အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၂ နိုဝင်ဘာ ၂၀၂၂

၀၅:၄၆:၀၄
1325279

အီရတ်နိုင်ငံ ကိုရ်ဒစ်တန် (ခ)ကာဒစ်စတန် ရှိ Democrats of Iran Kurdistan အဖွဲ့အား အီရန် အစ္စလာမ်မစ်အစောင့်တပ်မှ ဒရုန်းများ ဖြင့်တိုက်ခိုက်

အီရတ်နိုင်ငံ ကိုရ်ဒစ်တန် (ခ)ကာဒစ်စတန် ရှိ Democrats of Iran Kurdistan အဖွဲ့အား အီရန် အစ္စလာမ်မစ်အစောင့်တပ်မှ ဒရုန်းများ သုံး၍ ဒုံးကျည်များ နှင့် ဖြင့်တိုက်ခိုက် ခဲ့ကြောင်း သိရှိခဲ့ရပါ တယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီရတ်နိုင်ငံ ကိုရ်ဒစ်တန် (ခ)ကာဒစ်စတန် ရှိ အီရန် ဆန့်ကျင်‌ရေး အဖွဲ့ Democrats of Iran Kurdistan ရှိသည့်နေရာ အား အီရန် အစ္စလာမ်မစ်အစောင့်တပ်မှ  ဒရုန်းများ သုံး၍ ဒုံးကျည်များ နှင့် ဖြင့်တိုက်ခိုက် ခဲ့ကြောင်း သိရှိခဲ့ရပါတယ်။

နိုဝင်ဘာလ ၂၁ ရက်နေ့ တနင်္လာနေ့ မိုးမသောက်ခင် အချိန်တွင် အီရန် အစ္စလာမ်မစ် အစောင့် တပ်မှ အီရတ်နိုင်ငံ ကိုရ်ဒစ်တန် (ခ)ကာဒစ်စတန် ရှိ အီရန် ဆန့်ကျင်‌ရေး အဖွဲ့ Democrats of Iran Kurdistanတည်ရှိသည့် နေရာအား ဒုံးကျည် လေးစင်း ပစ်ခဲ့ပြီးထိမှန်ခဲ့ ကြောင်း သိရှိ ခဲ့ရပါတယ်။

တစ်ချိန် တည်းမှာပင် အီရတ် နိုင်ငံ ဆူလိုင်းမန်နီယဟ် အနီးရှိ ဇရ်ကဝီးဇ် နှင့် ဗန်ကူရဟ် ‌ဒေသ များ တွင် ရှိနေသည့် ကူမလေဟ် အဖွဲ့  တည်နေရာများ ကို လည်း ပစ်မှတ် ထား၍ အီရန် အစ္စလာမ်မစ် အစောင့်တပ်မှ  ဒရုန်းများ သုံး၍ တိုက်ခိုက်ခဲ့ ကြောင်း သိရှိရပါတယ်။

၎င်းအပြင် အီရတ်နိုင်ငံ ကိုရ်ဒစ်တန် (ခ)ကာဒစ်စတန် ဒေသရှိ ပဟာရ်ကာ ရွာ အနီးရှိ ဂျာနီကန် ‌ ရှိ အီရန် ဆန့်ကျင်‌ရေး အဖွဲ့ Democrats of Iran Kurdistan ၏စခန်းအား အီရန် အစ္စလာမ်မစ်အစောင့်တပ်မှ  ဒရုန်းများ သုံး၍ တိုက်ခိုက်ခဲ့ ကြောင်း သိရှိရပါတယ်။

ဆဗေရီးန် တယ်လီကရာန် သတင်းဌာန ၏ သတင်း ထုတ်ပြန်ချက်အရ အီရန် အစ္စလာမ်မစ် အစောင့်တပ်မှ  ဒရုန်းများ တိုက်ခိုက် မှု နှင့် တပြိဒင်နက်  အီဗရေလ် ရှိ အမေရိကန် ကောင်စစ် ဝန်ရုံး မှ အချက်ပေးသံ ထွက်ပေါ် လာကြောင်း ဖြစ်ပါတယ်။

အီရတ်နိုင်ငံ ကိုရ်ဒစ်တန် (ခ)ကာဒစ်စတန် ရှိ ‌ဒေသခံအချို့ ၏ ပြောြပချက်များ အရ အီရန် ဆန့်ကျင်‌ရေး အဖွဲ့ Democrats of Iran နှင့် ကူမလေဟ် အဖွဲ့   မှ အကြမ်းဖက် သမား ၁၆ ဦးသေဆုံး ခဲ့ကြောင်း သိရှိရပါတယ်။

ဤ စစ်ဆင်ရေး အား အီရန် အစ္စလာမ်မစ် အစောင့်တပ် ၏ ဒုံးတပ်ဖွဲ့ မှ ဆောင်ရွက် ခဲ့ခြင်း ဖြစ်ပါတယ်။

Democrats of Iran Kurdistan အဖွဲ့ လက်ရှိ အီရန် နိုင်ငံ အတွင်း ဆူပူသောင်းကြမ်းမှုများ  မဖြစ်၊ ဖြစ်အောင် ပြုလုပ်နေသည့် အဖွဲ့ များ မှ တစ်ခု ဖြစ်ပါတယ်။

****************************************************************

END / 251