အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၁၉ မေ ၂၀၂၃

၀၈:၄၁:၃၅
1366909

အီရန် နှင့် ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးကို နှစ်ဖက်နိုင်ငံဘက်မှ မြှင့်တင်ရန်ဆန္ဒရှိကြောင်း အီရန် သမ္မတပြောကြား

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ H.I ဒေါက်တာ ရအီစီ မှ ပါကစ္စတန် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးသည် အီရန် နိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားရေး နှင့်အတူတူ ဖြစ်ကြောင်းစသည်ဖြင့် ပြောကြားခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မဲဟ်ရ် သတင်းဌာန ၏ သတင်းအချက်အလက်များအရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ H.I ဒေါက်တာ ရအီစီ မှ ပါကစ္စတန် နိုင်ငံ နှင့် အီရန် နိုင်ငံ အကြား နက်ရှိုင်းသည့် ဆက်ဆံရေး သည် နှစ်နိုင်ငံလုံး၏ ယုံကြည်ချက်များပေါ် မူတည်နေကြောင်း ယနေ့ မိမိအနေဖြင့် အီရန် နှင့် ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးကို နှစ်ဖက်နိုင်ငံဘက်မှ မြှင့်တင်ရန်ဆန္ဒရှိကြောင်း ပြောကြားခဲ့ ပါ တယ်။

အီရန်သမ္မတ အနေဖြင့် အီရန် နှင့် ပါကစ္စတန် နိုင်ငံ၏ ဆက်ဆံရေးသည် စံနမူနာ တစ်ခု  ဖြစ်ကြောင်း ပါကစ္စတန်နိုင်ငံသားများသည် အသိစိတ်ရှိသူများ ၊ ရဲစွမ်းသတ္တိရှိသူများ နှင့်အစ္စလာမ်မစ် တော်လှန် ရေးကို အားပေးထောက်ခံသူများ ဖြစ်ကြောင်းမိန့်ကြား ခဲ့ပါတယ်။

အီရန်သမ္မတ မှဆက်လက်ပြီး ပါကစ္စတန် နိုင်ငံ နှင့် ကျွန်တော် တို့ ရဲ့ဆက်ဆံ ရေးဟာ နယ်ပယ် အသီးသီးမှာ လုပ်ဆောင်လျက်ရှိ နေကြောင်း တစ်နေ့ တက် တစ်နေ့ ပိုမိုအားကောင်းလာကြောင်း ပြောကြားခဲ့ ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ H.I ဒေါက်တာ ရအီစီ မှ ပါကစ္စတန် နှင့် အီရန် နှစ်နိုင်ငံ နယ်နိမိတ်များသည် တစ်ဘက်နှင့်တစ်ဘက် အပြန်အလှန် အန္တရာယ်မရှိကြပေမဲ့ နှစ်နိုင်ငံ စလုံးသည် မွတ်စလင်မ်နိုင်ငံများဖြစ်ကြသည့် အတွက် လုံခြုံရေးကို တိုးတက် ကောင်းမွန် သထက်ကောင်း မွန်ရန် ပြုရမည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

ပြီးနောက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတနိုင်ငံ၏ သမ္မတ H.I ဒေါက်တာ ရအီစီ မှ ပါကစ္စတန် နိုင်ငံ၏ ငြိမ်းချမ်းရေးနှင့် ငြိမ်ဝပ်ပိပြားရေးသည် အီရန် နိုင်ငံ၏ ငြိမ်းချမ်းရေး နှင့် ငြိမ်ဝပ်ပိပြားရေး နှင့်အတူတူ ဖြစ်ကြောင်းပြောကြားရင်း ကျွန်ုပ်တို့ အတွက် ဒေသအတွင်း  ပါကစ္စတန် နိုင်ငံ ၏ လုံခြုံရေး သည် အလွန် အရေးကြီးကြောင်းပြည်ပနိုင်ငံ များ၏ ဝင်ရောက် စွက်ဖက်မှုသည် ဒေသတွင်း ပြဿနာကို ဖြေရှင်း သည့် ဖြေရှင်းချက် ဖြစ်နိုင်မည်မဟုတ်ကြောင်း ထိုပြင် ပြည်ပ ဝင်ရောက် စွက်ဖက်ခြင်းသည် ဒေသတွင်း ခြိမ်းခြောက်မှု တစ်ခု အန္တရာယ်တစ်ခု  ဖြစ်ကြောင်း ပြောကြား ခဲ့ပါတယ်။

****************************************************************

END / 251