အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ကမ္ဘာ့ဖလား အုပ်စု အေ ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် ကာတာအသင်းနဲ့ ဆီနီဂေါအသင်းတို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ ဆီနီဂေါက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။
နှစ်သင်းစလုံး အုပ်စုအဖွင့်ပွဲမှာ ရှုံးနိမ့်ခဲ့တဲ့အတွက် ဒီပွဲမှာ အနိုင်ရရေး ကြိုးစားခဲ့ပေမဲ့ ရလာတဲ့ အခွင့်အရေးတွေကို ပိုအသုံးချနိုင်တဲ့ ဆီနီဂေါအသင်းက အနိုင်ရခဲ့တာပါ။
ဆီနီဂေါအတွက် အနိုင်ဂိုးတွေကို ပွဲချိန် ၄၁ မိနစ်၊ ၄၈ မိနစ်နဲ့ ၈၄ မိနစ်တွေမှာ သွင်းယူခဲ့ပြီး အိမ်ရှင် ကာတာအတွက် ချေပဂိုးတဂိုးကို ပွဲချိန် ၇၈ မိနစ်မှာ သွင်းယူခဲ့ပါတယ်။
ကမ္ဘာ့ဖလား အုပ်စု အေ မှာ အိမ်ရှင် ကာတာ၊ နယ်သာလန်၊ ဆီနီဂေါနဲ့ အီကွေဒေါတို့ ပါဝင်ကာ ကာတာနဲ့ ဆီနီဂေါက နှစ်ပွဲကစားထားပြီး ဆီနီဂေါက တပွဲနိုင် တပွဲရှုံး ၃ မှတ်၊ အိမ်ရှင် ကာတာက နှစ်ပွဲစလုံး ရှုံးပြီး အမှတ်မရသေးဘဲ အုပ်စု အောက်ဆုံးမှာ ရပ်တည်နေပါတယ်။
နယ်သာလန်နဲ့ အီကွေဒေါတို့ကတော့ လတ်တလော အုပ်စု ပထမနဲ့ ဒုတိယနေရာမှာ ရပ်တည်နေပြီး အဲ့ဒီနှစ်သင်း ဒီည မြန်မာစံတော်ချိန် ည ၁၀ နာရီခွဲမှာ အုပ်စုဒုတိယပွဲ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။
****************************************************************
END / 251
၂၅ နိုဝင်ဘာ ၂၀၂၂ - ၁၇:၂၇
News ID: 1326106

ကမ္ဘာ့ဖလား အုပ်စု အေ ဒုတိယပွဲစဉ်အဖြစ် အိမ်ရှင် ကာတာအသင်းနဲ့ ဆီနီဂေါအသင်းတို့ ဒီနေ့ညနေက ယှဉ်ပြိုင်ရာ ဆီနီဂေါက ၃ ဂိုး ၁ ဂိုးနဲ့ အနိုင်ရသွားပါတယ်။