အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၁ ဇန်နဝါရီ ၂၀၂၃

၁၈:၀၈:၁၅
1335043

ယီမင်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ငွေ သုံးသလို ဘောလုံး သမား အတွက်လည်းငွေသုံးသည့် ဆော်ဒီ

ယီမင်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ငွေ သုံးသလို ဘောလုံး သမား အတွက်လည်းငွေသုံးသည့် ဆော်ဒီ ဟာ မန်ယူတိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဆော်ဒီကလပ် အလ်-နဆာရ်က သောကြာနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 


ယီမင်နိုင်ငံကို ကျူးကျော်တိုက်ခိုက်ဖို့ငွေ  သုံးသလို ဘောလုံး သမား အတွက်လည်းငွေသုံးသည့် ဆော်ဒီ ဟာ  မန်ယူတိုက်စစ်မှူးဟောင်း ခရစ္စတီယာနို ရော်နယ်ဒိုကို ခေါ်ယူနိုင်ခဲ့ပြီလို့ ဆော်ဒီကလပ် အလ်-နဆာရ်က သောကြာနေ့မှာ ထုတ်ပြန်ကြေငြာပါတယ်။

စာချုပ်သက်တမ်းဟာ ၂၀၂၅ ခုနှစ်အထိ ရှိမှာဖြစ်ပြီး တစ်နှစ်ကို အမေရိကန်ဒေါ်လာ ၁၇၅ သန်း ရရှိမှာပါ။

“နောက်ထပ်နိုင်ငံတစ်ခုမှာ အတွေ့အကြုံသစ် ရမှာဖြစ်တဲ့အတွက် စိတ်လှုပ်ရှားမိပါတယ်။ ဆော်ဒီက အမျိုးသား၊ အမျိုးသမီး ဘောလုံးလောက ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အလ်-နဆာရ်အသင်း ရည်မှန်းချက်ကြီးကြီးထားပြီး လုပ်ဆောင်နေတာဟာ သိပ်ကို အားကျစရာကောင်းပါတယ်။ ကမ္ဘာ့ဖလားမှာ ဆော်ဒီအသင်းရဲ့ ခြေစွမ်းကို ကျွန်တော်တို့ မြင်ခဲ့ရတယ်။ ဆော်ဒီဟာ ဘောလုံးအားကစားမှာ ရည်မှန်းချက်ကြီးမားပြီး အလားအလာရှိတဲ့ နိုင်ငံတစ်ခုလည်း ဖြစ်ပါတယ်။”

“ဥရောပဘောလုံးလောကမှာ ဆုဖလားအားလုံးကို ရယူနိုင်ခဲ့ပြီးတဲ့နောက် ကျွန်တော့်အတွေ့အကြုံကို အာရှမှာ မျှဝေဖို့ အချိန်ကျပြီလို့ ကျွန်တော် ခံစားရပါတယ်။ အသင်းဖော်အသစ်တွေနဲ့ တွေ့ရဖို့၊ အသင်း အောင်မြင်မှုရအောင် ဆောင်ရွက်ပေးဖို့ မစောင့်နိုင်တော့ပါဘူး” လို့ ရော်နယ်ဒိုက လက်မှတ်ရေးထိုးတဲ့ အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။

နို၀င်ဘာလ ရုပ်သံအင်တာဗျူးတစ်ခုမှာ မန်ယူအသင်းနဲ့ နည်းပြတို့ကို ရော်နယ်တို့က ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ပြီးတဲ့နောက် မန်ယူက ရော်နယ်ဒိုကို စာချုပ်ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

ဘောလုံး သမား တစ်ယောက်အတွက် ‌ဒေါ်လာ သန်း နှင့်ချီပြီး သုံးနေသည့် ဆော်ဒီ နိုင်ငံ ဟာ သူလူကို မပေးအုပ်ချုပ် ၊ သမ္မတမပေးလုပ်သည့် ယီမင်နိုင်ငံကို အနိုင်ကျင့်အင်အားသုံးပြီး ရက်စက်နေပါတယ်။ ကမ္ဘာ နိုင်ငံများ အထူးသဖြင့် လူ့အခွင့်အရေး ဟု ညာသံပေးနေသည့် နိုင်ငံတွကတော့ နုတ်ပိတ်နေသည့်အပြင် ကူတောင်ညီနေပါသေး တယ်။

****************************************************************
END / 251