အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ နိုဝင်ဘာ ၂၀၂၃

၁၆:၀၉:၃၉
1409769

ဇီယွန်ဝါဒ သည် နာဇီဝါဒထက် ပို၍အန္တရာယ်များပါတယ် / မာဒူရို

ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက ပါလက်စတိုင်းနိုင်ငံနှင့် ကမ္ဘာပေါ်ရှိ မွတ်စလင်များနှင့် ခရစ်ယာန်များကို ဆန့်ကျင်သည့် ဇီယွန်ဝါဒီ အစိုးရ၏ အတွေးအခေါ်သည် နာဇီဝါဒထက် ပို၍အန္တရာယ်များကြောင်း အလေးပေး ပြောကြားခဲ့ပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Maher သတင်းဌာနက အယ်လ်မာယာဒင်ကို ကိုးကား ပြီး ဗင်နီဇွဲလားသမ္မတ နီကိုလက်စ်မာဒူရိုက အစ္စရေးသည် ဂါဇာကမ်းမြောင်ရှိ ဆေးရုံများကို ဗုံးကြဲခြင်းဖြင့် ဖျားနာနေသူ၊ ဒဏ်ရာရနေသူ၊ အိုးမဲ့အိမ်မဲ့ဖြစ်နေသူ  ပါလက် စတိုင်းသား များကို အစုလိုက်အပြုံလိုက် အစုလိုက်အပြုံလိုက် သတ်ဖြတ်ခဲ့ကြောင်းပြောကြားသည် ဟု ဖော်ပြထားပါတယ်။

နယ်ချဲ့ ကျုးကျော် အစ္စရေး ဇီယွန် အစိုးရသည် ပါလက်စတိုင်းဒုက္ခသည်စခန်းများကို တိုက်ခိုက်ခဲ့ပြီး ဂါဇာရှိ အော်သိုဒေါ့စ်ကက်သလစ်ဘုရားကျောင်းနှင့် နှစ်ပေါင်း ၁၀၀၀ ကျော်သက်တမ်းရှိ ဗလီတစ်လုံးတို့ကို လည်း ပစ်မှတ်ထား ဖျက်ဆီးခဲ့ကြောင်း ဆက်လက် အလေးပေးပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားသမ္မတက အစ္စရေး ဇီယွန်အစိုးရသည် ပါလက်စတိုင်းလူမျိုးများ၊ အာရပ်များ နှင့် အစ္စလာမ် နိုင်ငံများ အားလုံး အပြင် ခရစ်ယာန်များကိုပါ ဆန့်ကျင်သည့် အစိုး ရဖြစ်၍ နာဇီဝါဒထက် ပိုမိုအန္တရာယ်များ ကြောင်း ဗင်နီဇွဲလားသမ္မတမှ ပြောကြားခဲ့ပါတယ်။

ဇီယွန်ဝါဒီအစိုးရသည် ဂါဇာကမ်းမြောင်ဒေသတွင် ပါလက်စတိုင်းများအပေါ် လူမျိုးတုံးသတ်ဖြတ်မှုများ ကျူးလွန်နေကြောင်းဂါဇာကမ်းမြောင်ဒေသအတွက် လူသားချင်းစာနာထောက်ထားမှုအကူအညီများ ကို ကာရာကတ်စ်က ပေးမည် ဖြစ်ကြောင်း ဗင်နီဇွဲလားသမ္မတ မှဆက်လက်ပြောကြားခဲ့ပါတယ်။

ဗင်နီဇွဲလားသမ္မတ မှဂါဇာကမ်းမြောင်စစ်ပွဲအဆုံးသတ်ရေး သဘောတူညီချက်တစ်ရပ်ကို အကောင် အထည် ဖော်ရန် အင်အားကြီးနိုင်ငံများ၏ အရေးပေါ် နိုင်ငံတကာညီလာခံတစ်ရပ်ကျင်းပ ရန် ကိုလည်း တောင်းဆို ခဲ့ပါ တယ်။

****************************************************************

END / 251