အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၁၀ မေ ၂၀၂၃

၁၃:၄၈:၃၈
1364537

သွဟာရသ် ဆိုသည်မှာ ဖေက်ဟ်ဟီ (ဓမ္မသတ်) ပညာရပ် အသုံးအနှုန်း တစ်ခု ဖြစ်ပါတယ်။ ရှီအဟ် ဓမ္မသတ် အရ သွဟာရသ် အကြောင်း အနည်းငယ် တစေ့ တစောင်း လေ့လာ နိုင်ရန် တင်ပြ လိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

သွဟာရသ် ဆိုသည်မှာ ဖေက်ဟ်ဟီ (ဓမ္မသတ်) ပညာရပ် အသုံးအနှုန်း တစ်ခု  ဖြစ်ပါ တယ်။  အဓိပ္ပာယ်မှာ တရားတော်အရ မသန့်ရှင့်သည့်အရာများ၊ ဟဒက်စ်စေ အက္က်ဘဲရ်  တစ်နည်းအားဖြင့် အညစ်အကြေး အကြီး နှင့် ဟဒက်စ် စေ အဇ်ဂဲရ် အညစ်အကြေး အငယ် မှ သန့်ရှင်း၊သန့်စင်သွားခြင်းကိုခေါ်ဆိုပါတယ်။  ဟဒက်စ် စေ  အဇ်ဂဲရ် (ခ) အညစ်အကြီး အငယ်  ဆိုသည် မှာ ဆီး ၊ မစင် နှင့် ဝဇူကိုပျက်စေသည့် လေလည်ခြင်း တို့ ကိုခေါ်ဆိုပါတယ်။  ဟဒက်စ် စေ အက္က်ဘဲရ် (ခ) အညစ်အကြေး အကြီးဆို တာကတော့  ဂျနာဗသ်  နှင့် မေထုံမှီဝဲခြင်း (ကာမစပ်ယှက်ခြင်း) တို့ ကိုခေါ် ဆို  ပါတယ်။
အစ္စလာမ့် တရားတော်အရ မသန့်ရှင်းသည့်အရာများ မှသန့်ရှင်း ခြင်းသည် ဝဇူ နှင့် နမာဇ် အတွက် အရေးကြီးပါတယ်။  ဝဇူလုပ်မည့်‌ ရေ ၊ နမာဇ်ဝ်ပြုမည့်သူ၏ ကိုယ်ခန္ဓာ ၊ နှင့် အဝတ်အစားသည် တရားတော် အရ သန့်ရှင်းသန့်စင်ဖို့ အရေးကြီးပါတယ်။ ရေ နှင့် တရားတော်အရ မသန့်ရှင်းသည့် အရာများ ကို သန့်ရှင်းအောင် သန့်စင်အောင် ပြုပေးသည့် အရာများ ကို မိုသွာဟေရာသ် ဟုခေါ်ဆိုပါတယ်။  
 သွဟာရသ် သည် သူကိုယ်တိုင် ဝါဂျစ်ဗ် မပြုမနေရမဟုတ်ပါ။ သို့သော် နမာဇ် နှင့် သွဝါဖ် လှည့် ခြင်းကဲ့သို့ ဝဂျစ်ဗ် (မပြုမနေရ) အလုပ်များ ကိုလုပ်ဆောင်ရန် အတွက် ဝါဂျစ်ဗ် ဖြစ်သွားပါတယ်။  ထိုနည်းတူစွာ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ် တော် များ ကို ထိတွေ့ ရန် အတွက်လည်းပဲ သွဟာရသ် ဝါဂျစ်ဗ် ဖြစ်သွားပါတယ်။ ဟဒက်စ် စေ အဇ်ဂဲရ် ဖြစ်လာရင် ဝဇူ ပြုပြီး တရားတော်အရ သန့်စင်သွားမည် ဖြစ်ပြီး   ဟဒက်စ်စေအက္က်ဘဲရ်ဖြစ် လာလျင် ဂိုစ်လ်(တရားတော်အရ ရေချိုးခြင်း) ပြုခြင်းဖြင့် တရားတော် အရ သန့်ရှင်း သွားမည် ဖြစ်ပါတယ်။  ဝဇူ နှင့် ဂိုစ်လ် ပြုရန် မဖြစ် နိုင်သည့် အခြေအနေ တွင် ၎င်းတို့ အစား သယမွန်မ် ပြုရမည် ဖြစ်ပါတယ်။
ဓမ္မသတ် ဆိုင်ရာ သွဟာရေသ် ၏ အဓိပ္ပာယ် ဖွင့်ဆိုချက် နှင့်ပတ်သက်ပြီး ပြောရမည် ဆိုရင်တော့ ဖေက်ဟ် ပညာရပ်တွင် သွဟာရသ် ဆိုသည်မှာ ယေဘု ယျ အားဖြင့် ခန္ဓာ ကိုယ် သည် တရားတော် အရ မသန့်ရှင်းသည့် အရာများ  နှင့်  သန့် ရှင်း သန့်စင်ခြင်း ဟဒက်စ်စေ အက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် မှလည်း သန့်ရှင်း သန့်စင်ခြင်း ကိုခေါ်ဆို ပါတယ်။ ဟဒက်စ် စေ အဇ်ဂဲရ် ဆိုသည်မှာ ဆီး၊မစင် ၊ လေလည်ခြင်း ၊ အိပ်စက် ခြင်း စသည်ဖြင့် တို့ကိုခေါ်ပါတယ်။ တစ်နည်းအားဖြင့် ဝဇူကို ဖျက်ပြားစေသည့် အရာများကို ခေါ်ဆိုပါ တယ်။ ဟဒက်စ်စေ အက္က်ဘဲရ်     ဆိုသည်မှာ ဂိုစ်လ် (ရေချိုး) ခြင်းကို ဖြစ်စေ သည့် ဂျနာဗသ်  ၊ မေထုံမှီဝဲခြင်း (ကာမစပ်ယှက်ခြင်း) နှင့် ဟိုက်စ် (ဓမ္မတာလာခြင်း) တို့ ကို‌ခေါ် ဆိုပါတယ်။
ဖေက်ဟီ (ဓမ္မသတ်) စာအုပ်များတွင် သွဟာရသ် ဆိုသည်အမည်ဖြင့် ကဏ္ဍ သီးသန့် ပါရှိပါ တယ်။ ၎င်းကဏ္ဍ တွင် နဂျာစါသ် (တရားတော်အရ မသန့်ရှင်းသည့်အရာများ) ၊ ကို မိုသွာဟေရာသ် (တရားတော်အရ မသန့်ရှင်းသည့် အရာများ ကို သန့်ရှင်းအောင် သန့်စင်အောင် ပြုပေးသည့် အရာများ) ၊ဝဇူ ၊ ဂိုစ်လ် နှင့် သယမွန်မ် တို့နှင့် ပတ်သက်ပြီး ဆွေးနွေးတင်ပြထားခြင်းဖြစ်ပါတယ်။
နဂျာစါသ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်း ကိစ္စ ကတော့နဂျာစါသ် နှင့် မိုသွာ ဟေရာသ် ကဏ္ဍ များတွင် လေ့လာ နိုင်ပါတယ်။
အစ္စလာမ် မီ စည်းမျဥ်း ဥပဒေ များ အရ နဂျာစသ် ၁၀ မျိုး မှအပ အားလုံးသည် သန့်ရှင်း စင်ကြယ်ပါတယ်။  နဂျာစသ် ၁၀ မျိုးမှာပမာအားဖြင့်  လူသား နှင့် တရားတော် အရ တားမြစ်ထားသည့် တိရစ္ဆာန်များ ၏မစင် ၊ လူသား၏သွေး နှင့် သွေးပန်း၍ ထွက်သည့် တိရစ္ဆာန် ၏သွေး ၊ ဝက် ၊ခွေး တို့ဖြစ်ပါတယ်။ သောင်ဇီးဟိုလ် မစာအေလ် စာအုပ်များတွင် လည်း ဖော်ပြ ထားတာ တွေ့ နိုင်ပါတယ်။
မည်သည့်အရာမဆို နဂျာစသ် နှင့် ထိတွေ့ မည် ဆိုလျင် နဂျစ် (တရားတော်အရာ မသန့်ရှင်းသည့်အညစ်အကြေး) ဖြစ်သွားပေမည်။ ပညာရပ်ဆိုင်ရာ စကားအရ မိုသနဂျစ် ဟုခေါ်ဆိုပါတယ်။ နဂျာစသ် အရာများကို ရေ ကဲ့သို့သော အရာဖြင့် သန့်စင် သန့်ရှင်း အောင် ပြုနိုင်ပါသည်။ သန့်ရှင်းသန့်စင်အောင် ပြုပေးသည့် အရာများ ကို မိုသွာ ဟေရာသ် ဟုခေါ်ဆိုပါတယ်။
နဂျာစါသ် မှ သန့်ရှင်းစင်ကြယ် အောင်ပြုခြင်းဆိုင်ရာ ဥပဒေ ကိုတင်ပြပါမည်။ အစ္စလာမ် ဓမ္မသတ် ပညာရှင်ကြီးများ(မရ်ဂျာများ) ၏ ဖသ်ဝါနဂျာစသ် မှ သန့်စင် သန့်ရှင်း အောင် ၊ အောက်ဖော်ပြ ကိစ္စများ တွင် မဖြစ်မနေဆောင်ရွက်ရမည် ဖြစ်ပါ တယ်။ (ဝါဂျစ်ဗ် ဖြစ်ပါတယ်။)
၁။ ဝဇူပြုချိန် ဝဇူပြုရမည့် အစိတ်အပိုင်းများ
၂။ ဝဇူ နှင့် ဂိုစ်လ် ပြုမည့်ရေ
၃။ ဖြစ်နိုင်သလောက် သယမွန်မ် ပြုမည့် အစိတ်အပိုင်းများ
၄။ မြေကြီးသို့မဟုတ် သယမွန်မ် ပြုနိုင်သည့် အရာများ
၅။ စဂျ်ဒဟ် ပြုမည့်နေရာ
၆။ နမာဇ် ဝတ်ပြုမည့်သူ ၊ သွဝါဖ်ပြုမည့်သူ ၏ အဝတ် နှင့် ကိုယ်ခန္ဓာ  တို့ ဖြစ်ပါတယ်။

ဟဒက်စ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်းဆိုင်ရာကတော့ဟဒက်စ် ဆိုသည့် မှာ ၎င်းကြောင့် သွဟာရာသ် (တရားတော်အရ သန့်ရှင်းခြင်း)  ပျက်ပယ်သွားသည့် အရာကို ခေါ်ပါ တယ်။ အစ္စလာမ် ဓမ္မသတ် ပညာရှင်ကြီး များ(မရ်ဂျာများ) မှ ဟဒက်စ် အား ဟဒက်စ်စေအက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် ဆိုပြီး ပိုင်းခြားထားပါတယ်။ (၁၀)  ဟဒက်စ် စေ အဇ်ဂဲရ် တွင် ဆီး၊ မစင် ၊လေလည် ခြင်း၊ အိပ်စက်ခြင်း ၊ ဥာဏ်ရည်ကို ထိခိုက်စေသည့်အရာများ ( ပမာအား ဖြင့် ရူးသွပ်ခြင်း ။ ယစ်မူးခြင်း ၊မူးမေ့ လဲခြင်း) နှင့် အစ်သေဟာဇေကလီးလ် (အမျိုးသမီး များ ၏ ဓမ္မတာသွေး ၊ကလေးမွေး ပြီးထွက်သည့်သွေးအပြင် ထွက်သည့် သွေး ပမာဏ အနည်းငယ် ) တို့ ဖြစ်ပါတယ်။
ဟဒက်စ်စေအက္က်ဘဲရ် ဆိုသည်မှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
