယ် ဆန္ဒပြ
အမေရိကန် ယာယီတာဝန်ခံသည် ယမန်နေ့က ပါကစ္စတန်နိုင်ငံ၊ ဘာလ်တစ္စတန်ဒေသရှိ စကာဒူမြို့သို့ သွားရောက်ခဲ့ပါတယ်။ ယင်းခရီးစဉ်အကြောင်း ပြည်သူများ သိရှိသွားသောအခါ မြို့အနှံ့အပြားတွင် အကြီးအကျယ် ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပါတယ်။
-
အစ္စရေး နိုင်ငံကူး လက်မှတ် ကိုင်ဆောင်သူများ ကိုအချို့ နိုင်ငံများ မှ ဝင်ခွင့် ပိတ်ပင်
အစ္စရေးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ၏ ဝင်ရောက်ခွင့်ကို ပိတ်ပင်ထားခြင်း သို့မဟုတ် ကန့်သတ်ထားခြင်းရှိသည့် နိုင်ငံများအနက် အာရှ၊ အရှေ့အလယ်ပိုင်းနှင့် အာဖရိကဒေသရှိ နိုင်ငံများ ပါဝင်နေကြောင်း သတင်းဖော်ပြချက်များအရ သိရပါတယ်။ အဆိုပါကန့်သတ်ချက်အချို့သည် အစ္စရေးနှင့် သံတမန်ဆက်ဆံရေးအခြေအနေများနှင့် ဆက်စပ်နေပြီး မော်လ်ဒိုက်နိုင်ငံကလည်း ၂၀၂၅ ခုနှစ် ဧပြီလတွင် အစ္စရေးနိုင်ငံကူးလက်မှတ်ကိုင်ဆောင်သူများ ဝင်ရောက်ခွင့်ကို ပိတ်ပင်ခဲ့ပါတယ်။
-
မိဘများသည် မိမိတို့၏ သားသမီးများကို ပြုစုပျိုးထောင်ခြင်းနှင့် ၎င်းတို့၏ စိတ်ခံစားမှုများအပေါ် မည်မျှအထိ တာဝန်ရှိသနည်း?
အထက်ပါ ခေါင်းစဥ် လေး ကို ရှဟီးဒ် ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆယက်ဒ် အလီ ခါမေနာအီ ၏ အတွေးအမြင်တွင် ကလေးပြုစုပျိုးထောင်ရေး (ကလေးပြုစုပျိုးထောင်ရေးဆိုင်ရာ စာအုပ်) မှ ကော်နုတ်တင်ပြလိုက်ပါတယ်။
-
တူရကီဝန်ကြီးချုပ်ဟောင်းသည် ဟဇရသ် အဘူလ်ဖွဇ်လ်အဘာစ် (အ.စ) ၏ရောင်ဇာတော် မြတ် တွင် ဇေယာရသ် ပြုလုပ် ။ ။ Photos
အဗ်နာ ။ ။ အဲဟ်မဒ် ဒါဝူဒ်အိုဂ်လူ ၊ တူရကီနိုင်ငံ၏ ဝန်ကြီးချုပ်ဟောင်းသည် ကရ်ဗလာမုအလာ မြို့သို့ ရောက်ရှိခဲ့ပြီးဟဇရသ် အဘူလ်ဖွဇ်လ်အဘာစ် (အ.စ) ၏ရောင်ဇာတော် မြတ်သို့ လာရောက် ဇေယာရသ် ပြုခဲ့ပါတယ်။ ထို့အပြင် ရောင်ဇာတော် မြတ် မှ ဇေယာရသ် ပြုသူများနှင့် လူမှုအသိုင်းအဝိုင်းအတွက် ဆောင်ရွက်နေသော စီမံကိန်းများနှင့် ဝန်ဆောင်မှုများကိုလည်း လေ့လာကြည့်ရှုခဲ့ကြပါတယ်။
-
အီရတ်က ဆီးရီးယား ISIS အဖွဲ့ဝင် ၄,၀၀၀ ကို ဂျောင်လာနီ အစိုးရ အဖွဲ့ ထံ လွှဲပြောင်းပေးရန် ငြင်းဆို
အီရတ် အမျိုးသားလုံခြုံရေးအကြံပေးက “ဆီးရီးယားနိုင်ငံသားများဖြစ်ကြသည့် ISIS အကျဉ်းသား ၄,၀၀၀ ခန့်ကို လွှဲပြောင်းပေးရန် ဂျောင်လာနီ အစိုးရဘက်က တောင်းဆိုမှုကို ကျွန်တော်တို့ ငြင်းဆိုခဲ့ပါတယ်” ဟု ပြောကြားခဲ့ပါတယ်။
-
အီရန် ပါလီမန်ကိုယ်စားလှယ်အဖွဲ့နှင့် အိုမန်လွှတ်တော်ဥက္ကဋ္ဌ တွေ့ဆုံ ။ ။ Photos
အဗ်နာ ။ ။ မန်နူချဲမွတ်သကီ နှင့် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ အီရန်၏ ပါလီမန်ကိုယ်စားလှယ်အဖွဲ့ဝင်များသည် ၂၀၂၆ခုနှစ် အောက်တိုဘာလ ၅ ရက်နေ့ တွင် တန်ဇန်းနီးယားနိုင်ငံ၌ ကျင်းပသည့် အပြည်ပြည်ဆိုင်ရာ လွှတ်တော်များသမဂ္ဂ (IPU) ၏ ၁၅၃ ကြိမ်မြောက် အစည်းအဝေးအတွင်း၊ အိုမန်လွှတ်တော်ဥက္ကဋ္ဌ ရှိက်ခ် ခါလစ်ဒ် ဘင်န် ဟီလာလ် ဘင်န် နာဆေရ် အယ်လ်မအူလီ နှင့် တွေ့ဆုံ၍ ဆွေးနွေးခဲ့ကြပါတယ်။
-
"ငါတို့ နှင့် မင်းတို့ကြားက အကွာအဝေးကို ငါတို့ ၏ ဒုံးကျည်များက ဆုံးဖြတ်လိမ့်မည်" / ဗိုလ်ချုပ်ကြီးအစ်ဗ်နိုရ်ရေဇာ
အီရန် ကာကွယ်ရေး နှင့် လက်နက်ကိုင်တပ်ဖွဲ့များ ပံ့ပိုးကူညီရေး ဝန်ကြီးဌာန၏ ယာယီဝန်ကြီးက ရန်သူများအား ရည်ရွယ်၍ "ငါတို့နှင့် မင်းတို့ကြားက အကွာအဝေးကို ငါတို့၏ ဒုံးကျည်များက ဆုံးဖြတ်လိမ့်မည်။ မနေ့က အိုမန်ပင်လယ်ပြင်၊ ဒီနေ့ အိန္ဒိယသမုဒ္ဒရာ၊ မနက်ဖြန်မှာတော့ ဝက်အော်ပင်လယ်ကွေ့ (Bay of Pigs) ဖြစ်လာလိမ့်မယ်။ အမှားတစ်ခုခု ကျူးလွန်မိပါက ကမ္ဘာ့မြေပုံအသစ်တစ်ခုကို မင်းတို့ တွေ့မြင်ရလိမ့်မည်" ဟု ပြောကြားခဲ့ပါတယ်။
-
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) ၏ အနှစ်ချုပ် ဆုံးမစကား
ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဗဲဟ်ဂျသ် (ရ.ဟ) ၏ အနှစ်ချုပ် ဆုံးမစကား ကို ကြည့်ရှုနေသည့် ချစ်ပရိတ်သတ်များအတွက် လိုက်နာနိုင်ရန် သို့မဟုတ် ဗဟုသုတ ရနိုင်ရန် တင်ပြလိုက်ကြပါတယ်။