အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၁၇ ဇန်နဝါရီ ၂၀၂၃

၁၆:၃၃:၄၈
1339215

အမွေကို မခွဲရန် သေတမ်းစာ မှာခြင်းကိစ္စ

ရဲဟ်ဗရ်အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ မှ အမွေကို မခွဲရန် သေတမ်းစာ မှာခြင်းကိစ္စ နှင့်ပတ်သက်သည့် ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

khamenei.ir ၏ တင်ပြထားချက်ကို ကိုးကားပြီး တင်ပြမည် ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  မှ အမွေကို မခွဲရန် သေတမ်းစာ မှာခြင်းကိစ္စ ဆိုင်ရာ ဥပဒေ ၏ ရှရီအီ မေးမြန်း ချက်အား ဖြေကြား ပေးထား ပါတယ်။

ရှရီအီဆိုင်ရာ ဥပဒေများ ကို  စိတ်ဝင်စားသူများအတွက် ဤနေရာတွင် ဖော်ပြပေးခြင်းဖြစ်ပါတယ်။ ဖြစ်ပါတယ်။ ရဲဟ်ဗရ် အင်န်ကေလာဗ် အစ္စလာမ်မီ ဟဇရသ် အာယာသွလ္လာဟ် အလ်အွဇ်မာ ဆရက်ဒ် အလီခါမေနာ အီ  ထံမေးထားသည့် အမေး နှင့် အဖြေမှာ အောက်ပါအတိုင်းဖြစ်တယ်။

မေးခွန်း

သေပြီးနောက် အမွေအား အမွေဆက်ခံရမည့်  သူများ မှ တစ်ဦးတစ်ယောက် အသက် ရှင်နေသ၍ အမွေ မခွဲဖို့ ရှရီအသ် တရားတော် အရ သေတမ်းစာ မှာခွင့် ရှိပါ သလား? တစ်နည်းအား ဖြင့် အမွေကို အမွေဆက်ခံသူများ သေသည့် အထိ မွဲဘဲ အချိန် ဆွဲထား နိုင်ပါသလား ?

အဖြေ

ကွယ်လွန်သူ မှ မိမိ မသေခင် နှင့် သို့မဟုတ် ၎င်းသေပြီးနောက် ရှိသမျှ အမွေဆက်ခံရမည်သူများ အားး အနေဖြင့် သေတမ်း စာ ကို လက်ခံသဘောတူ မည်ဆိုလျင်  ကွဘ်လွန်သူ၏ သေတမ်း စာ အတိုင်း ဆောင်ရွက်ရပေမည်။ အကယ် ၍ ဤကဲ့သို့ မဟုတ်မည် ( အမွေဆက်ခံသူများ မှ တစ်ယောက်(သို့) စသည်ဖြင့်မှ သဘောမတူလျင်)  ကွယ်လွန်သူ ၏ အမွေ မှ သုံးပုံတစ်ပုံ ၁/၃ ကိုသာလျင် သေတမ်း စာ အရ ဆောင်ရွက်ပေးရမည် ဖြစ်ပါသည်။

ရှရီအီဥပသေများကို လိုက်နာ ကျင့်သုံးသူတိုင်း လောကီ၊လောကုတ္တရာ အောင်မြင်ကြပါစေ။

မှတ်ချက် - ယနေ့ မိသားစုဝင်များ အကြား ၊ ညီအစ်ကို၊ မောင်နှမများ အကြား ၊ ဆွေမျိုးသားချင်းများ အကြား ရုံးရောက် ဂတ်ရောက်ရသည်မှာ  အမွေရှင်များ မှ တရားတော် နှင့်အညီ အမွေ ခွဲဝေးပေးခဲ့မှု သေတမ်းစာ မှာကြားခဲ့မှုကို မပြုခဲ့ သည့် အတွက်ကြောင့် ဖြစ်ပါတယ်။

 

****************************************************************

END / 251