ဂျနာဗသ်  နှင့် မေထုံမှီဝဲခြင်း (ကာမစပ်ယှက်ခြင်း) ၊ ဟိုက်ဇ် (ဓမ္မတာသွေး ) ၊ နေဖါစ် (ကလေးမွေးပြီးထွက်သည့်သွေး ၊ အစ်သေဟာဇေကစီးရဟ် (အမျိုးသမီးများ ၏ ဓမ္မတာသွေး ၊ကလေးမွေးပြီးထွက်သည့်သွေးအပြင် ထွက်သည့် သွေး ပမာဏ များများ ) ၊ အစ်သေဟာ ဇေမိုသဝစေသွဟ် (အမျိုးသမီးများ ၏ ဓမ္မတာသွေး ၊ကလေးမွေးပြီးထွက်သည့်သွေးအပြင် ထွက်သည့် သွေး ပမာဏ အလယ်အလတ် ) ၊ (အေးစက်သွားသည့်) လူသေ အလောင်းကို ထိမိခြင်းတို့ ဖြစ်ပါတယ်။
ဟဒက်စ် စေ အဇ်ဂဲရ် အား ဝဇူ ဖြင့် သန့်ရှင်း သန့်စင်အောင် ပြုရပါသည်။ ဟဒက်စ်စေ အက္က်ဘဲရ် အား ဂိုစ်လ် (တရားတော်အရ ရေချိုးခြင်း) ဖြင့် သန့်ရှင်း သန့်စင်အောင် ပြုရပါသည်။(၁၃) အရေးကြီးလိုအပ်သည့် အခါ ဝဇူ နှင့် ဂိုစ်လ် အစား သယမွန်မ် လည်း ပြုလုပ်နိုင်ပါသည်။ (၁၄)
ဟဒက်စ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်းဆိုင်ရာ ဥပဒေ ကတော့ဟဒက်စ် မှ သန့်ရှင်းအောင် ပြုခြင်းသည် သူ့အလိုအလျောက် ဝါဂျစ်ဗ် မဟုတ်ပေ။ သို့သော် အောက်ဖော်ပြပါ အေဗါဒသ် (ခဝတ်ကိုးကွယ်မှု) များ  ပြုလုပ်ရန် အတွက် ဝါဂျစ်ဗ် ဖြစ်ပါတယ်။
၁။ နမာဇ်ဇေမိုင်ယသ်မှအပ ရှိသမျှ ဝါဂျစ်ဗ် နမာဇ်များ အားလုံး
၂။ ဝါဂျစ်ဗ် သွဝါဖ်
၃။ ကျမ်းတော်မြတ် ကုရ်အာန် ၏ အာယသ်တော်များ ကို ထိတွေ့ရန်
၄။ အလ္လာဟ် ၊ ရစူလ်(ဆွ) ၊ ကျော်ကြားသည့် ဖသ်ဝါများအရ အဲဟ်လေ့ဘိုက်(သ) (အ.စ) ၏ အမည် များ ကို ထိတွေ့ရန်
၅။ ကျော်ကြားသည့် ဖသ်ဝါများအရ ရိုဇဟ် အတွက်
၆။ စဂျ်ဒဟ်ပါသည့် စူရဟ်များကို သေလာဝသ် ပြုရန်
၇။ဗလီ တွင် နေရန်
၈။ မတ်စ်ဂျစ်ဒ်  ဒိုလ်ဟရာမ်  နှင့် မတ်စ်ဂျစ်ဒ် ဒွန်နဘီ တွင် နေဖို့မဟုတ် သည်ဖြစ်စေ ဝင်ရန် အတွက် တို့ ဖြစ်ပါတယ်။
အထက်ဖော်ပြပါ  အချက် ၈ ချက်၏ ပထမ ၄ချက်(အမှတ်၁ မှ ၄ အထိ) တွင် ဟဒက်စ် အား ဟဒက်စ်စေအက္က်ဘဲရ် နှင့် ဟဒက်စ် စေ အဇ်ဂဲရ် နှစ်မျိုးလုံး မှ သန့်ရှင်း ရန် သန့်စင်ရန် အရေးကြီးပါသည်။ နောက်ပိုင်း ကျန်လေးချက် (အမှတ် ၅ မှ ၈အထိ) သည် ဟဒက်စ်စေအက္က်ဘဲရ် မှသာ သန့်ရှင်း ရန် သန့်စင်ရန် အရေးကြီးပါတယ်။  
