အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ အစိရင်ခံစာအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်းသည် သမ္မတတာဝန်ယူပြီးနောက် ပါကစ္စတန်သို့ ပထမဆုံးလာရောက်လည်ပတ်ခြင်း ဖြစ်ပါ တယ်။
ပါကစ္စတန် မီယီယာ သတင်းရင်းမြစ်တွေရဲ့ အဆိုအရ ပါကစ္စတန် ၀န်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် ဟာ သတ်မှတ် ထားတဲ့ စည်းကမ်းများ၊ စနစ်များ နှင့် အညီ လေဆိပ်မှာ ကြိုဆိုဖို့ ဆုံးဖြတ်ခဲ့တယ်လို့ ယုံကြည်ရတဲ့ အစိုးရ သတင်းရင်းမြစ်တွေက ပြောကြောင်း သိရပါတယ်။
မကြာသေးမီက အစ္စရေးက အီရန်အပေါ် ရန်စမှုအတွင်း ပါကစ္စတန် ၏ ပံ့ပိုးကူညီမှု အခန်းကဏ္ဍအတွက် ကျေးဇူးတင် သည့် အနေဖြင့် အီရန် သမ္မတ မှ ပါကစ္စတန်သို့ လာရောက်လည်ပတ်မှု ဖြစ်ကြောင်း ပါကစ္စတန် မီဒီယာများက ရေးသားဖော်ပြထားကြပါတယ်။
အဆိုပါအစီရင်ခံစာအရ ပါကစ္စတန်နိုင်ငံသို့ လာမည့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ သမ္မတ ဒေါက်တာ မတ်စ်အူဒ် ဘေဇစ်ရှ် ဂီယန်း ၏ ခရီးစဉ်အတွင်း ပါကစ္စတန်သမ္မတ အာဆစ်ဖ်အလီ ဇရ်ဒါရီ နှင့် ပါကစ္စတန် ဝန်ကြီးချုပ် ရှာဗါဇ်ရှရစ်ဖ် ၊ အခြားခေါင်းဆောင်များနှင့် ပါကစ္စတန် စစ်ဦးစီးချုပ် အာဆင်မ်မုနီး တွေ့ဆုံ မည် ဖြစ်ပါတယ်။
အီရန်သမ္မတ၏ ခရီးစဉ်အတွင်း အီရန်နှင့် ပါကစ္စတန်ကြား စာချုပ်စာတမ်း အများအပြားကိုလည်း လက်မှတ် ရေးထိုး ရမည် ဖြစ်ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment