အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၆ နိုဝင်ဘာ ၂၀၂၂

၀၇:၅၅:၅၁
1323566

မဟာတမန်တော်မြတ်ကြီး မိုဟမ္မဒ် (ဆွ) နှင့် အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ မှတ်သားကျင့်သုံး ရမည့် ဟဒီးစ်တော် အပါး (၄၀) အား အဗ်နာ ချစ်ပရိတ်သတ်ကြီး အတွက် တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ဟဒီးစ်တော် (၁)

ဧည့်သည် ၊ ဖခင် ၊ ဆရာ တို့ နှင့် ဆက်ဆံရမည့် နည်း

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامیرالمومنین علیه السلام:

اَكرِمْ ضَیْفَكَ وَ اِن كانَ حقیراً وَ قُم عَن مَجلِسِكَ لِأِبیكَ وَ مُعَلِّمِكَ و إنْ كُنتَ امیراً .

 

အမီးရွလ်မိုအ်မေနီး အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။

ဧည့်သည် အား ဂုဏ်သိက္ခာ ပေးပါလေ။ ယုတ်စွာ (အသင်၏ အမြင်တွင်)  လူလိမ် ၊ သာမန် သူပင် ဖြစ်နေပါစေ ။ ပြီးနောက် ယုတ်စွာ  အသင် ကိုယ်တိုင် အုပ်ချုပ်သူ ၊ အာဏာ ရှိသူ ပင် ဖြစ်နေပါစေ မိမိဖခင် နှင့် ဆရာသမား အတွက် ရိုသေလေးစားမှု နှင့် အတူ မတ်တပ်ထ ရပ်ပါလေ။

 

ကျမ်းကိုး ။ ။ ဖဲဟ်ရစ်စေဂိုရရို ၊ စာမျက်နှာ ၂၁၁

 

ဟဒီးစ်တော် (၂)

အိမ်တွင်ဧည့်သာ လာခြင်း ကောင်းချီး မင်္ဂလာ

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

الضَّیفُ یَنزِلُ بِرِزقِهِ وَ یَرتَحِلُ بِذُنوبِ أهلِ البَیتِ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ဧည့်သည်၊ သည်  (အိမ်ရှင်အိမ်သို့) မိမိ၏ ရိုဇီကို ယူ၍ လာပါသည်။ပြီးနောက် အိမ်သို့ ပြန်ချိန် အိမ်ရှင်မိသားစု ၏ ဂိုနဟ်(ခ)အပြစ်အား ခွင့်လွတ်စေပါသည်။

ကျမ်းကိုး ။ ။မွတ်စ်ဒရာက်ကျမ်း ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၂၅၈

 

 

ဟဒီးစ်တော် (၃)

ဟဇရသ် အလီ (အ.စ) ၏ အဆင့်အတန်း နေရာ

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

یَا عَلِیُّ لَوْ أَنَّ عَبْداً عَبَدَ اللَّهَ مِثْلَ مَا قَامَ نُوحٌ فِی قَوْمِهِ وَ کَانَ لَهُ مِثْلُ أُحُدٍ ذَهَباً فَأَنْفَقَهُ فِی سَبِیلِ اللَّهِ وَ مُدَّ فِی عُمُرِهِ حَتَّى حَجَّ أَلْفَ عَامٍ عَلَى قَدَمَیْهِ ثُمَّ قُتِلَ بَیْنَ الصَّفَا وَ الْمَرْوَةِ مَظْلُوماً ثُمَّ لَمْ یُوَالِکَ یَا عَلِیُّ لَمْ یَشَمَّ رَائِحَةَ الْجَنَّةِ وَ لَمْ یَدْخُلْهَا.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

အိုအလီ (အ.စ) ! အကြင်မည်သူမဆို ဟဇရသ် နူးဟ် (အ.စ) သည် မိမိ၏ လူမျိုးများတွင် ပြုလုပ်သည့် အေဗါဒသ် နှင့် အညီ အေဗါဒသ် ပြုမည် ၊ပြီးနောက် အိုဟွဒ်တောင် ပမာ  ရွှေအား အလ္လာဟ်ဟိုအရှင်မြတ် ၏လမ်းတွင် လှူဒါန်း မည်ပြီးနောက် အသက် အရှည်ကြီး နေထိုင်ပြီး အနှစ် တစ်ထောင် ခြေလျင် ဟဂျ် ပြုမည် ပြီးနောက် ဆဖရ် နှင့် မရ်ဝဟ်တောင် အကြား ရက်ရက်စက်စက် လည်း အသက်ခံရမည် ၊  သို့သော် သူအနေဖြင့် အသင်အား မောင်လာ (ဘက်စုံအုပ်ထိန်းသူ) အဖြစ် လက်မခံဘူးဆိုလျင် (မနှစ်သက်မည်ဆိုလျင်) လည်းကောင်းသည် ဂျန္နသ်သုခဘုံ ၏ အနံ့ ကို ပင်ရှုခွင့်ရမည်မဟုတ်ချေ။ ဂျန္နသ်သုခဘုံတွင် လည်း ဝင်ရောက်ရမည် မဟုတ်ချေ။

ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါ ကျမ်း ၊ အတွဲ ၂၇ ၊ စာမျက်နှာ ၁၉

 

ဟဒီးစ်တော် (၄)

ဧည့်သည်၏ ကောင်းချီး မင်္ဂလာ


ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

الضَّیفُ اذا دَخَلَ بَیتَ المُؤمِنِ دَخَلَ مَعَهُ اَلفُ بَركَةٍ وَ الفُ رحمةٍ وَ یَكْتُبُ اللهُ لِصاحِبِ المَنزِل بِكُلّ لُقمَةٍ یأكُلُها الضَّیفُ حَجةً و عُمرةً.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

မိုအ်မင် ၏အိမ်တွင် ဧည့်သည် ရောက်လာမည်ဆိုလျင် ကောင်းချီး မင်္ဂလာ ၁၀၀၀ ၊ ရဲဟ်မသ်တော် ၁၀၀၀  မိမိနှင့် အတူ ယူဆောင်လာလေ၏။ ဧည့်သည် စားသောက်သည့် ထမင်းလုတ်တိုင်း အစားလုတ်တိုင်း ၏ အစား အိမ်ရှင် ၏ ကောင်းမှု မှတ်တမ်းတွင် ဟဂျ် တစ်ခု အိုမရဟ် တစ်ခု အလ္လာဟ်ဟို အရှင်မြတ် မှ ရေးမှတ်စေတော်မူပါသည်။

ကျမ်းကိုး ။ ။လအာလီယိုလ်အက္ခ်ဗါ ကျမ်း ၊ အတွဲ ၃ ၊ စာမျက်နှာ ၆၆

 

 

ဟဒီးစ်တော် (၅)

ရှဟီးဒ် မိသားစု ၏ကြီးမြတ်မှု

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

يَقُولُ اللَّهُ عَزَّ وَ جَلَّ أَنَا خَلِيفَتُهُ‏ فِي‏ أَهْلِهِ‏ وَ مَنْ أَرْضَاهُمْ فَقَدْ أَرْضَانِي وَ مَنْ أَسْخَطَهُمْ فَقَدْ أَسْخَطَنِي‏ .

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

အလ္လာဟ်ဟို အရှင်မြတ် မိန့်တော်မူသည်။ ငါကိုယ်တိုင် ရှဟီးဒ် မိသားစုဝင် ၏ ကိုယ်စားလှယ် တော် ဖြစ်လေ၏။အကြင်မည်သူမဆို လည်းကောင်းတို့အား ကျေနပ်အောင် ပြုလုပ်မည်ဆိုလျင် ၊ ငါ လည်း၊ လည်းကောင်း ကိုကျေနပ်တော်မူမည်။ အကြင်မည်သူမဆို လည်းကောင်းတို့အား စိတ်ပျက် စိတ်ညစ်အောင်ပြုမည်ဆိုလျင် ငါအား စိတ် ပျက် ၊ စိတ်ညစ်အောင် ပြုခြင်း ဖြစ်ပေသည်။

ကျမ်းကိုး ။ ။ ဆဟီးဖသိုရ်ရေဇာ (အ.စ)  ကျမ်း ၊ ၉၂

 

 

ဟဒီးစ်တော် (၆)

ကေယမသ်နေ့  စာရင်းအင်းလွယ်ကူစေမည့် အလုပ်

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

 قال الصادق علیه السلا :

اِنَّ صِلَةَ الرَّحِمِ تُهَوِّنُ الْحِسابَ يَوْمَ الْقِيامَ .

အေမာမ် ဂျအ်ဖရ်ဆွာ ဒစ်က် (အ.စ) မိန့်တော် မူ၏။

ဧကန်မုချ စေလဟ်ရဲဟ်မီ (မိဖ၊ညီအစ်ကိုမောင်နှမ၊ဆွေမျိုးများကို ကြည့်ခြင်း၊ကူခြင်း) သည် ကေ,မသ်နေ့တွင် စာရင်းအင်းအား လွယ်ကူစေမည်ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါ ကျမ်း ၊ အတွဲ ၂၇ ၊ စာမျက်နှာ ၁၉၊ ဟဒီးစ်တော် ၂၉၃

 

ဟဒီးစ်တော် (၇)

အေဗါဒသ် ပြုသူ လူငယ် တစ်ဦး ၏ ကြီးကျယ် မြင့်မြတ်မှု

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

فَضلُ الشّابِّ العابِدِ الذي تَعَبَّدَ في صِباهُ على الشيخِ الذي تَعَبَّدَ بعدَ ما كَبِرَت سِنُّهُ كَفَضلِ المُرسَلِينَ على سائرِ الناسِ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

အေဗါဒသ် ပြုသူလူငယ် တစ်ဦး သည် လူငယ်ဘဝတွင် အလ္လာဟ့်၏ကျေးကျွန်ပီသအောင် ပြုလုပ်မည်ဆိုလျင် လည်းကောင်းသည် အဖိုးကြီးဖြစ်မှ အဖိုးကြီးဘဝတွင် အလ္လာဟ့်၏ကျေးကျွန်ပီသအောင် စလုပ်သူထက် အလ္လာဟ်၏ တမန်တော်မြတ်(ဆွ) သည် အခြား သူများ ထက် ပိုမို၍  မြင့်မြတ်သာ လွန် သကဲ့သို၌ မြင့်မြတ် သာလွန်ပါသည်။

ကျမ်းကိုး ။ ။ကန်ဇိုလ်အမါလ်ကျမ်း ၊ ဟဒီးစ်တော် ၄၃၀၅

 

ဟဒီးစ်တော် (၈)

ဘတွင် ပျော်ရွှင်ရန် အတွက် အလုပ် ၃ ခု

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 قال الصادق علیه السلام:

 

لاتَطيبُ السُكنى إلاّ بِثَلاثٍ: الهَواءِ الطَّيِّبِ وَ الماءِ الغَزيرِ العَذبِ و الأرضِ الخَوّارَةِ.

 

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

ဘဝအားအရာ ၃ခု ဖြင့် ပျော်ရွှင်သာယာစေပါသည်။

၁။ သန့်ရှင်းသည့်လေ

၂။ချိုမြသည့် ရေ

၃။နူးညံ့သည့် မြေ ( စိုက်ပျိုးရန် ပြင်ဆင်ထားသည့် မြေ)  ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ သိုဟ်ဖသိုလ်အိုကူးလ် ကျမ်း ၊ စာမျက်နှာ ၃၂၀

 

 

ဟဒီးစ်တော် (၉)

ရမ်တွာန်၏ အဓိပ္ပာယ်

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

 

إنّما سُمِّیَ الرَّمَضانُ لأنّهُ یَرمَضُ الذُّنوبَ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ရမ်တွာန် အား ဤ အတွက်ကြောင့် ရမ်တွာန်ဟုခေဂဆိုရပါသည်။ အကြောင်းမှာ ဂိုနဟ်များကို လောင်းကျွမ်းစေသည့် အတွက်ကြောင့် ဖြစ်ပါသည်။

ကျမ်းကိုး ။ ။ မီးဇန်နိုလ်ဟေက်မဟ် ကျမ်း ၊ ဟဒီးစ်တော် ၇၄၄၁

 

 

ဟဒီးစ်တော် (၁၀)

လမြတ်ရမ်တွာန် ၏ ကြီးကျယ် မြင့်မြတ်မှု

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

 

إنَّ أبوابَ السَّماءِ تُفتَحُ في أوَّلِ لَيلَةٍ مِن شَهرِ رَمَضانَ و لاتُغلَقُ إلى آخِرِ لَيلَةٍ مِنهُ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ကောင်းကင်တံခါး များ အား လမြတ်ရမ်တွာန် ၏ ပထမည တွင် ဖွင့်ပေးပြီး နောက်ဆုံး ည အထိ မပိတ်ဘဲ ရှိပါသည်။

ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါ ကျမ်း ၊ အတွဲ ၉၆ ၊ စာမျက်နှာ ၃၄၄

 

ဟဒီးစ်တော် (၁၁)

အစားနည်းနည်းစားခြင်း ၏ အကျိုးကျေးဇူး

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 قال الامام العلی علیه السلام:

قِلَّةُ الْغِذاءِ اَكْرَمُ لِلنَّفسِ وَ أدْوَمُ لِلصَحَّةِ.

