အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
သစ်ဗ်ယာန်း ယဉ်ကျေးမှု နှင့် လူမှုရေးလှုပ်ရှားမှုစင်တာ တာဝန်ခံ H.I အီစာ ဟိုစိုင်းန်နီ မဇာရီ ၏ လက်ရှိအခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် နိုင်ငံ၏ တည်ငြိမ်ရေးအတွက် အဓိကခြိမ်းခြောက်မှုမှာ ပြည်တွင်းမကျေနပ်မှုများဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။ တာလီဘန်အစိုးရအနေဖြင့် ပြည်သူများ၏ ပါဝင်မှုကို တိုးမြှင့်ပြီး အဆိုပါ မကျေနပ်မှုများကို လျှော့ချရန် ကြိုးပမ်းသင့်ကြောင်း ၎င်းက ဆိုပါတယ်။
အာဖဂန်နစ္စတန်ရှိ လူမျိုးစုများနှင့် ဘာသာရေးအုပ်စုများအားလုံးသည် နိုင်ငံ၏ နိုင်ငံရေးဖွဲ့စည်းပုံအတွင်း မိမိတို့ပါဝင်နေသည်ဟု ခံစားနိုင်ရမည်ဖြစ်ပြီး အာဏာသည် လူမျိုးစု သို့မဟုတ် အုပ်စုတစ်ခုတည်း၏ ပိုင်ဆိုင်မှုဖြစ်သည်ဟု ထင်မြင်စေမည့် လုပ်ရပ်မျိုး မဖြစ်သင့်ကြောင်း H.I အီစာ ဟိုစိုင်းန်နီ မဇာရီ က အလေးပေးပြောကြားခဲ့ပါတယ်။
ထို့အပြင် ရှီအဟ် လူမှုအသိုင်းအဝိုင်း၏ ဘာသာရေး၊ ယဉ်ကျေးမှုနှင့် ပညာရေးဆိုင်ရာ အဖွဲ့အစည်းအချို့အပေါ် တာလီဘန်အစိုးရ၏ ကိုင်တွယ်ပုံကို ဝေဖန်ခဲ့ပြီး ထိုမူဝါဒများကို ပြန်လည်ပြင်ဆင်ရန် တောင်းဆိုခဲ့ပါတယ်။ သို့သော် လက်ရှိပြဿနာများအားလုံးသည် ရှီအဟ် များအပေါ်သာ သက်ရောက်နေခြင်းမဟုတ်ဘဲ အချို့ပြဿနာများသည် အစိုးရ၏ စီမံခန့်ခွဲမှုပုံစံနှင့် ဆုံးဖြတ်ချက်ချမှတ်သည့် ဖွဲ့စည်းပုံနှင့်လည်း သက်ဆိုင်ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
H.I အီစာ ဟိုစိုင်းန်နီ မဇာရီ က အစိုးရနှင့် ထိပ်တိုက်ရင်ဆိုင်ခြင်းထက် ဆွေးနွေးညှိနှိုင်းမှုနှင့် ငြိမ်းချမ်းသောနည်းလမ်းများဖြင့် ပြဿနာများကို ဖြေရှင်းသင့်ကြောင်းထို့အပြင် အာဖဂန်နစ္စတန်အတွက် လုံခြုံရေးနှင့် အလုပ်အကိုင်ဖန်တီးပေးရေးသည် အဓိကဦးစားပေးရမည့် ကဏ္ဍနှစ်ရပ်ဖြစ်ကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။
နောက်ဆုံးတွင် H.I အီစာ ဟိုစိုင်းန်နီ မဇာရီ အစိုးရအနေဖြင့် ရှီအဟ် များနှင့် ပတ်သက်သည့် မူဝါဒကို ရှင်းလင်းစွာ ထုတ်ပြန်ရန် တောင်းဆိုခဲ့ပါတယ်။ အထူးသဖြင့် ရှီအဟ် များ၏ ဥပဒေရေးရာအဆင့်အတန်း ၊ နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးတွင် ပါဝင်ခွင့်တို့ကို ရှင်းလင်းစွာ သတ်မှတ်ပေးသင့်ကြောင်း ၎င်းက ဆိုပါတယ်။
အာဖဂန်နစ္စတန်၏ ရေရှည်တည်တံ့သော တည်ငြိမ်ရေးသည် ရှီအဟ် များအပါအဝင် လူမှုအသိုင်းအဝိုင်းအားလုံး၏ အခွင့်အရေးနှင့် ပါဝင်မှုကို ထည့်သွင်းစဉ်းစားခြင်းမရှိဘဲ ဖြစ်နိုင်မည်မဟုတ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment