အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန၊အဗ်နာ
စူရဟ် အဗစ အကြောင်း သိကောင်းစရာအမည် - အဗစ
အဓိပ္ပာယ် - မျက်မှောင် ကြုတ်ခြင်း
ဤ အမည်ထွင်ရသည့် အာယသ်တော် - အာယသ်တော် အမှတ် ၁
အဗစ ဆိုသည့် စကားလုံး ဤ စူရဟ်တော် တွင်ပါဝင်သည့် အကြိမ် - ၁ ကြိမ်
အဗစ ဆိုသည့် စကားလုံး ကျမ်းမြတ်ကုရ်အာန်တွင်ပါဝင် သည့် အကြိမ် - ၂ ကြိမ်
အစောင် - ၃၀ရကူအပိုဒ်တော်ပေါင်း - ၁အာယသ်တော်ပေါင်း - ၄၂
စကားလုံးတော်ပေါင်း - ၁၃၃
အက္ခရာတော်ပေါင်း - ၅၅၃
ဤစူရဟ်တော် တွင် အလ္လာဟ်ဆိုသည့် စကားလုံးတော်ပါဝင်မှု - ၀ ကြိမ်
ကျရောက်တော်မူသည့်နေရာ - မက္ကာဟ် ရွှေမြို့တော်
ကျရောက်သည့် အနေအထား - ဒဖ်အီ (အစအဆုံးကျရောက်ခြင်း) ၊
သဒ်္ဒရေဂျီ (တဖြည်းဖြည်းခြင်း) ကျရောက်သည်ဟုလည်း လာရှိပါတယ်။
ကျရောက်သည့်အမှတ်စဉ် -၂၄ ဤစူရဟ် အလျင်း ကျရောက်သည့်စူရဟ် - စူရဟ် နဂ်ျမ်
ဤစူရဟ် ပြီးနောက် ကျရောက်သည့်စူရဟ် - စူရဟ် ကဒရ်
ဤစူရဟ်၏ အခြားအမည်များ - ၁။ အဗစ ၂။ အအ်မာ ၃။ စဖရဟ်
အမည့်ထွင်ရသည့်အကြောင်း - အဗစ ဆိုသည့် စကားလုံး နှင့် စတင်သည့် အတွက် ကြောင့် ဖြစ်ပါတယ်။
အကျိုးအာနိသင် - အေမာမ် ဂျအ်ဖရ် ဆွာဒစ် (علیه السّلام) မိန့်တော်မူသည်။
“အကြင်မည်သူမဆို စူရဟ် အဗစ နှင့် စူရဟ် သက်ဝီးရ် အား သေလာဝသ် ပြုမည် ဆိုလျှင် အလ္လာဟ် ဟို အရှင်မြတ် ၏ စစ်တပ် တွင် ပါဝင်ပေမည် ။ အလ္လာဟ် ဟို အရှင်မြတ် ၏ရဲဟ်မသ် နှင့် အရိပ်တော် တွင် ရှိပေမည်။ ”
(မဂ်ျမအိုလ်ဗရန်းန်ကျမ်း အတွဲ ၁၀ ၊ စာမျက်နှာ ၂၆၃ )
ကျမ်းကိုး - (( ကုရ်အာန်နီ စူရို(န) က သအာရိုဖ် )) ကျမ်း - ရေးသားသူ -ဟွဂ်ျဂျသွလ်အစ္စလာမ် ဝလ်မွစ်လေမီး မောင်လာနာ ဆရက်ဒ်မက်စ် အူးဒ် အခ် သဲရ်ရေဇာဝီးဆပ် ( အိန္ဒိယ) ((အလာဝီး ဒါရိုကုရ်အာန်၊ကွမ်းမြို့))တည်ထောင်သူA.F.H.M
******************************************
END / 251