အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၀ မတ် ၂၀၂၃

၂၃:၁၈:၁၅
1351537

အီရန် နှင့် ဆော်ဒီအာရေဗျ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြ

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ နှင့် ဆော်ဒီအာရေဗျ နိုင်ငံတို့သည် နှစ်လအတွင်း သံတမန်ဆက်ဆံရေး ပြန်လည်စတင်ရန် သဘောတူညီခဲ့ကြ ကြောင်း သိရှိ ရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

 

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ ၏ သမ္မတ H.I ဒေါက်တာ ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ သည် ပေကျင်းမြို့သို့ အလည်အပတ်ရောက်ရှိပြီးနောက် မတ်လ ၆ ရက် တနင်္လာနေ့တွင် ဘေဂျင်းမြို့၌ အီရန် သမ္မတ၏ ခရီးစဉ်သဘောတူညီချက်များအတိုင်း လိုက်နာဆောင်ရွက်သွားရန် ရည်ရွယ်၍ အကြိတ်အနယ် ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ခဲ့ပြီး  တီဟီရန်နှင့် ရီယာ့ဒ်တို့အကြား ပူးပေါင်းဆောင်ရွက်မှုဖြင့် ပြဿနာများ၏ နောက်ဆုံး အဖြေကို ဆော်ဒီကိုယ်တိုင်က စတင်ခဲ့ ကြောင်း သိရှိရပါတယ်။

 

အဆိုပါစေ့စပ်ညှိနှိုင်းမှုအပြီးတွင် ယနေ့ မတ်လ ၁၀ရက် ၂၀၂၃ခုနှစ် တွင်  ဘေဂျင်းတွင် မကာမေ မိုအဇင်းမ်မေရဲဟ်ဗရီ ၏ ကိုယ်စားလှယ် နှင့် အီရန် အမျိုးသားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သူ အလီရှမ်းခါနီ   နှင့် ဆော်ဒီ အာရေးဗီးယား၏ အကြံပေး ဝန်ကြီး နှင့်  ဆော်ဒီ အမျိုးသားလုံခြုံရေးဆိုင်ရာ ကောင်စီ အကြံပေး နှင့် ဝန်ကြီးများ အဖွဲ့ ဝင် ဖြစ်သူ မိုစာအဒ် ဗင်န် မိုဟမ္မဒ် အလ် အိုင်းဗန်  နှင့် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ၏ ကွန်မြူ နစ်ပါတီ၏ ဗဟိုကော်မတီ၏ နိုင်ငံရေးကော်မတီအဖွဲ့ဝင်ဖြစ်ပြီး ဗဟိုကော်မတီရုံးဥက္ကဋ္ဌလည်း ဖြစ်သူ  ဝမ်ရီ သုံးပွင့် ဆိုင် လက်မှတ်ရေး ထိုးခဲ့ကြကြောင်း သိရှိရပါတယ်။


ဤသုံးပွင့်ဆိုင်ထုတ်ပြန်ချက်၏ စာသားမှာ အောက်ပါအတိုင်းဖြစ်သည်။

 

အိမ်နီးချင်းကောင်း ဟူသော မူကို အခြေခံ၍ အီရန်နှင့် ဆော်ဒီအာရေးဗီးယား နိုင်ငံတို့ကြား ဆက်ဆံရေး ချဲ့ထွင်ရန် တရုတ်ပြည်သူ့သမ္မတနိုင်ငံ သမ္မတ မစ္စတာ ရှီကျင့်ဖျင်၏ ကုသိုလ်ကောင်းမှု လုပ်ဆောင်ချက်ကို တုံ့ပြန်သည့်အနေဖြင့်၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အပြင် နှစ်နိုင်ငံအကြား တွေ့ဆုံဆွေးနွေးရေးနှင့် သံခင်းတမန်ခင်းအားဖြင့် ကွဲလွဲမှုများကို ဖြေရှင်းရန် သဘောထားကို နှစ်နိုင်ငံအကြား သဘောတူညီချက်ကို ထည့်သွင်းစဉ်းစားခြင်း၊ ကုလသမဂ္ဂပဋိညာဉ်စာတမ်းနှင့် အစ္စလာမ်မစ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့၏ နိုင်ငံတကာအခြေခံမူများနှင့် သဘောထားများကို နှစ်နိုင်ငံ လိုက်နာ ဆောင်ရွက်ရေး တို့ကို အလေးပေး အလေးထားဆောင်ရွက်ခဲ့ပါတယ်။  ပေကျင်း၌ မကာမေ မိုအဇင်းမ်မေရဲဟ်ဗရီ ၏ ကိုယ်စားလှယ် နှင့် အီရန် အမျိုးသားလုံခြုံရေးကောင်စီ၏ အတွင်းရေးမှူး ဖြစ်သူ အလီရှမ်းခါနီ   နှင့် ဆော်ဒီ အာရေးဗီးယား၏ အကြံပေး ဝန်ကြီး နှင့်  ဆော်ဒီ အမျိုးသားလုံခြုံရေးဆိုင်ရာ ကောင်စီ အကြံပေး နှင့် ဝန်ကြီးများ အဖွဲ့ ဝင် ဖြစ်သူ မိုစာအဒ် ဗင်န် မိုဟမ္မဒ် အလ် အိုင်းဗန်   တို့သည် မတ် ၆ ရက်မှ ၁၀ ရက်အထိ တွေ့ဆုံ ဆွေးနွေးခဲ့ကြပါတယ်။

