အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
အာယာသွလ္လာဟ် မရ်ဝီ က အာဖဂန်နစ္စတန်၏ လတ်တလောအခြေအနေများနှင့် ပတ်သက်၍ ပြောကြားရာတွင် ကဘူးလ်ရှိ ခါသမ်မွန် နဘီယီးန် (ဆွ) ဘာသာရေး တက္ကသိုလ် ကျောင်း အပေါ် တာလီဘန်တို့ ၏ လုပ်ဆောင်မှုကို ရှုတ်ချခဲ့ပါတယ်။ လက်ရှိတာလီဘန်အုပ်ချုပ်ရေး စတင်တည်ထောင်ချိန်မှစ၍ လူမှုရေးနှင့် ဘာသာရေးကဏ္ဍများတွင် ကန့်သတ်ချက်များ ကျယ်ပြန့်စွာ ချမှတ်ခဲ့ကြောင်း ၎င်းက ပြောကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်ရှိ အမျိုးသမီးများ၏ အခြေအနေကို ရည်ညွှန်း၍ တာလီဘန်အစိုးရသည် အစ္စလာမ်ဘာသာအပေါ် ၎င်းတို့၏ သီးခြားအမြင်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်များအရ မသင့်လျော်သည့် လုပ်ဆောင်ချက်များကို ပြုလုပ်ခဲ့ကြောင်း ၎င်းက ဝေဖန်ခဲ့ပါတယ်။
အမျိုးသမီးများ၏ ပညာသင်ကြားခွင့်နှင့် လူမှုရေးကဏ္ဍများစွာတွင် ပါဝင်ခွင့်ကို ကန့်သတ်ခဲ့ပြီးနောက် အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာသူ ရှီအဟ် များအပေါ်လည်း ကန့်သတ်မှုများ ပြုလုပ်လာခဲ့ကြောင်း ဆိုပါတယ်။
ထို့နောက် ရှီအဟ် များ၏ အခွင့်အရေးများကို ကန့်သတ်ခဲ့ပြီး အေမာမ် ဘာရာ များနှင့် ရှီအဟ် စုဝေးသည့်နေရာ များကို ပိတ်ပင်ခဲ့ကြောင်း၊ ယခုအခါ ကဘူးလ်ရှိ ါသမ်မွန် နဘီယီးန် (ဆွ) ဘာသာရေး တက္ကသိုလ် ကျောင်းကြီးအပေါ် တိုက်ခိုက်မှုကိုလည်း တွေ့မြင်နေရကြောင်း ထုတ်ပြန်ထားသော သတင်းများအရ အဆိုပါဖြစ်ရပ်အတွင်း ဘာသာရေးကျောင်းသားအချို့ ဖမ်းဆီးခံခဲ့ရပြီး အချို့မှာ ရိုက်နှက်ခံခဲ့ရကာ ဆရာအချို့ကိုလည်း တာလီဘန်တပ်ဖွဲ့များက ခေါ်ဆောင်သွားခဲ့ကြောင်းအာယာသွလ္လာဟ်က မိန့်ကြားခဲ့ပါတယ်။
အာဖဂန်နစ္စတန်၏ သမိုင်းကို ပြန်လည်လေ့လာရန် တိုက်တွန်း
အာယာသွလ္လာဟ် မရ်ဝီ က တာလီဘန်ခေါင်းဆောင်များအား အာဖဂန်နစ္စတန်၏ သမိုင်းနှင့် နိုင်ငံ၏ တိုးတက်ပြောင်းလဲမှုများတွင် ရှီအဟ် များ၏ အခန်းကဏ္ဍကို ပြန်လည်လေ့လာရန် တိုက်တွန်းခဲ့ပါတယ်။
အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာသူများသည် အာဖဂန်နစ္စတန်ကို ထိန်းသိမ်းရန် နှင့် နိုင်ငံပြိုကွဲခြင်းမှ ကာကွယ်ရန် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်ခဲ့ကြောင်း ရှီအဟ် များသည် အာဖဂန်နစ္စတန်အတွက် မိမိတို့၏ အသက်များကိုပင် စွန့်လွှတ်ခဲ့ကြပြီး နိုင်ငံ၏ အမျိုးသားလုံခြုံရေးအတွက် ပါဝင်ကူညီခဲ့ကြသည့်အပြင် စွန်နီမွတ်စလင်များနှင့်လည်း ညီအစ်ကိုရင်းချာ စိတ်ဓာတ်နှင့် ချစ်ကြည်ရင်းနှီးမှုကို မြင့်မားသည့်အဆင့်အထိ တည်ဆောက်နိုင်ခဲ့ကြောင်း အာယာသွလ္လာဟ် မရ်ဝီ က ဆိုပါတယ်။
ထို့အပြင် အာဖဂန်နစ္စတန်တွင် ရှီအဟ် များ၏ တည်ရှိမှုသည် ဟီဂျရီ ၁ ရာစုကတည်းက ရှိခဲ့ကြောင်း ရည်ညွှန်းပြီး တာလီဘန်တို့၏ ယခင်မျိုးဆက်များသည် ရှီအဟ် များအပေါ် အကြမ်းဖက်မှုနှင့် သတ်ဖြတ်မှုများ မည်မျှပြုလုပ်ခဲ့စေကာမူ ၎င်းတို့ကို အမြစ်ပြတ် ဖယ်ရှားနိုင်ခဲ့ခြင်းမရှိကြောင်း အချိန်ကြာလာသည်နှင့်အမျှ အဲဟ်လေ့ဘိုက်(သ) (အ.စ) ကို လိုက်နာသူများ ပျောက်ကွယ်သွားခြင်းမရှိဘဲ ပိုမိုတိုးတက်ခိုင်မာလာခဲ့ကြောင်းလည်း အာယာသွလ္လာဟ် မရ်ဝီ ကထပ်လောင်းမိန့်ကြား ခဲ့ပါတယ်။
နောက်ဆုံးတွင် အာယာသွလ္လာဟ် မရ်ဝီ က အာဖဂန်ရှီအဟ် များသည် ယနေ့ ဥရောပနှင့် အမေရိကန်တို့တွင်လည်း နေထိုင်ကြပြီး မိမိတို့၏ ဘာသာရေးကို ကိုယ်စားပြုရပ်တည်နေကြကြောင်း ပြောကြားခဲ့ပါတယ်။ ထို့ကြောင့် တာလီဘန်တို့အနေဖြင့် ရှီအဟ် များအပေါ် ယခုကဲ့သို့ လုပ်ဆောင်မှုများကို ရပ်တန့်သင့်ပြီး ယခင်မျိုးဆက်များ အသုံးပြုခဲ့သည့် နည်းလမ်းများသည် အောင်မြင်မှုမရခဲ့သကဲ့သို့ ယခုလည်း ထိုနည်းလမ်းဖြင့် ရလဒ်ကောင်း ရရှိမည်မဟုတ်ကြောင်း သတိပေးမိန့်ကြား ခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment