အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
ဗုဒ္ဓဟူးနေ့

၅ အောက်တိုဘာ ၂၀၂၂

၂၁:၁၈:၂၄
1310896

အဓိကမြို့တစ်ခုကို ရုရှားလက်မှ ယူကရိန်း ပြန်သိမ်းနိုင်

နိုင်ငံအရှေ့ပိုင်း Donetsk ဒေသက မဟာဗျူဟာကျတဲ့ လီမန်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက ရုရှားလက်ထဲကနေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


နိုင်ငံအရှေ့ပိုင်း Donetsk ဒေသက မဟာဗျူဟာကျတဲ့ လီမန်မြို့ကို ယူကရိန်းတပ်ဖွဲ့တွေက ရုရှားလက်ထဲကနေ ပြန်လည် သိမ်းပိုက်နိုင်ခဲ့ပါတယ်။

လီမန်ဟာ ရုရှားရဲ့ထောက်ပို့လမ်းကြောင်းအတွက် အလွန်အရေးပါတဲ့ မြို့တစ်ခုပါ။ ယူကရိန်းတပ်ဖွဲ့တွေဟာ စနေနေ့က မြို့ကို ၀ိုင်းထားလိုက်ပြီး ရုရှားတပ်တွေ ဆုတ်ခွာသွားတဲ့ တနင်္ဂနွေနေ့မှာ ပြန်သိမ်းနိုင်ခဲ့ပါတယ်။

Donetsk အနောက်ခြမ်း Kharkiv ဒေသက အဓိကမြို့တွေကို ယူကရိန်းတပ်ဖွဲ့တွေက ပြီးခဲ့တဲ့လမှာ ပြန်လည်သိမ်းယူနိုင်ခဲ့ပြီး အခုတစ်ကြိမ် နောက်ထပ် အောင်ပွဲတစ်ခု ထပ်မံ ရရှိတာဖြစ်ပါတယ်။

ယူကရိန်းတပ်တွေဟာ Donetsk အရှေ့ခြမ်းက Luhansk ဒေသကို တန်ပြန်ထိုးစစ်ဆင်ဖို့လည်း ရှိနေပါတယ်။

Donetsk နဲ့ Luhansk ဒေသ နှစ်ခုစလုံးဟာ ရုရှားပိုင်နက်တွေဖြစ်တယ်လို့ သမ္မတပူတင်က ပြီးခဲ့တဲ့တစ်ပတ်မှာပဲ ကြေငြာခဲ့ပါတယ်။


****************************************************************
END / 251