အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၂၉ စက်တင်ဘာ ၂၀၂၃

၁၇:၅၄:၅၃
1396613

အမေရိကန် သည် ၎င်း၏ လုပ်ရပ်များကို ရပ်တန့်မည်မဟုတ် / ရုရှား

အမေရိကန် ဦးဆောင်သော ISIS (ဒါအေရှ်) ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့၏ မောင်းသူမဲ့ လေယာဉ်များသည် အပစ် အခတ်ရပ်စဲ ရေး သဘောတူညီချက်ကို တစ်ဖန် ချိုးဖောက်ခဲ့ကြောင်း ဆီးရီးယားရှိ ရုရှား ငြိမ်းချမ်းရေး စင်တာက အစီရင်ခံခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်း အထောက်အထားများ အရ ဆီးရီးယားရှိ ရုရှားငြိမ်းချမ်းရေးစင်တာ လက်ထောက်အကြီးအကဲ Oleg Gurinov က ရုရှားနှင့် အမေရိကန်တို့ကြား လက်မှတ်ရေးထိုးခဲ့သည့် သဘော တူညီချက်ကို ရုရှားက အကောင်အထည်ဖော်နေလျက် ၎င်း သဘောတူညီချက်ကို  ၂၀၁၅ ခုနှစ် အောက်တိုဘာလ ၂၀ ရက်နေ့တွင် လက်မှတ်ရေးထိုးခဲ့ကြောင်း သို့သော် အမေရိကန် ဦးဆောင်သော ISIS (ဒါအေရှ်)  ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့၏ မောင်းသူမဲ့ လေယာဉ်များသည် သဘောတူညီချက်များကို  ၉ ကြိမ် တိုင်တိုင် ချိုးဖောက်ခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

အမေရိကန် ဦးဆောင်သော ISIS (ဒါအေရှ်) ဆန့်ကျင်ရေး ညွန့်ပေါင်းအဖွဲ့၏ မောင်းသူမဲ့ လေယာဉ်များသည် ဇွန်လအတွင်း အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ကို  ၃၁၃ ကြိမ်ကို ချိုးဖောက်ခဲ့ကြောင်း ဆီးရီးယားရှိ ရုရှားငြိမ်းချမ်းရေးစင်တာက ဇူလိုင် ၂ ရက်တွင် ထုတ်ပြန် ကြေညာ ခဲ့ပါတယ်။

အမေရိကန် နိုင်ငံ သည် နိုင်ငံတကာ အရေးတွင် လက်ဝင်ထဲ သည့် နိုင်ငံဖြစ်ပြီး မိမိတို့ နိုင်ငံအတွက် အကျိုးအမြတ်(ရေနံ ၊ဂက်စ် ၊ ဓာတ်ဆီ စသည်ြဖင့် ) မရသည့်နိုင်ငံဆိုလျှင် နှုတ်ဖြင့်သာ အားပေး အားမြှောက် ပြုသည့်  နိုင်ငံဖြစ်ပါတယ်။

****************************************************************

END / 251