၃၁ ဇူလိုင် ၂၀၂၅ - ၀၁:၃၄
အီရန် တိုက်ခိုက်မှုကို ကြိုးကိုင်သူ အမေရိကန်  ဗိုလ်အား  ပါကစ္စတန်က အမြင့်ဆုံးစစ်တပ်ဆု ချီးမြှင့်

ပါကစ္စတန်သမ္မတသည် အမေရိကန်၏ စစ်ဘက်ဆိုင်ရာ အကြမ်းဖက်ခေါင်းဆောင်အား စစ်တပ်၏ အမြင့်ဆုံး ဆုချီးမြှင့်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahartv အစီရင်ခံစာ အရ ပါကစ္စတန်သမ္မတ အာဆစ်ဖ်အလီ ဇရ်ဒါရီ သည် ဒေသတွင်းလုံခြုံရေးနှင့် ကာကွယ်ရေးဆိုင်ရာ ဆက်ဆံရေးတွင် ထူးထူးခြားခြား ပံ့ပိုးကူညီမှုများကို အသိအမှတ်ပြုသည့်အနေဖြင့် အမေရိကန် ဗဟိုအကြမ်းဖက်မှုနှိမ်နင်းရေးဌာနချုပ်မှ အမေရိကန်ဗိုလ်ချုပ်ကြီး Michael Corella အား နိုင်ငံ၏ အမြင့်ဆုံး စစ်ရေးအလှဆင် (စစ်တပ်) ကို ချီးမြှင့်ခဲ့ပါတယ်။

ပါကစ္စတန်စစ်တပ်က ဆုပေးပွဲအခမ်းအနားကို သမ္မတအိမ်တော်မှာ ကျင်းပခဲ့ပါတယ်။ ဗိုလ်ချုပ်ကြီး Michael Eric Corella သည် အစ္စလမ်မာဘတ်မြို့၌ ဒေသဆိုင်ရာ ကာကွယ်ရေးဦးစီးချုပ်များ ညီလာခံ၌ ၎င်း၏နိုင်ငံကို ကိုယ်စား ပြု ပြီး ဗဟိုအာရှနိုင်ငံ လေးခုမှ စစ်ဦးစီးအရာရှိများ တက်ရောက်ခဲ့ပါတယ်။

အီရန်ပါလီမန်သည် CENTCOM ဒေသရှိ အမေရိကန် ကွပ်ကဲမှုဗဟိုဌာနနှင့် ၎င်း၏တပ်မှူးအား နှစ်အတော် ကြာကပင် အကြမ်းဖက်တပ်မှူးများအဖြစ် တရားဝင် သတ်မှတ်ခဲ့သည်မှာ မှတ်သား ဖွယ်ကောင်း ပါတယ်။

အီရန်နျူကလီးယားစက်ရုံများကို မကြာသေးမီက အမေရိကန်က တိုက်ခိုက်ခဲ့ခြင်းသည် ဤအကြမ်းဖက် ကွပ်ကဲ မှုဗဟိုဌာန၏ အပြည့်အဝပူးပေါင်းဆောင်ရွက်မှုဖြင့် ၎င်း  အီရန်အပေါ် ဆယ့်နှစ်ရက်ကြာ အစ္စရေးမှ ကျူးကျော် တိုက်ခိုက်ခြင်းသည်လည်း  ဤ အမေရိကန်၏ ကွပ်ကဲမှုအောက်တွင် လုပ်ဆောင်ခဲ့ခြင်းဖြစ်သည်ကို သတိပြု သင့်ပါတယ်။

အီရန် တိုက်ခိုက်မှုကို ကြိုးကိုင်သူ အမေရိကန်  ဗိုလ်အား  ပါကစ္စတန်က အမြင့်ဆုံးစစ်တပ်ဆု ချီးမြှင့်

ဒီလိုအခြေအနေမျိုးမှာ ပါကစ္စတန်ရဲ့ အမြင့်ဆုံးစစ်တပ်ဂုဏ်ကို ဒေသတွင်းလုံခြုံရေးအတွက် အကြမ်းဖက် တပ်မှူး တစ်ဦးကို ချီးမြှင့်တာဟာ မေးခွန်းထုတ်စရာဖြစ်နေပါတယ်။

ပြီးနောက် ပါကစ္စတန် နိုင်ငံ သည်  မူပေါ်ရပ်တည် သည့် နိုင်ငံ မဟုတ်ကြောင်းကိုလည်းပြနေပါတယ်။အကြောင်း သည်ကား တစ်ဖက်တွင်လည်း အီရန် နှင့် အတူရပ်တည်နေကြောင်း ပါကစ္စတန် ပါလီမန် က ကြေညာပြီး တစ်ဖက်တွင်လည်း ပါကစ္စတန် စစ်တပ်အကြီးကဲ က အမေရိကန် ဗိုလ် အား  ဂုဏ်ပြုခြင်း ကို ပြုလုပ်ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha