အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၃ ဒီဇင်ဘာ ၂၀၂၁

၂၀:၂၂:၅၇
1204831

အမှန် နှင့်အမှား ၏ အပြန်အလှန် ဆက်စပ်မှု

ဟဇရသ် အာယာသွလ္လာဟ် မစ်ဗာယဇ်ဒီ (ရ.ဟ) ရေးသားသီးကုံးထားသည့် (( ကုရ်အာန် ၏ ဒဲရ် အာယေနေဟ် ဟေ နဲဟ်ဂျို လ် ဗလာဂါ )) ဆိုသည့် ကျမ်း မှ အခန်းကဏ္ဍ တစ်ခု ဖြစ်သည့် (( အမှန် နှင့်အမှား ၏ အပြန်အလှန် ဆက်စပ်မှု )) အား ချစ်ခင်လေးစားရပါသည့် အဗ်နာ ပရိတ်သတ်များ အတွက် တင်ပြအပ်ပါတယ်။


ကျမ်းတော်မြတ် ကုရ်အာန် ၏ အရေးကြီး မှု ၊ ကြီးကျယ် မြင့်မြတ်မှု နှင့်ပတ်သက်ပြီး ထိုနည်းတူစွာ ပြီးပြည့်စုံ ပြီး ကံကောင်းပျော်ရွှင် သည်ဘက်သို့ မနုဿ လူသားအားလမ်းညွှန် ရန်အတွက် နဲဟ်ဂျိုဗလာဂါ ကျမ်း ၏ မီးမောင်းထိုးပြမှုဖြင့် ဤ အလ္လာဟ်ဟို အရှင်မြတ် ၏ ကျမ်းတော် မြတ် ၏ အကျိုးသက်ရောက် နှင့်ပတ်သက်ပြီး အချို့ ရှင်းလင်း တင်ပြချက် အကျဉ်းချုပ် တင်ပြပြီး ဖြစ်ပါသည်။

          ယခု ဤမေးခွန်း ထွက်လာပါသည်။ ထိုမေးခွန်းမှာ အထက်ဖော်ပြ ပါ အကြောင်း အရာများကို စောင့်ထိန်းနိုင်ရန် ကျမ်းတော်မြတ်ကုရ်အာန် အားအသုံးပြုခြင်း နှင့် မဟာ တမန်တော်မြတ် ကြီးမိုဟမ္မဒ် (ဆွ) ၏ အလွန်တရာ ကြီးမားသည့် အမွေ ၊ စစ်က်လေ အဲက္က်ဗဲရ် အား မြဲမြံစွာ ဆုပ်ကိုင် ထားရန်အတွက် လုံလောက်ပါသနည်း ?  

          အဖြေပေးဖို့ ဖြစ်နိုင်ပါသည်။   အကယ်၍ ထို အချက်အလက်များ အားလုံး ကို စောင့်ထိန်း ဂရုပြုမည် ဆိုလျှင် ကျမ်းတော်မြတ်ကုရ် အာန် မှန်ကန်စွာ နားလည် နိုင် ရန် အတွက် အကျိုး အာနိသင် ဖြစ်စေမည် ဖြစ်ပါသည်။ ဤသို့ ဖြစ်ရန် မဖြစ် မနေ ကျမ်းတော်မြတ်ကုရ်အာန် ၏ အဲဟ်ကမ် (ခ) ပညတ်တော်များ နှင့် အသိပညာများ ကို နားလည် ထိုက်သည့် အတိုင်းနားလည် သဘောပေါက် ပြီး ပတ်ဝန်းကျင် အသိုင်းအဝိုင်း အား ယဉ်ကျေးမှု အား ကျမ်းတော်မြတ် ကုရ်အာန် ၏ လမ်းညွှန်မှု များ နှင့် အညီ တည်ဆောက်နိုင်ရန် ဖြစ်ပါသည်။ ပြီးနောက် ဘာသာရေး အစိုးရ ၏ အရိပ်အာဝါသ အောက်တွင် လူထုအနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ အကာအကွယ် အောက် တွင် လမ်းမှားလမ်းချော် မှု ၊ လမ်းမှား မှု ၏ အန္တရာယ်များ မှ လုံခြုံ နိုင်မည် ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ် ကုရ်အာန် အား မြဲမြံ စွာ ဆုပ်ကိုင် ထား ခြင်းဆိုသည်မှာ ကျမ်းတော်မြတ် ကုရ်အာန် ၏ အသိပညာရပ်များ ကို မှန်ကန် စွာ နားလည် သဘောပေါက် ရန် နှင့် ကျမ်းတော်မြတ် ကုရ်အာန် ၏ လမ်းညွှန်ချက်များ ကို အခြေပြု ပြီး လက်တွေ့ လိုက်နာ ကျင့်သုံး ခြင်း ဖြစ်ပါသည်။

 

          အထက်ပါအဖြေ တွင် ကျမ်းတော်မြတ်ကုရ်အာန် တစ်ခုတည်း ၏ လမ်းညွှန် ချက် ကို အတိုင်း အတာ တစ်ခု အထိမှန်ကန် သည်ဟု ယူဆ နိုင်ပါသည်။ သို့သော် ဤကိစ္စကို အပြည့်အဝ နားလည်နိုင်မှု သည် အောက်ပါ အခြေအနေရောက်မှာ ဖြစ်ပါမည်။ ၎င်း အခြေအနေဆိုသည်မှာကျမ်းတော်မြတ် ကုရ်အာန် ၏ လိုအပ်သည့် အကျိုးအာနိသင် ဘက်သို့ အကျယ်တဝင့် လေ့လာ ရန် နှင့် ကျမ်းတော်မြတ်ကုရ်အာန် အရေးပါမှု နှင့် ကြီးမြတ်မှု နှင့်ပတ်သက်ပြီး လွဲမှားသည့် အတွေးအခေါ်များ နှင့် ဘာသာရေးဆိုင်ရာ များကို တိုက်ခိုက်သူများ နှင့် ရင်ဆိုင်ရန် အတွက် ဂရုပြုအာရုံ စိုက်ရပါမည်။

ကျွန်ုပ်တို့ တွေ့မြင်ရပါသည်။ ကျမ်းတော်မြတ်ကုရ်အာန် အား ဆန့်ကျင်သူများ ၏လမ်းလွဲ လမ်းမှား အတွေးအခေါ် များကို မသိရှိဘဲ ပွင့်ပွင့်လင်းလင်း ရင်ဆိုင်မှု မပြုဘဲ ၎င်းတို့၏ ပူးပေါင်းကြံစည်မှုများ ကို ထုတ်ဖော်ခြင်း မပြုဘဲ ပတ်ဝန်းကျင် အသိုင်းအဝိုင်း (ခ) လူ့အဖွဲ့ အစည်း ၏လမ်းညွှန်ချက် နှင့် ကျမ်းတော်မြတ် ကုရ်အာန် နောက်လိုက်သူများ ၏ အတွေးအခေါ် ကို လွမ်းမိုးအောင်ပြုရန် င်း ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များ နှင့် တန်ဖိုး အခြေခံ နိုင်အောင် ပြုလုပ်ရန် ကိစ္စမှာ လွယ်ကူသည့် အလုပ်တော့ မဟုတ်ချေ။ ဤ အရာ သည် မကြာခဏ သတိမပြုမိသည့် အရာ ဖြစ်ပါသည်။

ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် ကို နားလည် သဘောပေါက်ရန် နှင့် ၎င်း၏ လမ်းညွှန်ချက်များ အပေါ် လိုက်နာ ကျင့်သုံး ရန် အမြဲတစေ ကြိုးစား အားထုတ် ရပါမည်။ မည်သည့် အချိန်အခါ မှ ကျမ်းတော်မြတ်ကုရ်အာန် ၏ ရန်သူများ နှင့် ဆန့်ကျင်သူများ ၊ အတိုက်အခံ ပြုသူများ လျစ်လှူ မရှုထားရန် ဖြစ်ပါသည်။

ကျမ်းတော်မြတ်ကုရ်အာန် အားမြဲမြံ စွာ ဆုပ်ကိုင်ထားခြင်း နှင့် ဤကောင်းကင်ကျကျမ်း တော်မြတ် အား တရားသူကြီး အဖြစ် သတ်မှတ်ခြင်း သည် ကျမ်းတော်မြတ်ကုရ်အာန် ၏ ဆန့်ကျင်ဘက် လမ်းလွဲလမ်းမှား အတွေးအခေါ်များ ကိုမသိမခြင်းကို ၎င်းကို မရင်ဆိုင်မခြင်း မဖြစ်နိုင်ချေ။

အမှန် နှင့်အမှား အား သိရှိနားလည် ရမည့် နေရာတွင် အပြန်အလှန် ဆက်စပ်မှု ရှိနေသလို လက်တွေ့ ကျင့်ဆောင်ရမည့် နေရာတွင်လည်း အုပန်အလှန် ဆက်စပ်မှု ရှိနေပါသည်။ ဆိုလိုသည်မှာလူကြီးမင်း အနေဖြင့် အမှန် ကို သိရှိနားလည် မည် ဆိုလျှင် အမှား ကို လည်း နားလည် သိရှိမည် ဖြစ်ပါသည်။ အမှား သိရှိနားလည်ခြင်းသည် လူကြီး မင်းအား အမှန်ကို သိရှိနားလည် ရန် အထောက်အကူ (ခ) အကူ အညီ ဖြစ်စေပါ သည်။

ကျမ်းတော်မြတ်ကုရ်အာန် အာ လက်တွေ့ ကျင့်သုံးမှု အရ ပတ်ဝန်းကျင် အသိုင်း အဝိုင်း တွင် စိုးမိုးနိုင်ရန် သူအဖြစ် သတ်မှတ် နိုင်ရန် ဆန့်ကျင်သူများ နှင့် ၎င်း တို့၏ မှားယွင်း တိမ်းချော်နေသည့် အတွေးအေခ်ါများ ကို မသိရှိမနားလည်ဘဲ ၊ လူသားများ ၏ ဘာသာရေး ဆိုင်ရာ များကို အားနည်းအောင်ပြုနေသည့် ရှိုင်တွန် (ခ) မာရ်နတ် ၏ အကြံ အစည်များ ကို မရင်ဆိုင်မခုခံဘဲ မဖြစ်နိုင်ချေ။

ကျွန်ုပ်အနေဖြင့် ဤကိစ္စ နှင့်ပတ်သက်ပြီး နဲဟ်ဂျိုဗလာဂါကျမ်း တွင် ဖော်ပြထားသည့် ဟဇရသ် အလီ (အ.စ) ၏ညွှန်ကြားချက်ကို ဦးစွာ ပထမ တင်ပြပါမည်။ ပြီးနောက် ပတ်ဝန်းကျင်အသိုင်းအဝိုင်း ၏ အတွေး အခေါ်များ ကို တိမ်းချော် အောင်ပြုလုပ်သည့် ကုရ်အာန် ဆန့်ကျင်သူများ ၏ ပရိယာယ်များ နှင့် ဘာသာမဲ့များ သံသယ ဖြစ်ဖွယ်များကို တင်ပြပြီး ရှိသမျှ မနုဿလူသားများ အားလုံး အထူးသဖြင့် ပတ်ဝန်းကျင် အသိုင်းအိဝုင်းရှိ လူငယ် လူရွယ်များ နှင့် ပညာတတ် အတန်း အစားများ ကို ရန်သူများ ၏ ရှိုင်တွာန်ဆိုင်ရာ လှည့်ကွက် များ ၊ ကောက်ကျစ်မှုများ ကို သိရှိလာစေရန် တင်ပြမည်ဖြစ်ပါသည်။

ကျမ်းတော်မြတ် ကုရ်အာန် နှင့် ဘာသာရေး များ ကို ဆန့်ကျင် သူများ နှင့် ရန်သူများ ကို သိရှိ နားလည်ရန်မည်မျှ အထိ အရေးကြီး အရေးပါ သည်ဆို လျှင် အမီးရွလ်မိုအ်မေနီ ဟဇရသ် အလီ (အ.စ) မိန့်တော်မူသည်။

 

وَ اعْلَمُوْا إنّکُم لَن تَعرِفُوا الرُّشدَ حَتَّی تَعرِفُوا الَّذِی تَرَکَهُ، وَ لَن تَأخُذُوا بِمِیثَاقِ الکِتَابِ حَتَّی تَعرِفُوا الَّذِی نَقَضَهُ، وَ لَن تَمَسَّکُوا بِهِ حَتَّی تَعرِفُوا الَّذِی نَبَذَهُ فَالْتَمِسُوا ذٰلِکَ مِن عِندِ اَهلِهِ فَإنّهُم عیَشُ الْعِلمِ وَ مَوتُ الجَهلِ[1].

 

အဓိပ္ပာယ် ။ ။ အသင်တို့ သိရှိကြပါလေ။လမ်းမှန်ကို စွန့်လွတ်လိုက်သူများကို မသိ ၊ မနားလည် မခြင်း လမ်းမှန် ကို သိရှိ ၊ နားလည်ကြမည် မဟုတ်ချေ။ ပြီးနောက် အလ္လာဟ်ဟို အရှင်မြတ် ၏ ကျမ်းတော်မြတ်ကုရ်အာန် အပေါ် ကတည်မတည်သူများ ချိုးဖောက်သူများ ကို မသိမနားလည် မခြင်း ကတိကဝတ်တည်နိုင်မည် မဟုတ်ချေ။ ပြီးနောက် ကျမ်းတော် မြတ် ကုရ်အာန် အား လျစ်လျူရှု သူများ ကို မသိမနားလည်မခြင်း မြဲညမဲစွာ ဆုပ်ကိုင်နိုင်မည် မဟုတ်ပေ။ ပြီးနောက်မိန့်တော်မူလေ၏။ ကျမ်းတော်မြတ် ကုရ်အာန် ၏ သဖ်စီးရ် နှင့် ပညာရပ် များ ကို အဲဟ်လေ့ကုရ်အာန် (အဲဟ်လေ့ဘိုက် (အ.စ) ) ထံ ဆည်းပူးရယူပါလေ။ အကြောင်းမှာ ဤပုဂ္ဂိုလ် သည် အလ္လာဟ်ဟိုအရှင်မြတ် ၏ပညာရပ်များ ၏ဘဝဖြစ်ပြီး ဂျဲဟ်(ခ) ပညာမဲ့မှု ၏သေခြင်း ဖြစ်ပါသည်။

 

          အမီးရွလ်မိုအ်မေနီ ဟဇရသ် အလီ (အ.စ) ဤ ပွင့်လင်း ထင်ရှား သည့် မိန့်ဆိုချက် သည် ရန်သူကို သိစေရန် နှင့်လမ်းမှားလမ်းချော်စေသည့် အတွေးအခေါ် များ ကို သိစေရန် အတွက် အရေးကြီး လိုအပ်ပါသည်။ ဤအချက်ဖြင့် သိရှိရသည်မှာ ဘာသာရေးဆိုင်ရာ အိုလမာ နှင့် အလ္လာဟ်ဟိုအရှင်မြတ် ၏ ပညာရပ်များကို ဖိတ်ခေါ် သာသနာပြုသူများ ၏ တာဝန် ဝတ္တရား သည်လည်း နှစ်ဆ ဖြစ်သွားပေသည်။ အကြောင်းမှာ လမ်းလွဲ လမ်းချော် စေသည့် အတွေးအေခ်ါများ နှင့် ဘာသာမဲ့များ၏ သံသယ ဖြစ်ဖွယ် တင်ပြ ချက်များ ကို လူသားများ ၏ အတွေးအေခါ် နှင့် အထူးသဖြင့် လူငယ် လူရွယ်ချက်များ၏ အတွေး အခေါ်များ နှင့် ဝေးအောင် ထားရပါမည်။ ထိုအတွေးအေခ်ါများ သည် ဘာသာရေး ဆိုင်ရာ ပညာရပ်များ အရ လုံလောက်သည့် ပညာအဆင့်အထိ မရောက်ရှိသေးပေ။ သဗ်လီးဂ် (ခ) သာသနာပြုခြင်း ၊ ကျမ်းတော်မြတ်ကုရ်အာန် ဆိုင်ရာဘာသာရေး လွမ်းမိုး စေမည့် အခြေခံ အလုပ်များ မှ တစ်ခု ဖြစ်ပါသည်။ ၎င်းအချက်မပါဘဲ လိုအပ်ချက် နှင့် အရေးသည့် ရလာဒ် အတွက် မျှော်လင့်ချက် ထားနိုင်မည် မဟုတ်ချေ။

