-
ဆော်ဒီအာရေဗျသည် လုံခြုံရေးအခြေအနေကြောင့် ၂၀၂၇ အာရှဖလား ဘောလုံးပြိုင်ပွဲ အိမ်ရှင်အဖြစ် လက်လွှတ်ရတော့မည်လား?
ဆော်ဒီအာရေဗျနိုင်ငံသည် အာရှဖလား ဘောလုံးပြိုင်ပွဲကို ပထမဆုံးအကြိမ် အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိခဲ့သော်လည်း ယခုအခါ လုံခြုံရေးအခြေအနေကြောင့် အိမ်ရှင်အဖြစ်မှ ဖယ်ရှားရန် တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်၏ ကြိုးပမ်းမှုနှင့် ရင်ဆိုင်နေရပါတယ်။
-
အီရန် ၏ စွမ်းဆောင်ရည်များနှင့် အရင်းအမြစ်များအကြောင်း ကမ္ဘာတစ်ဝန်းတွင် ပြောဆိုနေကြသည်ဟု ဗိုလ်ချုပ်ကြီး စယာရီ ပြောကြား
အီရန်နိုင်ငံ၏ စွမ်းဆောင်ရည်များနှင့် အရင်းအမြစ်များသည် ကမ္ဘာတစ်ဝန်းတွင် လူပြောများလျက်ရှိကြောင်း အီရန်စစ်တပ်၏ ဒုတိယညှိနှိုင်းရေးမှူးက ပြောကြားခဲ့ပါတယ်။ ထို့အပြင် ရန်သူက အီရန်နိုင်ငံအပေါ် ထပ်မံ၍ တစ်စုံတစ်ရာ လုပ်ဆောင်လာပါက ၎င်းတို့၏ စစ်သင်္ဘောများကို ပစ်မှတ်ထား တိုက်ခိုက်သွားမည်ဟုလည်း ပြောဆိုခဲ့ပါတယ်။
-
လောင်စာဆီဈေးနှုန်း မြင့်တက်ရသည့် အကြောင်းရင်းကို ထရမ့်တစ်ဦးတည်းသာ မသိဟု ဆို
ကမ္ဘာတစ်ဝန်းရှိ အာဏာပိုင်များက စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာရခြင်းသည် ဟော်မုဇ်ရေလက်ကြား ပိတ်ထားခြင်းကြောင့်ဟု ယူဆကြသော်လည်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်အချို့ကမူ ဟော်မုဇ်ရေလက်ကြားသည် ဖွင့်လျက်ရှိပြီး လောင်စာဆီဈေးနှုန်း မြင့်တက်မှုနှင့်လည်း သက်ဆိုင်ခြင်းမရှိဟု ပြောဆိုနေကြပါတယ်။
-
အီရန်နှင့် ဆော်ဒီနိုင်ငံခြားရေးဝန်ကြီးများ တယ်လီဖုန်းဖြင့် ဆွေးနွေး
အီရန်နိုင်ငံခြားရေးဝန်ကြီး ဆယက်ဒ် အဘာစ် အီရတ်က်ကျီ နှင့် ဆော်ဒီအာရေဗျနိုင်ငံခြားရေးဝန်ကြီး ဖိုင်ဇလ် ဘင်န် ဖရ်ဟာန် တို့သည် ဒေသတွင်းတင်းမာမှုများ မြင့်တက်လာခြင်းနှင့် လက်ရှိဖြစ်ပေါ်နေသော အခြေအနေများကို တယ်လီဖုန်းဖြင့် ဆွေးနွေးဖလှယ်ခဲ့ကြပါတယ်။ ဆယက်ဒ် အဘာစ် အီရတ်က်ကျီ က စစ်ရေးနည်းလမ်းကိုသာ အားကိုးခြင်းနှင့် နိုင်ငံရေးအဖြေရှာမှုကို လျစ်လျူရှုခြင်းသည် အခြေအနေကို ပိုမိုရှုပ်ထွေးစေမည်ဟု သတိပေးပြောကြားခဲ့ပါတယ်။
-
ဂျီဘူတီ မှ ယီမင်သို့ သွားရာလမ်းကြောင်းတွင် လှေကြီးတိမ်းမှောက်မှုကြောင့် ရွှေ့ပြောင်းဝင်ရောက်သူ အနည်းဆုံး ၁၃၉ ဦး သေဆုံး
အပြည်ပြည်ဆိုင်ရာ ရွှေ့ပြောင်းနေထိုင်မှုအဖွဲ့ (IOM) ၏ ထုတ်ပြန်ချက်အရ ဂျီဘူတီကမ်းရိုးတန်းအနီး လူ ၃၀၅ ဦး တင်ဆောင်လာသည့် လှေကြီးတစ်စင်း တိမ်းမှောက်ခဲ့ရာ ကလေး ၁၅ ဦးအပါအဝင် အနည်းဆုံး ၁၃၉ ဦး သေဆုံးခဲ့ပြီး လူအများအပြား ပျောက်ဆုံးနေကြောင်းသိရပါတယ်။
-
ဟော်မုဇ်ရေလက်ကြားတွင် ဒုတိယမြောက် စူပါတင်သင်္ဘောတစ်စင်း ပင်လယ်မိုင်းနှင့် တိုက်မိခဲ့ကြောင်း အီရန်တော်လှန်ရေးအစောင့်တပ်ဖွဲ့ ပြောကြား
အီရန်အစ္စလာမ်မစ်တော်လှန်ရေးအစောင့်တပ်ဖွဲ့ (အိုင်အာရ်ဂျီစီ) ၏ ရေတပ် ပြည်သူ့ဆက်ဆံရေးဌာနက တနင်္ဂနွေနေ့ နံနက်ပိုင်းတွင် ဟော်မုဇ်ရေလက်ကြား၏ တောင်ပိုင်း၌ စူပါတင်သင်္ဘောတစ်စင်းသည် ပင်လယ်မိုင်းတစ်လုံးနှင့် တိုက်မိခဲ့ပြီးနောက် အင်ဂျင်ခန်းအတွင်း ပေါက်ကွဲမှုဖြစ်ကာ မီးလောင်ကျွမ်းခဲ့ကြောင်း ကြေညာခဲ့ပါတယ်။