အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၆ ဇန်နဝါရီ ၂၀၂၃

၂၁:၄၁:၂၂
1336448

အာယာသွလ္လာဟ် ရမ်တွာန်နီ / အာယာသွလ္လာဟ် ဆာဖီ ဂိုလ်ဗိုင်ဂါနီ သည် ဟောင်ဇေအေလ်မီယေ ၏ ခိုင်ခံသည်ပညာတိုင် ကြီးဖြစ်ပါတယ် / နယ်ပယ်အသီးသီး အတွက် သာသနာပြုဆရာများ ကို မွေးထုတ်ပေးခဲ့ပါတယ်

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူး ချုပ် ဟဇရသ် အာယာသွလ္လာဟ် ရမ်တွာန် မှ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ) သည် ဟောင်ဇေအေလ်မီယေ ၏ ခိုင်ခံ သည် ပညာတိုင် ကြီးဖြစ်ပြီး နယ်ပယ်အသီးသီး အတွက် သာသနာပြုဆရာများ ကို မွေးထုတ် ပေးခဲ့သူ ဖြစ်ကြောင်း ၊ ဗစီရာသ် (ထိုးထွင်းသိမြင်မှု) ရှိသည့် ခေတ်ကာလ၏ မရ်ဂျအ် သက္က်လီးဒ် တော် တစ်ပါး ဖြစ် ကြောင်း ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ် အာယာသွလ္လာဟ် ရမ်တွာန်နီ  သည် ဇန်နဝါရီလ ၅ ရက်နေ့ ၊ နေ့လည်တွင် ဒါရိုဇဲဟ်ရာဟ် ခန်းမ တွင် ဒါရိုဇဲဟ်ရာဟ် အဖွဲ့ အစည်း ၏ ကျောင်းသားများး နှင့် သာသနာပြုများဘက်မှ ပြုလုပ်သည့် မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ ၏ အကျိုးပြုမှုများ ကို ဂုဏ်ပြုသည့် ညီလာခံတွင် ပြောကြားခဲ့သည်မှာ - အဖိုးတန်သည် မရ်ဟွန်မ် ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ ၏ ဦးဆောင်မှု အောက်တွင်  ဤ အဖွဲ့ အစည်း၏ လှုပ်ရှား ဆောင်ရွက်ချက်များ ရှိခဲ့ပြီး ဤလှုပ်ရှား မှုများသည်ဆက်လက် ရှိနေပြီး အဖိုးတန် ကြောင်း ဖြစ်ပါတယ်။

အာယာသွလ္လာဟ် ရမ်တွာန်နီ  မှ ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ) သည် ဟောင်ဇေအေလ်မီယေ ၏ ခိုင်ခံ သည် ပညာတိုင် ကြီးဖြစ်ပြီး နယ်ပယ်အသီးသီး အတွက် သာသနာပြုဆရာများ ကို မွေးထုတ် ပေးခဲ့သူ ဖြစ်ပါတယ်။ ဗစီရာသ် (ထိုးထွင်းသိမြင်မှု) ရှိသည့် ခေတ်ကာလ၏ မရ်ဂျအ် သက္က်လီးဒ် တစ်ပါး ဖြစ် ကြောင်း အစ္စလာမ့်ကမ္ဘာမှာ ဖြစ်ပျက်နေတဲ့ ကိစ္စတွေကို သူ စိုးရိမ်ပြီး အာဖဂန်နစ္စတန်မှာ ဖြစ်ပွားခဲ့တဲ့ အဖြစ်အပျက်တွေ နှင့်  ရှိက္ခ် နေမီးရ် လိုမျိုး ရှီအဟ်ပညာရှင်တွေကို စီရင်ထုံးတွေ ထုတ်ပြန်တာကို ဆန့်ကျင်ခဲ့သူ ဖြစ်ကြောင်း ပြောကြားခဲ့ ပါတယ်။

မဂျ်မအ်အေ ဂျဟာနီ အဲဟ်လေ့ဘိုက် (သ) (အ.စ) ၏ အထွေထွေ အတွင်းရေးမှူးချုပ်မှ ထပ်လောင်း၍ လူအများအပြားသည် လူ့ပတ်ဝန်းကျင်တွင်  အစ္စလာမ် ဘာသာကို အစွန်းရောက် ဘာသာဖြင့်မိတ်ဆက် ရန် ကြိုးပမ်းနေကြသည်၊ ယနေ့ ကျွန်ုပ်တို့သည် အစ္စလာမ်နှင့် မောက်မာသည့် အာဏာရှင် ကမ္ဘာကြားတွင် ပြင်းထန်သော ထိပ်တိုက်ရင်ဆိုင်မှုများကို တွေ့မြင်နေရပြီး ကျယ်ကျယ်ပြန့်ပြန့် အစ္စလာမ်ကို ဆန့်ကျင်ရေး ကို ဆောင်ရွက်နေသည်ကို တွေ့ရပါမယ် ။ ယနေ့ကမ္ဘာကြီးတွင်အစ္စလာမ် သာသနာ အနေဖြင့်  စနစ်တစ်ခု ဖန်တီးခဲ့ပတယ် ။ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ သည် ကျွန်ုပ်တို့မှ စတေးမှုအမြောက်အများ ကို ပေးဆပ် ခဲ့ရသည့် ISIS ၏ ဆူပူအုံကြွမှုနှင့် အစွန်း ရောက်ဝါဒ အပေါ် နှင့် ပတ်သက်ပြီး ထိလွယ်ရှလွယ်သူ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အာယာသွလ္လာဟ် ကြီးမှ ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ)  ၏ အစ္စလာမ့်စနစ်နှင့် ပတ်သက်ပြီး ပြောကြားရာတွင် - ယခု ကျွန်ုပ်တို့သည် နယ်ပယ်အသီးသီးတွင် သမိုင်းဝင်အလှည့်အပြောင်းတစ်ခုကို ကြုံတွေ့နေရပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ) သည် အစ္စလာမ့်စနစ်အား နယ်ပယ် အသီးသီး တွင် ပြသခဲ့ကြောင်း ၊ ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ၏ အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ)  ၏ ဝမ်းနည်းကြောင်း သဝဏ်လွှာတွင် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ)  သည် အစ္စလာမ်မစ် စနစ် စာနာ ထောက်ထား သူ ဖြစ်ကြောင်း ကို ရေးသားထားကြောင်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ) သည် မိမိ ၏ သေတမ်းစာ အရ ကရ်ဗလာ မြို့ရှိ အေမာမ် ဟိုစိုင်းန် (အ.စ) ၏ ရောင်ဇာတော် တွင် ဒဖ်နဟ် ခဲ့ကြောင်း လူထုအနေဖြင့် အာယာသွလ္လာဟ် ကြီးအားဇေယာရသ် ပြုသွားနေကြ‌ ကြောင်း ပြောကြား ခဲ့ပါတယ်။   

အာယာသွလ္လာဟ် ရမ်တွာန်နီ မှ ဆက်ပြောသည် မှာ – လွန်ခဲ့သည့် နှစ်များ အတွင်း ကျွန်တော် ကရဂျ် မြို့ တွင်ရှိစဉ်နှင့်  ဂျာမနီ နိုင်ငံ Hamburg အစ္စလာမ့်စင်တာတွင်ရှိနေစဉ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ) ထံရောက်ခဲ့ကြောင်း ၊ Hamburg အစ္စလာမ့်စင်တာ မှ ကျောင်းသား တစ်ဦး သည် လည်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ)ထံ သွားရောက်ခဲ့ကြောင်း၊ အာယာသွလ္လာဟ် ကြီး မှ ၎င်းကျောင်းသားကို မြင်ပြီးနောက် ဘာသာစကားအမျိုးမျိုးဖြင့် ပြောဆိုကြ သည် ကိုမြင်ခဲ့ ရကြောင်း၊ ပြီးနောက် အာယာသွလ္လာဟ် ကြီး မှ   မျက်ရည်ကျခဲ့ရကြောင်း ဟမ်းဘတ် ၏ အစ္စလာမ့် စင်တာ ၏ တင်ပြသည့် အစီရင်ခံစာအတွက် ကျေနပ်ပြီး ပျော်ရွှင် ခဲ့ ကြောင်း ပြောကြားခဲ့ပါတယ်။

ဆက်လက်ပြီး အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (ရ.ဟ) သည် ဟောင်ဇေအေလ်မီယေ၏ ဆရာများ အပြင် ၊ ကျောင်းသားများကို ပါ ရိုသေလေးစားသူ ဖြစ်ကြောင်း မရ်ဂျီအီယသ် ဘက်သို့ မသွားခဲ့ဘဲ မရ်ဂျီ အီယသ် မှ ၎င်းဘက်သို့ လာခဲ့ကြောင်း ခေတ်သစ်နည်းပညာ များ နှင့်ပတ်သက်ပြီး နောက်မကျဖို့ တိုက်တွန်း သူဖြစ်ကြောင်း သာသနာပြုဆရာ (မောင်လာနာများ ) အတွက် ယနေ့ခေတ် ကာလတွင် သာသနာ ပြုရန် မင်ဗဲရ် တစ်ခုတည်း သာ မဟုတ်တော့ ကြောင်း  ခေတ်သစ်နည်းပညာများကို အထူးစပယ်ရှယ် အဖြစ်သိရန်တတ်မြောက်ရန် မလွဲမသွေ လိုကြောင်း မည်သည့်ခေတ်ကာလ မှ အခု ကာလကဲ့သို့ မဟုတ်ကြောင်း နည်းပညာများ ၏တိုးတက်မှုများ မှာ ဆင့်ကဲ ပြောင်းလဲလာကြောင်း  ၊ အစ္စလာမ် ဘာသာနှင့် ပတ်က်ပြီး အဲဟ်လေ့ဘိုက်(သ)  (အ.စ) တင်ပြသည့်ပမာ ကမ္ဘာ ပေါ်တွင်မရှိကြောင်း ၊ အဲဟ်လေ့ဘိုက် (သ) (အ.စ)  ၏လမ်းစဥ်သည် သောင်ဟီးဒ် (တစ်ဆူတည်း အရှင်ဝါဒ)  ဖြစ်ကြောင်း သာသနာပြု ရာတွင် လူထု ၏ စကား နှင့်မလွဲမသွေ ပြုရမည် ဖြစ်ကြောင်း လူထု နှင့် အိုလမာ အဆက်အသွယ် ရှိနေရန်  အိုလမာ နှင့် သာသနာပညာရှင်များ မှ လူထု ၏ မေးခွန်းများ ကို အ‌ဖြေပေးရန် မဖြစ်မနေ လိုအပ်ကြောင်း ၊ သာသပြုဆရာ အနေဖြင့် သံသယ ကိုဖြစ်စေသည့် မေးခွန်းများ ကို မဖြစ်မနေ အဖြေပေးရမည် ဖြစ်ကြောင်း ၊ မဲဟ်ဒဝီယသ် (အေမာမ် မဲဟ်ဒီ  (အ.ဂျ) ပတ်သက်ပြီး ) သံသယ မေးခွန်းအများ အပြား ရှိကြောင်း အာယာသွလ္လာဟ် အလ်အွဇ်မာ ဆာဖီ ဂိုလ်ဗိုင်ဂါနီ (( မွန်သခက်ဗ်ဗိုအစရ် )) မဲဟ်ဒဝီယသ် ဆိုင်သည့် စာအုပ် ဖြစ်ကြောင်း ၊ ယနေ့ သာသာပြုဆရာ (မောင်လာနာ ) များ သည် ပညာဆိုသည့် လက်နက်ကို ကျွမ်းကျင်စွာ ကိုင်တွယ် နိုင်ဖို့ လိုကြောင်း ဘာသာရေး အသိကို နက်နက် နဲနဲ မိတ်ဆက်ပေးရမည် ဖြစ်ကြောင်း ကုရ်အာန် ကျမ်းတော်မြတ်သည် အာရဗီဘာသာဖြင့် ကျခဲ့သည့် အတွက်ကြောင့် အချို့သောသူများက ကုရ်အာန်သည် အာရပ်မဟုတ်သူများအတွက် အသုံးမဝင်ဟု သံသယ ဖြစ်အောင် ပြောဆိုနေကြောင်း ၊ အမှန်တကယ် ကုရ်အာန်၏ဘာသာစကားသည် သဘာဝဘာသာစကားဖြစ်ပြီး ကုရ်အာန်တွင် အာယသ် တော် ပေါင်း၃၀၀သည် ဤအကြောင်း နှင့်ပတ်သက် ကြောင်း ဘာသာရေးဆိုင်ရာ အယူအဆများ စုစည်းမှုသည် သဘာဝ ဖြစ်ကြောင်း ၊ ကောင်းမှု ကို တိုက်တွန်း ခြင်း နှင့် မကောင်းမှုကို တား မြစ် ခြင်းသည်လည်း သဘာဝ ဖြစ်ကြောင်း ဦးစားပေးလုပ်ငန်းတစ်ခုမှာနယ်ပယ်အသီးသီးမှသာသနာပြုများ အား လေ့ကျင့်သင်ကြားပေးခြင်းဖြစ်ပြီး ဤတာဝန်မှာ ဟောင်ဇေအေလ်မီယေ ၏ တာဝန်ဖြစ် ကြောင်း ဒါရိုဇဲဟ်ရာဟ် အဖွဲ့ အစည်း သည်လည်း နှစ်ပေါင်း များစွာ အတွေ့ အကြုံ ရှိပြီး ဖြစ်၍ ဤတာဝန် တွင် ပါဝင် ဆောင်ရွက် နိုင်ကြောင်း အိုလမာ သည် သာသနာ နှင့်ပတ်သက်  ပြီး အလွဲသုံးစား ပြုသူများ မဟုတ်ကြောင်း အမာနသ်သမားများ ဖြစ်ကြောင်း ကို မိမိတို့ကိုယ်တိုင် ပြသရမည် ဖြစ်ကြောင်း လူထု အား  အလ္လာဟ် နှင့်  အဲဟ်လေ့ဘိုက်(သ) (အ.စ)  နှင့်နီးကပ်ရန် ပြုလုပ် ပေးခြင်းသည် အိုလမာ အတွက် ဂုဏ် ယူ စရာအကောင်း တကာ အကောင်း ဆုံးလုပ်ရန် ဖြစ်ကြောင်း ပြော ကြားခဲ့ပါတယ်။

****************************************************************

END / 251