အေမာမ် အလီ (အ.စ) မိန့်တော် မူ၏။

အစားနည်းနည်းစားခြင်းသည် မနုဿလူသား ၏ကေရမသ် (ခ)ဘုန်းအနုဘော်  ကို ပိုမိုစေပြီး ကျန်းမားရေးကို ရှင်သန် စေပါ သည်။

ကျမ်းကိုး ။ ။ မွတ်စ်သဒရာက် ကျမ်း ၊ ဟဒီးစ်တော် ၁၉ ၊ အတွဲ ၁၆ ၊ စာမျက်နှာ ၂၁၄

 

 

ဟဒီးစ်တော် (၁၂)

ကျမ်းတော်မြတ်ကုရ်အာန် နှင့် ပတ်သက်ပြီး ဆုံးမ စကား

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 قال الامام العلی علیه السلام:

 

عـَلَيـْكـُمْ بـِكـِتـابِ اللّهِ، فـَاِنَّهُ الْحـَبـْلُ الْمـَتينُ وَالنُّورُ الْمُبينُ، وَالشِّفاءُ النّافِعُ وَالرِّىُّ النّاقِعُ وَالْعِصْمَةُ لِلْمُتَمَسِّكِ وَالنَّجاةُ لِلْمُتَعَلِّقِ.

 

အေမာမ် အလီ  (အ.စ) မိန့်တော် မူ၏။

အလ္လာဟ်၏ ကျမ်းမြတ်အား ဆုပ်ကိုင်ထားပါလေ။ အကြောင်းမှာ ဤကျမ်းသည် မြံမြဲခိုင်ခံ့ သည့် ကြိုးတော် ၊ ကြည်လင်တောက်ပသည့်အလင်းရောင် ၊ အကျိုးပေးသည့် ပျောက်ကင်းမှု ၊ ရေဆာမှုကိုဖြည့် စွက် ပေးသည့် ရေထွက် နေရာဖြစ် ပါသည်။ အကြင်မည်သူမဆို  ဤကျမ်းမြတ် အား ဆုပ်ကိုင် မည်ဆိုလျင် လည်းကောင်း သူ အတွက် ကာကွယ်မှုကို ပြုပေးပါသည်။ အကြင်မည်သူမဆို လည်းကောင်း ကျမ်းမြတ်ထံ ခိုလုံမည်ဆိုလျင် လည်းကောင်း အား လွတ်မြောက်မှု ကို ဖြစ်စေပါသည်။

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂါဟ် ကျမ်း ၊ ခွသ်ဗါဟ်အမှတ် ၁၅၅

 

ဟဒီးစ်တော် (၁၃)

အလှဆုံး ဝတ်စုံ

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال امیرالمومنین علیه السلام:

لا لِباسَ أجمَلُ مِنَ السَّلامَةِ .

 

အမီးရွလ်မိုအ်မေနီး အေမာမ် အလီ  (အ.စ) မိန့်တော် မူ၏။

အေးချမ်းသာယာခြင်း၊လုံခြုံစိတ်ချရခြင်းထက် လှပသည့်  ဝတ်စုံမရှိချေ။

ကျမ်းကိုး ။ ။ သောင်ဟီးဒ် ကျမ်း ၊ ၁၇/၇၄

 

 

ဟဒီးစ်တော် (၁၄)

အေမာမ်ဇမာန်း (အ.ဂျ) ၏ ဘဝ တည်ဆောက်ပုံ

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الصادق علیه السلام:

 

اِنَّ قائِمَنا اِذا قامَ لَبِسَ لِباسَ عَلىٍّ عليه‏ السلام وَ سـارَ بِسيـرَتِه .

အေမာမ်ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

ငါတို့၏ ကာအေမ် (အ.ဂျ) ဖွင့်သည့် အချိန် ဟဇရသ် အလီ (အ.စ) ၏ အဝတ်ကို ဝတ်ဆင်ထာပါမည်၊ ပြီးနောက် အေမာမ် အလီ (အ.စ) ၏ ဘဝ တည်ဆောက်ပုံ အတိုင်း ဘဝတည်ဆောက်ပေမည်။

ကျမ်းကိုး ။ ။ဝဆာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၃ ၊ စာမျက်နှာ ၃၄၈ ၊ ဟဒီးစ်တော်  ၇

 

ဟဒီးစ်တော် (၁၅)

လမြတ်ရမ်တွာန်  နှင့်ပတ်သက်သည့် အရေးကြီး မေးခွန်း တစ်ခု

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

مَنْ لم يُغفَرْ لَهُ في شَهرِ رمضانَ ففِيأيِّ شهرٍ يُغفَرُ لَهُ ؟!

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

လမြတ်ရမ်တွာန် တွင် ခွင့်လွတ်ပလပ်တော်မူ ခြင်း မရရှိသူသည် မည်သည့် လတွင် ရရှိမည်နည်း ?

ကျမ်းကိုး ။ ။ အလ်အမါလီယိုဆူဒူက်  ကျမ်း ၊ ၁၀၇/၇၉

 

 

ဟဒီးစ်တော် (၁၆)

မာန်မာနကြီးသူများ အတွက် ဆုံးမစကား

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 قال امیرالمومنین علیه السلام:

ضَعْ فَخرَكَ، واحطُطْ كِبرَكَ، واذكُرْ قَبرَكَ.

 

အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ)  မိန့်တော် မူ၏။

ဂုဏ်ဖော်ဂုဏ်ယူ (ပြ)ခြင်းကို ပယ်ဖျောက်ပါလေ။ မာန်မာန ထားခြင်းကိုချေဖျက်ပါလေ။ပြီးနောက် သြေခင်းတရား ကိုလည်း သတိရပါလေ။

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂါဟ်  ကျမ်း ၊ ဟေက်မသ် တော် အမှတ် ၃၉၈

 

 

ဟဒီးစ်တော် (၁၇)

ဂိုနဟ်(ခ)အပြစ် မလုပ်သူ၏ နေရာ

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 قال الامام العلی علیه السلام:

مَا المُجَاهِدُ الشَّهِیدُ فِی سَبِیلِ اللَّهِ بِأَعْظَمَ أَجْراً مِمَّن قَدَرَ فَعَفَّ لَکادَ العَفِیفُ أَنْ یکونَ مَلَکاً مِنَ الْمَلَائِکةِ .

 

အမီးရွလ်မိုအ်မေနီ အေမာမ် အလီ (အ.စ)  မိန့်တော် မူ၏။

အလ္လာဟ်၏လမ်းတွင် ရှဟီးဒ် ဖြစ်သွားသူသည်  ဂိုနဟ်(ခ) အပြစ်လုပ်နိုင်သည့် စွမ်းအား ရှိလျက် မလုပ်သူထက်ပိုမိုပြီး အကျိုးဆဝါးဗ် မရှိချေ။ တစ်နည်းအားဖြင့် အပြစါမလုပ်သူ လူသားသည် ကောင်းကင်တမန်များ မှ တစ်ပါး  ဖြစ်ပါသည်/

ကျမ်းကိုး ။ ။ နဲဟ်ဂျိုလ်ဗလာဂါဟ်  ကျမ်း ၊ ဟေက်မသ် တော် အမှတ် ၄၇၄

 

 

ဟဒီးစ်တော် (၁၈)

ဟဇရသ် ခဒီဂျဟ် (စ.အ) ပမာ မည်သူရှိပါသနည်း ?

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

 

أَيْنَ مِثْلُ خَدِيجَةَ صَدَّقَتْنِي حِينَ كَذَّبَنِي النَّاسُ‏ وَ وَازَرَتْنِي عَلَى دِينِ اللَّهِ وَ أَعَانَتْنِي عَلَيْهِ بِمَالِهَا إِنَّ اللَّهَ عَزَّ وَ جَلَّ أَمَرَنِي أَنْ أُبَشِّرَ خَدِيجَةَ بِبَيْتٍ فِي الْجَنَّةِ مِنْ قَصَبِ الزُّمُرُّدِ لَا صَخَبَ فِيهِ وَ لَا نَصَب .

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

ဟဇရသ် ခဒီဂျဟ် (စ.အ) ပမာ မည်သူမျှ မရှိပါ ။လူထု ကျနော်အား လူလိမ်ဟု စွပ်စွဲနေချိန် သူမမှ ကျနော်လူမှန် ဖြစ်ကြောင်း ထေက်ခံခဲ့ပါသည်။ ပြီးနောက် အလ္လာဟ်၏ သာသနာတော် တိုးတက် ရန်မိမိ၏ စည်းစိမ်ဥစ္စာ များဖြင့် ကျနော်ကို ကူညီဖေးမခဲ့ပါသည်။ အလ္လာဟ် ဟို အရှင်မြတ်မှ ကျနော်အားအမိန့် ပေးတော်မူပါသည်။ဟဇရသ် ခဒီဂျဟ်  (စ.အ)  အား ဂျန္နသ်သုခဘုံတွင် မြ နန်းတော် ရှိကြောင်း သတင်းကောင်းပေးပါလေ။ လည်းကောင်းနေရာတွင် မည်သည့် ဝမ်းနည်းပူဆွေးမှု ၊ ပင်ပန်မှုမျှ ရှိမည် မဟုတ်ချေ။

ကျမ်းကိုး ။ ။ ဗေဟာရွလ်အန်နဝါ ကျမ်း ၊ အတွဲ ၄၃ ၊ စာမျက်နှာ ၁၃၁

 

ဟဒီးစ်တော် (၁၉)

ကံကောင်းသူရိုဇဟ်သမား

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال رسول اللہ صلی الله علیه و آله و سلم :

طُوبى لِمَنْ ظَمَـأَ أَوْجـاعَ لِلّهِ اُولئِكَ الَّذينَ يَشْبَعُونَ يَوْمَ الْقِيامَةِ.

 

မဟာတမန် တော်မြတ်ကြီး မိုဟမ္မဒ် ( ဆွလ်လ္လာဟ် ဟို အလိုင်းဟေ ဝအာလေဟီ ဝစလာမ် ) မိန့်တော် မူ၏။

လည်းကောင်းသူများ သည် (ဤလောကတွင်) ကံကောင်းသူများ ဖြစ်ကြပါသည်။ အ‌ ကြောင်းမှာအလ္လာဟ် နှစ်မြို့ မှု အတွက် အစားအငတ်ခံ ရေအငတ်ခံ ကြပါသည်။  ဤသူများသည် ကေယမသ်နေ့ တွင် ဗိုက်ပြည့် (ဗိုက်မဆာသူများ) ဖြစ်ပေမည်။

ကျမ်းကိုး ။ ။ ဝဆာအေလွတ်ရှ်ရှီအဟ် ကျမ်း ၊ အတွဲ ၇ ၊ စာမျက်နှာ ၂၉၉ ၊ ဟဒီးစ်တော် ၃

 

ဟဒီးစ်တော် (၂၀)

အလ္လာဟ်အချစ်ဆုံး အဖန်ဆင်းခံ

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 

قال الامام الصادق علیه السلام:

 

إنَّ أحَبَّ الخَلائِقِ إلَى اللّه ِتَعالى شابٌّ حَدَثُ السِّنِّ في صورَةٍ حَسَنَةٍ، جَعَلَ شَبابَهُ وجَمالَهُ في طاعَةِ اللّه ِ تَعالى، ذاكَ الَّذي يُباهِي اللّه ُ تَعالى بِهِ مَلائِكَتَهُ، فَيَقولُ: هذا عَبدي حَقّا.

 

အေမာမ် ဂျအ်ဖရ်ဆွာဒစ်က် (အ.စ) မိန့်တော် မူ၏။

အဖန်ဆင်းခံများ တွင် အလ္လာဟ် အချစ်ဆုံး အဖန်ဆင်းခံမှာ အသက်ငယ် ပြီး လှပသူ ဖြစ်ပါသည်။လည်းကောင်း အနေ ဖြင့် မိမိ၏ ငယ်ရွယ်နုပျို မှု နှင့် လှပမှု အား အလ္လာဟ် ၏အမိန့် နာခံမှု လမ်းတွင် အသုံ ပြုခဲ့ပါသည်။အလ္လာဟ်ဟို အရှင်မြတ်သည် ကောင်းကံတမန် များ အကြား လည်းကောင်းအတွက် ဂုဏ်ယူတော် မူပါသည်။ ပြီးနောက် ဤသည် ငါ၏ စစ်မှန်သည့် ကျေးကျွန် ဖြစ်သည်ဟု မိန့်တော် မူ လေသည်။

ကျမ်းကိုး ။ ။အေလါမ်မွတ်ဒ်ဒီးန် ကျမ်း ၊ စာမျက်နှာ ၁၂၀

 

****************************************************************

END / 251