အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : mizzimaburmese
စနေနေ့

၁၂ နိုဝင်ဘာ ၂၀၂၂

၂၁:၀၇:၀၀
1322577

ZFU/PDF Zoland မှ ပထမအကြိမ် ဒရုန်းသင်တန်းဆင်းပွဲ ကျင်းပ

ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Zomi Federal Union (PDF Zoland) ၏ Engineering & Innovation Department မှ ပြုလုပ်ခဲ့သော Drone Training Batch -1 သင်တန်းဆင်းပွဲအခမ်းအနားအား နိုဝင်ဘာလ ၁၀ ရက် ည ၇ နာရီတွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ချင်းပြည်နယ်အခြေစိုက် ချင်းတော်လှန်ရေးအဖွဲ့အစည်း တစ်ခုဖြစ်သည့် Zomi Federal Union (PDF Zoland) ၏ Engineering & Innovation Department မှ ပြုလုပ်ခဲ့သော Drone Training Batch -1 သင်တန်းဆင်းပွဲအခမ်းအနားအား နိုဝင်ဘာလ ၁၀ ရက် ည ၇ နာရီတွင် အောင်မြင်စွာကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းကို CDF - Mindat၊ Eagle၊ ZFU/PDF Zoland မှ ပြည်သူ့ကာကွယ်ရေးတပ်သားများ တက်ရောက်ခဲ့ပြီး ဒရုန်းတပ်ဆင်ခြင်းနှင့် မောင်းနှင်ခြင်း သင်ခန်းစာများကို စာတွေ့၊ လက်တွေ့သင်ယူခဲ့ကြကြောင်း သိရသည်။

သင်တန်းဆရာအဖြစ် Zomi Federal Union (PDF Zoland) ၏ Engineering & Innovation မှ ဆရာ Omega မှ တာဝန်ယူဆောင်ရွက်ခဲ့ပြီး စာတွေ့၊ လက်တွေ့သင်ယူမှုများအတွက် သင်တန်းချိန် နာရီ ၂၀၀ ကြာမြင့်ခဲ့ကြောင်း ဆရာ Omega က ဆိုသည်။

''တော်လှန်ရေးမှာ မြန်မြန်ပြီးမြောက် အောင်မြင်နိုင်အောင် တစ်ဖက်တစ်လမ်းကနေ ပါဝင်တာပါ။ ကျွန်တော့်အနေနဲ့ လက်နက်ပစ္စည်းထောက်ပံ့မှုပိုင်းမှာ မပါဝင်နိုင်တဲ့အတွက် ကျွန်တော်တတ်ကျွမ်းတဲ့ နည်းပညာကို မျှဝေရခြင်း ဖြစ်ပါတယ်။ ''ဟု သင်တန်းဆရာ Omega က မဇ္ဈိမကို ပြောသည်။

သင်တန်းဆင်းပွဲအခမ်းအနားတွင် ဇိုမီးလွှတ်တော်အမတ်များ၊ ZFU ခေါင်းဆောင်များနှင့် ဇိုမီး တေးရေး၊ တေးဆို ကိုထွဏ်းခမ်တို့မှ သင်တန်းဆင်းရဲဘော်များအား ဂုဏ်ပြုအားပေးစကားပြောကြားခဲ့ပြီး ZFU/PDF Zoland commander Gideon မှ ဂုဏ်ပြုလက်မှတ်များ ပေးအပ်ချီးမြှင့်ကာ CDF - Mindat ရဲဘော်တစ်ဦးမှ ကျေးဇူးတင်စကားပြောကြားခဲ့ကြောင်း သိရသည်။

ZFU/ PDF Zoland ၏ ဒရုန်းတပ်ရင်း Engineering & Innovation ဌာနမှ ကင်းထောက် Drone၊ တိုက်ခိုက်ရေး Drone နှင့် သယ်ယူပိုဆောင်ရေး Drone ဟူ၍ ဒရုန်းကို အမျိုးအစားသုံးမျိုးခွဲကာ တီထွင်ထားနိုင်ပြီး အခြားကာကွယ်ရေးတပ်ဖွဲ့များအတွက်ပါ ကူညီတပ်ဆင်ထားပေးခြင်းမျိုးလည်း ရှိခဲ့သည်။

PDF Zoland ၏ လက်ရှိ ရေးဆွဲထားသော ပရော့ဂျက်မှာ မိုင်ပေါင်းများစွာပျံသန်းနိုင်သော ဒရုန်းများတီထွင်ပြီး အာဏာသိမ်းစစ်ကောင်စီတပ်အား တိုက်စစ်ဆင် တိုက်ခိုက်နိုင်ရန် ဖြစ်သည်။

အနာဂတ်တွင် ငွေကြေးအင်အားတောင့်တင်းခိုင်မာလျှင် ဒရုန်းနှင့်သက်ဆိုင်သည့် Frequency နှင့် Rader ဖြတ်သန်းနိုင်မည့် ဒရုန်းများကို နိုင်ငံတကာရှိကောလိပ်၊ တက္ကသိုလ်များမှ ကျောင်းသားများနှင့် ပညာရှင်များပူးပေါင်းကာ နည်းပညာများတိုးတက်စေရန်ပြုလုပ်ပြီး မိမိတို့နေရာဒေသနှင့် ကိုက်ညီမည့်ဒရုန်းများ ဆက်လက်တီထွင်သွားမည်ဖြစ်ကြောင်းလည်း ZFU/ PDF Zoland ၏ ဒရုန်းတပ်ရင်း Engineering & Innovation ဌာနထံက သိရသည်။

ထို့အပြင် Zomi Federal Union (PDF Zoland) က ခါးချိုးကျည်များ တီထွင်အောင်မြင်ကြောင်း စက်တင်ဘာလ ၇ ရက်နေ့တွင် ၎င်းတို့၏ လူမှုကွန်ရက်စာမျက်နှာ၌ ထုတ်ပြန်ကြေညာခဲ့သည်။

****************************************************************
END / 251