ဟဒက်စ် မှ သန့်ရှင်းစင်ကြယ်အောင်ပြုခြင်းဆိုသည်မှာ  ဝဇူ၊ ဂိုစ်လ် ၊ သယမွန်မ် များကို ကိုရ်ဘသန်အေလ္လာဟ် (အလ္လာဟ်ဟိုအရှင်မြတ် နှင့် နီးကပ်မှုရရန်) ဆိုသည့် နီယသ် (အဓိဋ္ဌာန် ) ဖြင့် မလွဲမသွေ ဆောင်ရွက် ခြင်းကို ခေါ်ဆိုပါတယ်။
သွဟာရာသ်  (တရားတော်အရ သန့်စင်ခြင်း) သည် ကိစ္စ အမြောက်အများ အတွက် မွတ်စ်သဟ် ဖြစ်ပါသည်။ ၎င်းကိစ္စများမှ အချို့ မှာ အောက်ပါအတိုင်း ဖြစ်ပါတယ်။
အလ္လာဟ်ထံတော်တွင် မိမိ လိုအင်ဆန္ဒ ကိုတောင်းခံချိန် ၊ ကျမ်းတော်မြတ် ကုရ်အာန် အားမိမိ နှင့် အတူ ထားချိန် ၊ နမာဇ်ဇေမိုင်ယသ် အတွက် ၊ မရ်ဟွန်မ်များ အတွက် ဇေယာရသ် သွားပြုချိန် ၊ ကျမ်းတော်မြတ် ကုရ်အာန် သေလာဝသ်ပြုချိန် ၊ ဗလီ ဝတ်ကျောင်းတော် အတွင်း ဝင်ရောက်ရန် အတွက်တို့ ဖြစ်ပါတယ်။

သွဟရသ်အကြောင်း သိသင့်သလောက် သင့်ရှိပြီးလို့ ယူဆိပါတယ်။ ဤထက်ပိူ၍ အသေးစိတ် လေ့လာ နိုင်ကြပါစေ။ သိကြပါစေ။ လိုက်နာ ကျင့်သုံး နိုင်ကြပါစေလို့ ဒိုအာ ပြု လိုက်ပါတယ်။

ကျမ်းကိုးများ


خمینی، سیدروح‌الله، تحریرالوسیله، تهران، مؤسسه تنظیم و نشر آثار امام خمینی، ۱۳۹۲ش.
* سرور، ابراهیم حسین، المعجم الشامل للمصطلحات العلمیه و الدینیه، بیروت، دارالهادی، ۱۴۲۹ق.
* فیض کاشانی، محمدمحسن، رسائل فیض کاشانی، تحقیق بهزاد جعفری، تهران، مدرسه عالی شهید مطهری، ۱۴۲۹ق.
* مؤسسه دایرة المعارف فقه اسلامی، فرهنگ فقه مطابق با مذهب اهل‌بیت علیهم‌السلام، قم، مؤسسه دایرة المعارف فقه اسلامی بر مذهب اهل‌بیت ۱۳۸۷ش.
* محقق حلی، جعفر بن حسن، شرائع الاسلام فی مسائل الحلال و الحرام، تحقیق و تصحیح عبدالحسین محمدعلی بقال، قم، اسماعیلیان، چاپ دوم، ۱۴۰۸ق.
* مشکینی اردبیلی، علی، مصطلحات‌الفقه، قم، دارالحدیث، ۱۳۹۲ش.
* نجفی، محمدحسن، جواهر الکلام فی شرح شرائع الاسلام، تصحیح عباس قوچانی و علی آخوندی، بیروت، دار اِحیاء التراث العربی، چاپ هفتم، ۱۴۰۴ق.

***************************************************************
END / 251