အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁ ဖေဖော်ဝါရီ ၂၀၂၃

၁၅:၁၄:၃၈
1342877

ကျူးကျော်သည့် သူ နှင့် အကျူးကျော်ခံ ရသူ နှစ်ဦး စလုံး တည်ရှိရေးကိုသာ အမေရိကန်က လက်ခံမည်

ကျူးကျော်သူ ဇီယွန် အစ္စရေးနဲ့ အကျူးကျော်ခံ သည့် ပါလက်စတိုင်း ပြဿနာမှာ အရင်ကတည်းက ရှိခဲ့တဲ့ မူ၀ါဒအတိုင်း နှစ်နိုင်ငံယှဥ်တွဲတည်ရှိရေး အဖြေကိုသာ အမေရိကန်က လက်ခံမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က တရား မျှတမှု ရှိ ဘဲ ပြောလိုက်ပါသည်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ကျူးကျော်သူ ဇီယွန် အစ္စရေးနဲ့ အကျူးကျော်ခံ သည့် ပါလက်စတိုင်း ပြဿနာမှာ အရင်ကတည်းက ရှိခဲ့တဲ့ မူ၀ါဒအတိုင်း နှစ်နိုင်ငံယှဥ်တွဲတည်ရှိရေး အဖြေကိုသာ အမေရိကန်က လက်ခံမှာဖြစ်ကြောင်း အမေရိကန်နိုင်ငံခြားရေး၀န်ကြီး အန်တိုနီ ဘလင်ကန်က  တရား မျှတမှု ရှိ ဘဲ ပြောလိုက်ပါသည်။

ဇီယွန် အစ္စရေးမှာ အကျူးကျော် ခံ ပါလက်စတိုင်းတည်ရှိရေးကို မလိုလားတဲ့ လက်ယာစွန်းရောက်တွေ ပိုမိုခေါင်းထောင်လာပြီး၊ ဇီယွန် အစ္စရေးအစိုးရကလည်း ကျူးကျော် ပါလက်စတိုင်းပိုင်နက် အတွင်း တရား မဝင် ဂျူးအခြေချအိမ်ယာတွေ ပိုမိုဆောက်လုပ်လာတာကြောင့် တင်းမာမှုတွေ မြင့်တက်နေတာ ဖြစ်ပါတယ်။

ကျူးကျော် ဇီယွန် အစ္စရေး ၏ သတ်ဖြတ်မှုကြောင့် အခုနှစ်ဇန်န၀ါရီအတွင်းမှာ အနည်းဆုံး အကျူးကျော် ခံ ပါလက်စတိုင်း ၃၅ ဦး သေဆုံးခဲ့ပြီး ပါလက်စတိုင်းတွေဖက်ကလည်း  တတ်နိုင်သည် ဘက် မှ လက်တုန့်ပြန်မှုတွေ ပြုလုပ်လာ ပါတယ်။

သောကြာနေ့ အရှေ့ဂျေရုစလင်က တရားမ၀င်အခြေချအိမ်ယာမှာ နေထိုင်သူတွေကို ပါလက်စတိုင်းသေနတ်သမားတစ်ယောက်က ပစ်ခတ်မှုအတွင်း ၇ ဦး သေဆုံးခဲ့ပါတယ်။

ကျူးကျော် ဇီယွန် အစ္စရေးကိုရောက်နေတဲ့  ဘက်လက် အမေရိကန် ဘလင်ကန်က တင်းမာမှုတွေရပ်တန့်ဖို့ နှစ်ဖက်စလုံးကို တိုက်တွန်းခဲ့ပြီး၊ နှစ်နိုင်ငံ ငြိမ်းချမ်းစွာ ယှဥ်တွဲတည်ရှိရေး အဖြေကိုသာ အမေရိကန်က လက်ခံမယ်လို့  ဟန်ဆောင်ပြီး မနေ့က အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုနဲ့ တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

ဘလင်ကန်ဟာ ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘာစ်နဲ့ အင်္ဂါနေ့မှာ တွေ့ဆုံမှာဖြစ် ကြောင်း သိရှိ ရပါတယ်။

****************************************************************
END / 251