အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : m-mediagroup
အင်္ဂါနေ့

၈ နိုဝင်ဘာ ၂၀၂၂

၂၀:၃၁:၀၁
1321497

အရှေ့အလယ်ပိုင်း စိမ်းလန်းရေး စီမံကိန်းအတွက် ဆော်ဒီက ဒေါ်လာ ၂ ဘီလီယံကျော် ထည့်ဝင်မည်

၁၀ နှစ်တာကြာမြင့်မယ့် အရှေ့အလယ်ပိုင်း စိမ်းလန်းရေး စီမံကိန်းမှာ ဆော်ဒီက ကန်ဒေါ်လာ ၂.၅ ဘီလီယံ ထည့်ဝင်ကူညီသွားမယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွဈစလာမ်) သတင်းဌာန ၊ အဗ်နာ

၁၀ နှစ်တာကြာမြင့်မယ့် အရှေ့အလယ်ပိုင်း စိမ်းလန်းရေး စီမံကိန်းမှာ ဆော်ဒီက ကန်ဒေါ်လာ ၂.၅ ဘီလီယံ ထည့်ဝင်ကူညီသွားမယ်လို့ ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ပြောပါတယ်။

အရှေ့အလယ်ပိုင်း စိမ်းလန်းရေး ဒုတိယအကြိမ်မြောက် ထိပ်သီးညီလာခံ Green Initiative Summit ကို အီဂျစ်နိုင်ငံ ရှမ် အလ် ရှိခ်မြို့မှာ မနေ့က ကျင်းပခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ပထမအကြိမ် အစည်းအဝေးနောက်ပိုင်း ဒေသတွင်း ဖြစ်ပေါ်တိုးတက်မှုတွေနဲ့ ရှေ့ဆက် ကြုံတွေ့ရမယ့် စိန်ခေါ်မှုတွေကို ခေါင်းဆောင်တွေက ဆွေးနွေးခဲ့ကြပါတယ်။

အရှေ့အလယ်ပိုင်း စိမ်းလန်းရေး စီမံကိန်းမှာ ဒေသတွင်း ကာဘွန်ထုတ်လွှတ်မှုကို ၆၀ ရာခိုင်နှုန်းအထိ လျော့ချရေး၊ အပင်ပေါင်း ဘီလီယံ ၅၀ စိုက်ပျိုးရေး၊ မြေဧရိယာ ဟက်တာ သန်း ၂၀၀ ကို မြေရိုင်းကနေ စိုက်ပျိုးမြေဖြစ်အောင် ပြုပြင်ရေး၊ ကမ္ဘာ့ ကာဘွန်ထုတ်လုပ်မှုကို ၂.၅ ရာခိုင်နှုန်း လျော့ချရေး စတဲ့ ရည်မှန်းချက်တွေ ပါဝင်ပါတယ်။

ဆော်ဒီဟာ ၂၀၅၀ ခုနှစ်ရောက်ရင် ကာဘွန်ထုတ်လွှတ်မှု လုံး၀ မရှိဖို့ ရည်မှန်းထားပြီး၊ လျှပ်စစ်ဓာတ်အားရဲ့ ၅၀ ရာခိုင်နှုန်းကို ၂၀၃၀ ရောက်ရင် ပြည့်ဖြိုးမြဲ စွမ်းအင်ကနေ ထုတ်လုပ်နိုင်ရေး ဆောင်ရွက်နေပါတယ်။

၂၀၃၅ ခုနှစ်အရောက်မှာ ကာဘွန်ထုတ်လုပ်မှု ၄၄ သန်းလောက်ကို ဆော်ဒီက လျော့ချနိုင်မှာပါ။

****************************************************************
END / 251