 

          ဤအချက်အတွက် ရှင်းလင်းချက်အား အပိုင်း သုံးပိုင် ခွဲပြီး ရှင်းပြပါမည်။ ၁။ ဆန့်ကျင် သူများ သံသယများ ၂။ဆန့်ကျင်သူများ အကြံအစည် များ ၃။ ဤသံသယများကို တင်ပြရသည့် ရည်ရွယ်ချက်

 

          သို့သော် ကျမ်းတော်မြတ်ကုရ်အာန် သည် အကြီးမားတကာ အကြီးမားဆုံးသော နေအ်မသ် (ခ) ကောင်းချီး ဖြစ်ပြီး အလ္လာဟ်ဟိုအရှင်မြတ် သခင်မှ မိမိ ၏ ကျေးကျွန်များ ကို ချီးမြှင့် ပေးသနားတော်မူထားပါသည်။ပြီးနောက် အလ္လာဟ်ဟိုအရှင်မြတ် ကိုယ်တော် တိုင် ရှိုင်တွာန် များ ၏ ဖောက်ပြန်မှုများ နှင့် ရှိုင်တွာန် အရည်အသွေး ရှိသူ လူသားများ ၏ သဲဟ်ရီးဖ် (ခ) လိုတိုးပိုလျော့ လုပ်မှု မှ ထိန်းသိမ်း စောင့်ရှောက်မည့် တာဝန် ကို ယူထားပါသည်။ သို့သော် ကိစ္စသည်ဤနေရာတွင် အဆုံး မသတ်သေးပါ။ ဟဇရသ် အာဒံ(အ.စ) သားသမီးများ ကို ရန်ပြုရန် ကျိန်ဆိုထားသည့် ရန်သူ ရှိုင်တွာန်သည်လည်းပဲ ခေတ်ကာလတိုင်းတွင် လူသားများ အပေါ် လွမ်းမိုး ချုပ်ကိုင် သည့် အခြေအနေ များ ၊ လူသားများ ၏ နာမ် ပိုင်းဆိုင်ရာ များ နှင့် စိတ်ပိုင်းဆိုင်ရာ များ အရ ပတ်ဝန်းကျင် အသိုင်း အဝိုင်း ၏ အဆင့်အတန်း အရ လူသားများ၏ ဦးနှောကို တွင် အာန်သင် ဖြစ်စေသည့် စွမ်း အား သတ္တိ ရှိပေသည်။ လူသားများ အား စိတ်အလိုဆန္ဒများ ကို ရရှိရန်အတွက် ၎င်းတို့၏ နှလုံးသား များ သံသယကို ဖြစ်စေပါသည်။ ထိုမှသာ ၎င်းတို့မှတဆင့် ရှိသမျှ လူသား အားလုံးအား မိမိ ၏ နောက်သို့ လိုက်လာအောင် ဆွဲဆောင် နိုင်မည် ဖြစ်ပါသည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် နှင့် သာသနာ မှ လွဲချော် သွားရန် ဖြစ်ပါသည်။ အကြောင်းမှာ ကျမ်းတော်မြတ်ကုရ်အာန် သည် မနုဿ လူသားများ ၏လွတ်မြောက်မှု ၊ လမ်းညွှန် လမ်းပြမှု နှင့် ကံကောင်းပျော်ရွှင် မှုအတွက် အကြီးမားတကာ အကြီးမားဆုံး အမှီသဟဲ ဖြစ်ပါသည်။ ဤအတွက်ကြောင့် ရှိုင်တွာန် လိုအင်ဆန္ဒ အပြည့် အဝ မှာ လူသားများကို ကျမ်းတော်မြတ် ကုရ်အာန် နှင့် သာသနာ နှင့် ကွဲအောင် ဝေးအောင်လုပ်ရန် ဖြစ်ပါသည်။

          ဤလမ်းကြောင်းတွင် ရှိုင်တွာန် ၏ အလုပ်တစ်ခု မှ လူသားများ ကို လှည့်ဖြားခြင်း နှင့် ၎င်းတို့ အတွင်း သံသယ ဖြစ်အောင် ဖန်တီး ခြင်းဖြစ်ပါသည်။ ထိုမှသာ သာသနာနှင့် ကျမ်းတော်မြတ် နှင့်ပတ်သက်ပြီး ဒွိဟ ၊သံသယ ဖြစ်ပေါ် အောင် ဖန်တီးပြီး လူသားများ ၏ အီမာန် (ခ) သက်ဝင်ယုံကြည် မှု နှင့် ယုံကြည်ချက်များ တွင် အယိုအပေါက် (ခ) အနှောက် အယှက် ဖြစ်အောင် ပြုရန် ဖြစ်ပါသည်။

 

          ရှိုင်တွာန်နှင့ှ်ိုင်တွာန် အရည်အသွေး ရှိသူများ ကျမ်းတော်မြတ် ကုရ်အာန် အား ဆန့်ကျင်သည် လှုပ်ဆောင်ချက်များ မှာ ကျမ်းတော်မြတ် ကုရ်အာန် ကျရောက်ချိန် ကနေစတင်ပါသည်။ဤလုပ်ဆောင်ချက်များ သည် အလ္လာဟ်ဟို အရှင်မြတ် ၏ အာယသ် တော်များ နားထောင်ရာတွင် အတား အဆီး ဖြစ်ရန် နားတွင် ဝါဂွမ်းထည့် ထားရန် တိုက်တွန်း ချက် နှင့် မဟာတမန်တော်မြတ် (ဆွ) အပေါ် မဟုတ်မမှန်စွပ်စွဲခြင်း နှင့် အသရေဖျက်ခြင်း တို့ဖြင့် စတင်ခဲ့ပါသည်။ ယနေ့လည်းပဲ ပုံစံ တစ်မျိုး သို့မဟုတ် တစ်မျိုး ဆက်လက်လုပ်ဆောင်နေကြပါသည်။ ပြီးနောက် ဆက်လက် လုပ်နေကြမည် ဖြစ်ပါသည်။

          ဤကိစ္စ နှင့်ပတ်သက်ပြီး သမိုင်း တစ်လျှောက်လုံး တွင် ကျမ်းတော်မြတ် ကုရ်အာန် အား တိုက်ခိုက် ဆန့်ကျင် သည် နည်းလမ်း ၏ အသေးစိတ်တင်ပြခြင်းမှ ရှောင်ကြဉ် လိုက်ပါမည်။ ဆွေးနွေး တင်ပြမှု ရှည်လျားမည်ကို စိုးရိမ် သည့် အတွက်ကြောင့် ယနေ့ ပတ်ဝန်းကျင် အသိုင်းအဝိုင်း အကြား ဘာသာရေးသမားများ ၊ လူသားများ ၊ အထူးသဖြင့် လူငယ် လူရွယ်များ ၏ ဘာသာရေးဆိုင်ရာ ယုံကြည်ချက်များ ကို အားပျော့ အားလျော့ အောင်ပြုနေကြပါသည်။ ကျနော်အနေဖြင့် စာဖတ်သူများ နှင့် လူငယ် လူရွယ်များ ၏ ဦနှောက်အား ရှိုင်တွာန် (ခ) မာရ်နတ် ၏ အကြံ ဆိုးများ ကို သိရှိအောင် (အစ္စလာမ့်) ရန်သူများ ၏ (အစ္စလာမ့်) ယဉ်ကျေးမှု အပေါ် တိုက်ခိုက်မှုများကို ရင်ဆိုင်နိုင် ရန်မီးမောင်း ထိုးပြဖို့ ကြိုးပမ်းနေပါသည်။

 

