အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media 
တနင်္လာနေ့

၁၆ ဇန်နဝါရီ ၂၀၂၃

၂၀:၃၁:၁၆
1339066

နီပေါနိုင်ငံတွင် လေယာဥ်ပျက်ကျမှု လူ ၇၀ နီးပါး သေဆုံး

နီပေါနိုင်ငံ အလယ်ပိုင်းမှာ ခရီးသည်တင်လေယာဥ်တစ်စင်း ဒီကနေ့ မနက်ပိုင်းက ပျက်ကျခဲ့ပြီး အနည်းဆုံး ၆၈ ဦး သေဆုံးတယ်လို့ သိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
 
နီပေါနိုင်ငံ အလယ်ပိုင်းမှာ ခရီးသည်တင်လေယာဥ်တစ်စင်း ဒီကနေ့ မနက်ပိုင်းက ပျက်ကျခဲ့ပြီး အနည်းဆုံး ၆၈ ဦး သေဆုံးတယ်လို့ သိရပါတယ်။

Yeti လေကြောင်းလိုင်းက ခရီးသည် ၇၂ ဦး လိုက်ပါသွားတဲ့ လေယာဥ်ဟာ မြို့တော် ခတ္တာမန်ဒူကနေ ခရီးသွားမြို့ဖြစ်တဲ့ နိုင်ငံအလယ်ပိုင်းက ပိုခါရာမြို့ကို ပျံသန်းတာပါ။

ပိုခါရာမြို့က လေယာဥ်ကွင်းကို ဆင်းကာနီးမှာ မီးလောင်ပြီး ပျက်ကျသွားခဲ့တာပါ။ နီပေါအာဏာပိုင်တွေက သေဆုံးသူ ၆၈ ဦးအထိရှိလာပြီး၊ အသက်ရှင်ကျန်ရစ်သူတွေကလည်း ပြင်းပြင်းထန်ထန် ဒဏ်ရာရထားတယ်လို့ ပြောပါတယ်။

လိုက်ပါသွားသူတွေထဲမှာ နိုင်ငံခြားသား အနည်းဆုံး ၁၅ ဦး ပါ၀င်ပါတယ်။

နီပေါနိုင်ငံမှာ လေယာဥ်ပျက်ကျမှု မကြာခဏ ဖြစ်ပွားလေ့ရှိပြီး အထူးသဖြင့် ရာသီဥတု ရုတ်တရက် ဆိုးရွားမှု၊ လေယာဥ်ပြေးလမ်း ပြဿနာတွေကြောင့် ဖြစ်ပါတယ်။

****************************************************************
END / 251