အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
လက်ဘနွန် အမျိုးသားသိပ္ပံသုတေသနကောင်စီလက်အောက်ရှိ အမျိုးသားဘူမိရူပဗေဒစင်တာ၏ ဒါရိုက်တာ မာလင်း အယ်လ်ဘရာက်စ်က အစ္စရေး၏ တောင်လက်ဘနွန် ပေါက်ကွဲမှုများကြောင့် ဖြစ်ပေါ်သည့် လှိုင်းများကို စင်တာက မှတ်တမ်းတင်ထားကြောင်း ပြောကြားခဲ့ပါတယ်။
၎င်းက အဆိုပါလှိုင်းများသည် ရစ်ချ်တာစကေး ၄.၂ အဆင့် မြေငလျင်နှင့် နှိုင်းယှဉ်နိုင်သည့် အင်အားရှိခဲ့ကြောင်း ဆိုပါတယ်။ အလီအလ်သွာဟေရ် တောင်ကုန်း ပေါက်ကွဲမှုသည် မှတ်တမ်းတင်ထားသမျှထဲတွင် အကြီးမားဆုံးဖြစ်ပြီး၊ ထို့နောက် ရှကီးဖ်ဒေသ ပေါက်ကွဲမှုက ဒုတိယအကြီးဆုံးဖြစ်ကြောင်းလည်း ရှင်းပြခဲ့ပါတယ်။
အကြီးစားပေါက်ကွဲမှုများသည် မြေအောက်တွင် ဖိအားပိုမိုဖြစ်ပေါ်စေနိုင်ပြီး ယင်းဖိအားသည် မြေပြင်အောက်ရှိ ပြတ်ရွေ့ကြောများအပေါ် ရှိနှင့်ပြီးသား ဖိအားများနှင့် ပေါင်းစပ်နိုင်ကြောင်း အယ်လ်ဘရာက်စ်က ဆိုပါတယ်။ သို့သော် လက်ရှိအခြေအနေတွင် ထိုဖိအားပမာဏကို တိတိကျကျ သတ်မှတ်နိုင်ခြင်းမရှိသေးသလို၊ ကျောက်သားများ ပြိုကွဲခြင်း သို့မဟုတ် တုန်ခါမှုနှင့် မြေငလျင်များ ဖြစ်ပေါ်စေရန် လုံလောက်မှုရှိ၊ မရှိကိုလည်း အတည်ပြု၍ မရသေးကြောင်း ပြောကြားခဲ့ပါတယ်။
ထိုပေါက်ကွဲမှုများ၏ နောက်ဆက်တွဲသက်ရောက်မှုကို သိရှိနိုင်ရန် သဘာဝမြေငလျင်လှုပ်ရှားမှုများကို တိကျစွာ စောင့်ကြည့်လေ့လာရန် လိုအပ်ကြောင်း ၎င်းက အလေးပေးပြောကြားခဲ့ပါတယ်။
ပေါက်ကွဲမှုများအပြီးတွင် မြေငလျင်လှုပ်ရှားမှု၌ ပုံမှန်မဟုတ်သည့် ပြောင်းလဲမှုများ တွေ့ရှိပါက စိုးရိမ်ဖွယ်ရာ လက္ခဏာတစ်ရပ် ဖြစ်နိုင်ပြီး ထပ်မံ၍ သိပ္ပံနည်းကျ စောင့်ကြည့်လေ့လာရန် လိုအပ်မည်ဖြစ်ကြောင်းလည်း ၎င်းက ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment