အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
တနင်္ဂနွေနေ့

၄ စက်တင်ဘာ ၂၀၂၂

၂၁:၁၈:၂၄
1303435

အမေရိကန်က တရုတ်ကိုတန်ပြန်ရန် မဟာမိတ်များအား လက်နက်ရောင်းချမှု အရှိန်မြှင့်မည်

အမေရိကန်က တရုတ်ကိုတန်ပြန်ရန် မဟာမိတ်များအား လက်နက်ရောင်းချမှု အရှိန်မြှင့်မည်

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

တရုတ်နိုင်ငံကို အသားစီးယူရန် ရည်ရွယ်ချက်ဖြင့် အမေရိကန်သည် ၎င်း၏ မဟာမိတ်များနှင့် မိတ်ဖက်များထံ လက်နက်ရောင်းချမှုကို အရှိန်မြှင့်တော့မည်ဖြစ်သည်။
 အမေရိကန်သည် တရုတ်ကဲ့သို့ နိုင်ငံများနှင့် ပိုမို ယှဉ်ပြိုင်နိုင်ရန် နှောင့်နှေးမှုများဖြစ်စေမည့် ဗျူရိုကရေစီ လမ်းပေါ်ရှိ ခလုတ်ကန်သင်းများကို ဖယ်ရှားခြင်းဖြင့် မဟာမိတ်များနှင့် မိတ်ဖက်များထံ လက်နက်ရောင်းချမှုကို အလျင်အမြန် လုပ်ဆောင်မည်ဖြစ်ကြောင်း Wall Street Journal က ဖော်ပြခဲ့သည်။
 ကာကွယ်ရေးဌာနသည် အထူးသဖြင့် ယူကရိန်းကို စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးသော မဟာမိတ်နှင့် မိတ်ဖက်များအတွက် နိုင်ငံခြားတိုင်းပြည်များဆီ အမေရိကန်လက်နက်ရောင်းချမှု ချောမွေ့စေရေး စတင် လုပ်ဆောင် ခဲ့ကြောင်း စက်တင်ဘာ ၂ ရက် ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 ယူကရိန်းအား စစ်လက်နက်ပစ္စည်းများ ဖြည့်ဆည်းပေးမည့် ဥရောပမဟာမိတ်များကို အမေရိကန်က ကတိပြုထားသော်လည်း အမေရိကန်ကာကွယ်ရေးလုပ်ငန်းသည် အလုပ်ကြွေးများတင်နေကြောင်း  Wall Street Journal က ဖော်ပြသည်။
 စစ်လက်နက်ပစ္စည်း ကနဦးတောင်းဆိုလာမှုများကို အမေရိကန်ကာကွယ်ရေးအရာရှိများက ကူညီပေးခြင်းဖြင့် အမေရိကန်သည် လက်နက်ရောင်းချမှုကို အရှိန်မြှင့်လာနိုင်မည်ဖြစ်သလို လုံခြုံရေးစိုးရိမ်ချက်ကြောင့်ဖြစ်သော နှောင့်နှေးမှုများကိုလည်း ရှောင်ရှားနိုင်မည်ဖြစ်သည်ဟု ဖော်ပြထားသည်။
 
ကာကွယ်ရေးဌာနသည် တချို့သောစစ်လက်နက်ပစ္စည်းများအတွက် တစ်နှစ်တစ်ကြိမ် သာ စာချုပ်ချုပ်ပြီး သက်မှတ်ရက်မတိုင်မီ မတင်ပြနိုင်သောနိုင်ငံများသည် နောက်နှစ်အထိ စောင့်ရမည်ဟု ဆိုသည်။

****************************************************************
END / 251