၂၉ ဇူလိုင် ၂၀၂၅ - ၁၂:၀၈
ယီမင်စစ်တပ်သည် အရေးကြီး အစ္စရေးနေရာလေးခုကို ဒုံးကျည် နှင့် ဒရုန်းများဖြင့် တိုက်ခိုက်

ဂါဇာကမ်းမြောင်ဒေသတွင် ဇီယွန်ဝါဒီများ၏ ရန်လိုမှုကို တုံ့ပြန်သည့်အနေဖြင့် ယီမင်စစ်တပ်သည် အစ္စရေး၏ အရေးပါပြီး အရေးကြီးသော အချက်အချာနေရာများကို ဒုံးကျည်နှင့် ဒရုန်းများဖြင့် တိုက်ခိုက်ခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏ အဆိုအရ ယီမင်လက်နက်ကိုင်တပ်ဖွဲ့များသည် ဇီယွန်နစ်အစိုးရကို လတ်တလော လက်တုံ့ပြန်မှု တွင် အသံထက်မြန်သော ဒုံးကျည်များနှင့် ဒရုန်းများဖြင့် အရေးကြီးပြီး အရေးပါသည့် ပစ်မှတ် လေးခုကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။

ယီမင်မီဒီယာ၏အဆိုအရ အစ္စရေးတောင်ပိုင်း ဘအရာလ်စဗ်အ်  မြို့ရှိ ပါလက်စတိုင်း-၂ အသံထက်မြန်သော ဒုံးကျည် တစ်စင်းသည် အစ္စရေးတောင်ပိုင်းရှိ အရေးကြီးသောအချက်အချာကျသည့်နေရာတစ်ခုကို တိုက်ခိုက်ခဲ့ ကြောင်း ယီမင်စစ်တပ်ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောကြားခဲ့ပါတယ်။

တစ်ချိန်တည်းမှာပင် ယီမင်ဒရုန်းတပ်ဖွဲ့များသည် အစ္စရေး၏ အရေးကြီးပြီး အရေးပါသောအချက်များဖြစ်သည့် အီလာသ် ၊  အက်စ်ကလာန်  နှင့် အလ်ခိုဇိုင်ရဟ် ရှိ အစ္စရေးပစ်မှတ်များကို အောင်မြင်စွာ တိုက်ခိုက်ခဲ့ပါတယ်။

တိုက်ခိုက်မှုအားလုံးသည် ၎င်းတို့၏ပစ်မှတ်များကို အောင်မြင်စွာထိမှန်ခဲ့ကြောင်း ယီမင် လက်နက်ကိုင် တပ်ဖွဲ့များက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အဆိုပါ စစ်ဆင်ရေးများသည် အစ္စရေးနှင့် ၎င်း၏ ထောက်ခံသူများ အထူးသဖြင့် အမေရိကန် ပြည်ထောင်စုက ဂါဇာကမ်းမြောင်ဒေသရှိ ဖိနှိပ်ခံပြည်သူများကို ဆန့်ကျင်တိုက်ခိုက်နေသည့် ရက်စက်ကြမ်းကြုတ်သော စစ်ပွဲ၊ ဝိုင်းရံခြင်းနှင့် လူမျိုးတုံးသတ်ဖြတ်မှုတို့ကို တုံ့ပြန်သည့်အနေဖြင့် တုံ့ပြန်ခြင်းဖြစ်ကြောင်း ကြေညာချက်တွင် ဖော်ပြထားတယ်။

ယီမင်တပ်ဖွဲ့များသည် ၎င်းတို့၏ ခံစစ်နှင့် တန်ပြန်တိုက်ခိုက်ရေး စစ်ဆင်ရေးများကို တိုးချဲ့ရန် စဉ်းစားနေကြောင်း ဂါဇာမှာ စစ်ပွဲတွေ ပြီးဆုံးပြီး ဝိုင်းရံထားမှုကို ရုတ်သိမ်းတဲ့အထိ ဒီတိုက်ခိုက်မှုတွေ ဆက်ရှိနေဦးမှာဖြစ်ကြောင်း ရှင်းရှင်း လင်းလင်း ပြောကြားထားပါတယ်။

တစ်ဖက်တွင်မူ အစ္စရေးမီဒီယာက ယီမင်မှ ဒုံးကျည်ဖြင့် တိုက်ခိုက်ပြီးနောက် အစ္စရေး၏ ဘိုက်သိုလ်မိုက်သ် နှင့် အလ်ခလီးလ်  ဒေသများတွင် ဥသြသံများ ထွက်ပေါ်လာကြောင်း အတည်ပြုခဲ့ပါ တယ်။

++++++++++++++++++++++++++++++++++++++++++++++++++

END / 251

Tags

Your Comment

You are replying to: .
captcha