အီရန်အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် ၂၀၂၁ ခုနှစ် နှင့် ၂၀၂၂ ခုနှစ် အတွင်း နှစ်ဘက်အကြား ဆွေးနွေးပွဲများကို လက်ခံကျင်းပပေးခဲ့သော အီရတ်သမ္မတနိုင်ငံနှင့် အိုမန်စူလတန်နိုင်ငံတို့အား ကျေးဇူးတင်ရှိကြောင်း၊ အိမ်ရှင်အဖြစ် လက်ခံကျင်းပပြီး ပံ့ပိုးကူညီမှုအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံမှ ၎င်းတို့နိုင်ငံ၌ ကျင်းပသည့် ဆွေးနွေးပွဲများနှင့် အောင်မြင်မှုရရှိအောင် ကြိုးပမ်းမှုများကို ကျေးဇူးတင်ရှိကြောင်း ပြောကြားခဲ့ပါတယ်။

ဆွေးနွေးပွဲရလဒ်အရ အီရန်အစ္စလာမ္မစ်သမ္မတနိုင်ငံနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့သည် သံတမန်ဆက်ဆံရေး ပြန်လည်စတင်ကာ သံရုံးများနှင့် အေဂျင်စီများ ကို နှစ်လအတွင်း ပြန်လည်ဖွင့်လှစ်ရန် သဘောတူ ညီခဲ့ ကြပါတယ်။


နှစ်နိုင်ငံ နိုင်ငံခြားရေး ဝန်ကြီးများသည် အဆိုပါ ဆုံးဖြတ်ချက်ကို အကောင်အထည်ဖော်ရန်နှင့် သံတမန် ဖလှယ်ရေး အတွက် လိုအပ်သော အစီအစဉ်များ ချမှတ်နိုင်ရန် အချင်းချင်း တွေ့ဆုံကြမည်ဖြစ်ပါတယ်။


နှစ်နိုင်ငံပြည်တွင်းရေးတွင် အချုပ်အခြာအာဏာကို လေးစားလိုက်နာပြီး တစ်ဖက်နှင့်တစ်ဖက် ဝင်ရောက်မစွက်ဖက်ရေးတို့ကို အလေးပေးကာ လုံခြုံရေးပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ်ကို ၁၇/၄/၂၀၀၁ ခုနှစ် တွင် လက်မှတ်ရေးထိုးခဲ့ပြီး စီးပွားရေးပူး ပေါင်းဆောင်ရွက်မှု ဆိုင်ရာ အထွေထွေ သဘောတူညီချက် အပြင်၊ ကုန်သွယ်မှု၊ ရင်းနှီးမြှုပ်နှံမှု၊ နည်းပညာ၊ သိပ္ပံ၊ ယဉ်ကျေးမှု၊ အားကစားနှင့် လူငယ် ဆိုင်ရာ သဘောတူညီချက်ကို ၂၇ / ၅/ ၁၉၉၈ ခုနှစ် လက်မှတ်ရေးထိုးထား ခဲ့ ကြောင်း သိရှိရပါတယ်။ ဒေသတွင်း နှင့် နိုင်ငံတကာ ငြိမ်းချမ်းရေးနှင့် လုံခြုံရေးကို ခိုင်ခံ့စေရန် ကြိုးပမ်းအားထုတ်မှုအားလုံးကို အသုံးပြု ရန် ၎င်းတို့၏ အဆုံးအဖြတ်ဆန္ဒကို သုံးနိုင်ငံမှ ကြေညာခဲ့ကြပါတယ်။

****************************************************************

END / 251