          အကြောင်းမှာ ကျမ်းတော်မြတ်ကုရ်အာန် အား ယှဉ်ပြိုင်ရာတွင် ရှိုင်တွာန် များ (ခ) မာရ်နတ်များ မှ ကျမ်းတော်မြတ်ကုရ်အာန် အား ပျက်သုဉ်း အောင် ပျက်စီးအောင် ပြုရန် မျှော်လင့်ချက် ကင်းမဲ့ သွား ကြပါသည်။ ဤအတွက်ကြောင့် လူသားများ အား ဤ အကြောင်းအရာ နှင့်ပတ်သက်ပြီး မသိအောင် စီစဉ် ကြရန် ဆုံးဖြတ်ခဲ့ပါသည်။

 

          ကျမ်းတော်မြတ်ကုရ်အာန် အာ ဆန့်ကျင်သူများ အနေဖြင့် ရာစု နှစ်များစွာကပင် မွတ်စလင်မ် များ နှင့် အထူးသဖြင့် ရှီအာ မွတ်စလင်မ်များ အကြား ကျွန်ုပ်တို့သည် ကျမ်းတော်မြတ်ကုရ်အာန် ထံ မှ မည်သည့် မျှော်လင့်ချက်မှ မထားသင့် ကြောင်း မဲဆွယ် ခဲ့ကြပါသည်။ အကြောင်း ပြချက်မှာ ကျမ်းတော်မြတ် ကုရ်အာန် အား ကျွန်ုပ်တို့ နားလည် သဘောပေါက်နိုင်သည့် ကျမ်း ဖြစ်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ပြီးနောက် ကျမ်းတော်မြတ် ကုရ်အာန် ၏ အတွင်း ပိုင်းအနှစ်သာရ ကို ကျွန်ုပ်တို့ မသိနိုင်သည့် အတွက်ကြောင့် ဖြစ်ပါသည်။ ဤအတွက်ကြောင့် ကျမ်းတော်မြတ်ကုရ်အာန် အပြင်ပိုင်း အား ကိုးကား၍ အထောက်အထားပြု၍ မရချေ။

 

          ၎င်းတို့ ထည့်ပေး လိုက်သည့် ဤ အတွေးအခေါ် ကြောင့် ကျွန်ုပ်တို့သည် ကျမ်းတော်မြတ် ကုရ်အာန် အားနားလည် သဘောပေါက်ရန် စွမ်း အား မရှိကြတော့ချေ။ ၎င်းတို့သည် လူထုအား ကျမ်းတော်မြတ် ကုရ်အာန် အား အသုံးပြုရန် အကျိုးအမြတ် ယူရန် အား မပြုနိုင်အောင် ကြိုးပမ်းခဲ့ကြပါသည်။ ပြီးနောက် ရလာဒ် မှာ ကျမ်းတော်မြတ် ကုရ်အာန် မွတ်စလင်များ ၏ ဘဝ မှ ထုတ်ပစ်ရန် ဖြစ်ပါသည်။

 

          ဤအတော်အတွင်း ကျမ်းတော်မြတ်ကုရ်အာန် ၏အပြင်းပိုင်း အား အရို အသေပေး လေးစား ခြင်း၊ ကျမ်းတော်မြတ် ကုရ်အာန် အား သေလာဝသ် ပြုခြင်း၊ ၎င်းအား နမ်းရှုံ့ ခြင်း နှင့် ကျမ်းတော်မြတ် ကုရ်အာန် အား မြင့်မြတ် ကြီးကျယ်သည်ဟု နားလည် ခြင်းတို့သည် မွတ်စလင်မ်များ အကြား တွင် အလေ့အထ ဖြစ်ပါသည်။ သို့သော် ကျမ်းတော်မြတ်ကုရ်အာန်၏ ရန်သူများ နှင့် ဆန့်ကျင်သူများ ၏ ရည်ရွယ်ချက် (ခ) ပစ်မှတ်မှာ လူသားများ အနေဖြင့် ကျမ်းတော်မြတ်ကုရ်အာန် ၏ အကြောင်း အရာ ကို မသိ အောင်ပြရန်နှင့် ဤ ကောင်းကင် ကျ ကျမ်း၏ လမ်းညွှန်ချက်များကို လက်တွေ့ မလိုက်နာရန် ဖြစ်ပါသည်။

 

