အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁ နိုဝင်ဘာ ၂၀၂၂

၁၅:၅၉:၄၁
1319472

ရှာဟ်ကြေရာဂ် (အ.စ) ရောင်ဇာတော် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု အဘယ်ကြောင့် ဖြစ်ရကြောင်းပြ ကာတွန်း ။ ။ Cartoon

အဗ်နာ။ ။ ကာတွန်းဆရာ မှ အီရန်နိုင်ငံ ရှီးရာဇ် မြို့ ရှိ ရှာဟ်ကြေရာဂ် (အ.စ) ရောင်ဇာတော် အတွင်း အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ရသည့် အကြောင်း ပီပြင်စွာ သရုပ်ဖော် ရေးဆွဲပြထားခြင်း ဖြစ်ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


အီရန် အစ္စလာမ်မစ် ပြည်သူ့ နိုင်ငံ အပေါ် အမေရိကန် နှင့် မဟာမိတ်နိုင်ငံများ မှ မတရား စီးပွားပိတ်ဆို့  အရေးယူမှု ပြုနေပြီး စီးပွား မပျက်၊ပျက်အောင် ၊ ငွေကြေး ဖောင်းပွ အောင်ပြုခဲ့ကြပါတယ်။ပြုနေပါတယ်။ တစ်ဖက်မှလည်း စီးပွား အခက်အခဲ နှင့်ရင် ဆိုင်ရပြီးကုန်ဈေးနှုန်းများကြီးလာသည့် ဒဏ်ကို မခံနိုင်သည့် ပြည်သူများ အကြား မိမိတို့ကြေးစား သစ္စာဖောက်များကို လွတ်၍ လက်ရှိအစိုးရအား မပုန်ကန်၊ပုန်ကန်အောင် ၊ မဆူပူ ဆူပူအောင် လုပ်ခဲ့ကြ၊လုပ်နေကြပါတယ် ။
အမေရိကန် ၊ အစ္စရေး နှင့်မဟာမိတ်များ နှင့် အီရန် သစ္စာဖောက်များ နှင့် ၎င်းတို့ဘက်လိုက် မီဒီယာ များသည် မည်မျှပင် ယုတ်မာ ကြသည်ဆိုလျင် ရောဂါဒဏ်ကြောင့် သသူအလိုသူ သေဆုံးသွားသည့် အမျိုးသမီးအား ဟေဂျာဗ်မဝတ်လို့ အီရန် ရဲများ မှ မတရား ရိုက်နက်ပြီးသတ်လိုက်သိဟု မတရား သတင်းတုများ အဆက်မပြတ် လွှင့်ကာ အီရန် နိုင်ငံ နှင့် အစ္စလာမ်မစ် အစိုးရ နာမည်ပျက်အောင် ၊ သိက္ခာ ကျအောင် လုပ်ခဲ့ကြ၊လုပ်နေကြပါတယ်။
ရှာဟ်ကြေရာဂ် (အ.စ) ရောင်ဇာတော်  အတွင်း  အကြမ်းဖက် တိုက်ခိုက်မှု ကြောင့် သေဆုံးသွားသူများ နှင့် ဒဏ်ကြရသူများ နှင့်ပတ်သက်ပြီး အမေရိကန် ၊ အစ္စရေး နှင့်မဟာမိတ်များ နှင့် အီရန် သစ္စာဖောက်များ နှင့် ၎င်းတို့ဘက်လိုက် မီဒီယာ များသည် မည်သည့် အသံမျှပင် ထွက်မလာ ကြတော့ချေ။ နှုတ်ဆိတ်  နေကြပါတယ်။
အမေရိကန် ၊ အစ္စရေး နှင့်မဟာမိတ်များ နှင့် အီရန် သစ္စာဖောက်များ နှင့် ၎င်းတို့ဘက်လိုက် မီဒီယာ များသည် မျက်နှာ နှစ်မျိုး ရှိကြသည့် လူယုတ်များ  ဖြစ်ကြပါတယ်။ ၎င်းတို့သည်တစ်ဖက်တွင် ပြည်သူ့ အတွက် ဘာမှ လုပ်မရအောင် အစိုးရအပေါ်  စီးပွားရေး ပိတ်ဆို့ အရေးယူမှုကိုပြုပြီး အခြား တစ်ဘက်တွင် ပြည်သူများ ကို သူတို့အခက်အခဲကို မဖြေရှင်းပေးသည့် အစိုးရ ကို တော်လှန်ဖို့ ပုန်ကန်ဖို့ မြှောက်ပင့် အားပေး ထောက်ပံ့မှုများ ကို ပြုလုပ်နေကြခြင်းဖြစ်ပါတယ်။

****************************************************************
END / 251