အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၂၃ နိုဝင်ဘာ ၂၀၂၂

၁၉:၀၅:၁၆
1325793

အဘယ် ကြောင့် သေ ခြင်းကို မကြိုက်ကြ ပါသနည်း ?

အေမာမ် ဟစန် (အ.စ) မှ ရီဝါယသ်တော် တစ်ခု တွင် အဘယ် ကြောင့် သေ ခြင်းကို မကြိုက်ကြ ပါသနည်း? ဆိုသည့် ဘက်သို့ ညွှန် ပြ၍ မိန့်တော် မူထားပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

ရီဝါယသ် ၏ ကျမ်း များ မှ တစ်ကျမ်း ဖြစ်သည့် မီးဇန်နိုလ် ဟေက်မဟ်  ကျမ်း လာရှိမှု ကို တင်ပြပါ မည်။

 

ရီဝါယသ်တော် တွင် အောက်ပါအတိုင်း အရဘီ စာသား လာရှိပါတယ်။

 سُئِلَ الْحَسَنُ عليه السلام:

 

ما بالُنا نَكْرَهُ الْمَوْتَ وَ لا نُحِبُّهُ؟ فَقال عليه السلام: اِنَّكُمْ اَخْرَبْتُمْ آخِرَتَكُمْ وَ عَمَّرْتُمْ دُنْياكُم، فَاَنْتُمْ تَكْرَهُونَ النَّقْلَةَ مِنَ الْعُمْرانِ اِلَى الْخَرابِ

 

အေမာမ် ဟစန် (အ.စ) အား မေးမြန်းလေ၏။

ကျနော်တို့ သည် အဘယ်ကြောင့်  သေခြင်း ကို မုန်းတီးပြီး ၊ မကြိုက်ကြရ ပါသနည်း?

အေမာမ် ဟစန် (အ.စ) မှ  အဖြေပေး မိန့်လေ၏။ အကြောင်း မှာ မိမိ၏ အာခေရသ် (ခ) တမလွန် အား ပျက်စီးအောင် ပြုလုပ် ပြီး လောကီ ကို သာယာ စည်းကားအောင် ပြု ခဲ့သည့် အတွက်ကြောင့် ဖြစ်ပါသည်။  ဤ အတွက်ကြောင့်  စည်းကား သာယာ သည့် နေရာ မှ မစည်းကား သည့် နေရာ ကို သွားရမည် ဖြစ်သည့် အတွက် ကြောင့် ဖြစ်ပါသည်။

 

ကျမ်းကိုး ။ ။ မီးဇန်နိုလ် ဟေက်မဟ်    ကျမ်း ၊ အတွဲ ၉ ၊ စာမျက်နှာ ၂၆၂

****************************************************************

END / 251