          ယနေ့ ပွင့်လင်းမြင်သာ သည်ဟု ညာသံပေးနေသည့် သူများသည် အစ္စလာမ် ဆိုင်ရာ ပညာရပ်များ အသိပညာများ နှင့် ပတ်သက်ပြီး စိတ်ဝင်စား မှု သိပ်မရှိကြချေ။ ရာစုနှစ်များ စွာ ကပင် အနောက် နိုင်ငံများတွင် အခြားဘာသာခြား များ နှင့်ပတ်သက်၍ မူရင်းကို ပျက်ထား ပြင်ထားသည် စာအုပ်များ နှင့်ပတ်သက်သည့် အလမ်းလွဲ တကာအလွဲ ဆုံး ရှိုင်တွာန်နီ သံသယများနှင့် အတွေးအခေါ်များ ကို အတွေးအခေါ် အသစ်ဟု နာမည် ပေး၍ ယဉ်ကျေးမှု နှင့်ပညာရပ်ဆိုင်ရာ နယ်ပယ်များ တွင် တင်ပြကြပါသည်။ ပြီးနောက် ပညာလိုလား တောင်းတနေသူများ ထိုနည်းတူ ပညာ ဆည်းပူးနေသူသည့် လူတန်းစားများ ကို ကိုယ်ဘက်ပါလာရန် လုပ်ဆောင်ပြီး မိမိတို့၏ အထင်အမြင်နှင့်အညီ ၎င်းတို့၏ ယုကြည်မှု ဆိုင်ရာ မဏ္ဍိုင်များ အားပျော့ အားနည်းအောင် ပြုနေပါသည်။ ၎င်းတို့သည် မေ့လျော့ နေသည်အချက်မှာ မွတ်စလင်မ်များ အထူးသဖြင့် ပညာသင်နေသည့် လူငယ်လူရွယ် များ နှင့် ဥာဏ်ရည်ဥာဏ်သွေးရှိသူများ သွန်သင်ပဲ့ပင်ခြင်း ခံထားရသူများ ၎င်းတို့၏ အခြေအမြစ် မရှိသည့် မသေချာမရေရာသည့် အသိဥာဏ် နှင့် ယုတ္တိ ဗေဒ နှင့်ဆန့်ကျင်သည့် အတွေးအခေါ်များ၏ ပျက်ပြယ်မှုကို သိရှိနေသည့်ဆိုသည့် အချက်ဖြစ်ပါသည်။

 

          မွတ်စလင်မ်များ နှင့် ဘာသာရေး သမားများသွန်သင်ဆုံးမမှုကို ရရှိထားသူများ ၏ ယုံကြည်မှုများ နှင့် အသိဥာဏ်နှင့် ယုတ္တိ ဗေဒ ကို အခြေခံ ထားသည့် အတွေးအခေါ်များ သည် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) နှင့် မအ်စူးမ် (ပြစ်မဲ့) အေမာမ်များ (အ.စ) ၏ ပညာရပ်များ မှ ရယူထားခြင်း ဖြစ်ပါသည်။ ၎င်းပညာရပ်များ ၏ အရင်းအမြစ် မှာ ဝဟီယေအေလာဟီ ဖြစ်ပါ သည်။

         

ပြီးနောက် မွတ်စလင်မ်တစ်ဦးတစ်ယောက် သည် တွေးခေါ် မှု နှင့် သက်ဝင်ယုံကြည်မှု ဆိုင်ရာ နယ်ပယ် တွင် လွဲမှား လွဲချော် နေသည့် အတွေဒအခေါ်များ အယူအဆများ နှင့် တွေ့ကြုံ ရသည့်အခါတိုင်း ပထမမှာဆုံး ဘာသာရေးပညာရပ်များကို ကျွမ်းကျင် တတ်မြောက်သူများ နှင့်အိုလမာ ထံ တင်ပြပြီး မှန်ကန် သည့် ယုတ္တိ ဗေဒ ကျသည့် အဖြေ ကို ရယူကြပါသည်။

 

 

****************************************************************

END / 251

 

 

[1]နဲဟ်ဂျိုဗလာဂါကျမ်း ခွသ်ဗာ အမှတ် ၁၄၇