အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ဗုဒ္ဓဟူးနေ့

၈ နိုဝင်ဘာ ၂၀၂၃

၂၂:၂၇:၃၅
1409810

ဂျပန်နိုင်ငံမှာ ကျင်းပသည့် ဂျီဆဲဗင်းန် နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး တွင် ဂါဇာကမ်းမြောင်ဒေသ အခြေ အနေများကို ဆွေးနွေးခဲ့

ဂျီဆဲဗင်းန် (G-7) နိုင်ငံခြားရေးဝန်ကြီးများသည် အရှေ့အလယ်ပိုင်း နှင့် ဂါဇာကမ်းမြောင်ဒေသတွင် ငြိမ်းချမ်း ရေးကြိုးပမ်းမှုများကို ပြန်လည်အသက်သွင်းရန် နည်းလမ်းများကို တိုကျိုတွင် နှစ်ရက်ကြာကျင်းပသည့် ထိပ်သီးအစည်းအဝေးတွင် ဆွေးနွေးခဲ့ကြပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အီးက်နာ သတင်းဌာန ၏ သတင်းအထောက်အထားများအရ အိမ်ရှင်နိုင်ငံဖြစ်တဲ့ ဂျပန်နိုင်ငံက ထုတ်ပြန်တဲ့ ကြေညာချက်မှာ မနေ့က အလုပ်သဘော ညစာစားပွဲမှာ ဆွေးနွေးခဲ့တဲ့ ကိစ္စရပ်တွေဖြစ်တဲ့ G7 နိုင်ငံတွေရဲ့ ပြည်ပဗီဇာ၊ အစ္စရေး-ဂါဇာ ပဋိပက္ခ၊ ယူကရိန်းစစ်ပွဲ ရုရှားနဲ့ တရုတ်နဲ့ ပတ်သက်တဲ့ ကိစ္စတွေကို ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေး၏ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဂါဇာကမ်းမြောင်ဒေသမှ ဟားမတ်စ်များ ထွက်သွားရန်  မည်သည့်ရွေးချယ်ခွင့်များကို ဆွေးနွေးခဲ့ကြကြောင်း ကြေညာချက်တွင် အသေး စိတ်ဖော်ပြထား ခြင်းမရှိပေ။

နယ်ချဲ့ စစ်သွေးကြွ အစ္စရေးသည် ဂါဇာကမ်းမြောင်ဒေသအတွက် ၎င်း၏ရေရှည်အစီအစဥ်များနှင့် ပတ်သက်၍ မရေရာသေးသော်လည်း နယ်ချဲ့ အစ္စရေးဝန်ကြီးချုပ် ဘင်ဂျမင် နေတန်ယာဟု က ဂါဇာကမ်းမြောင် လုံခြုံရေးအတွက် အကန့်အသတ်မရှိတာဝန်ယူရန် အစ္စရေးက ကြိုးစားသွားမည်ဟု ယခုသီတင်းပတ်တွင် ပြောကြားခဲ့ ကြောင်း သိရှိရပါတယ်။

နယ်ချဲ့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး အီလီကောင်န် က Wall Street ဂျာနယ်ကို ပြောသည်မှာ  နယ်မြေအား အမေရိကန်၊ ဥရောပသမဂ္ဂနှင့် မွတ်စလင်မ် အများစုနေထိုင်သည့် နိုင်ငံများ သို့မဟုတ် ဂါဇာရှိ ဒေသဆိုင်ရာ နိုင်ငံရေးခေါင်းဆောင်များက ပါဝင်သော နိုင်ငံတကာညွန့်ပေါင်းအဖွဲ့က စီမံခန့်ခွဲရမည် ဟု ဖြစ်ပါတယ်။

အမေရိကန်၊ ကုလသမဂ္ဂ၊ အရှေ့အလယ်ပိုင်းနှင့် အခြားနိုင်ငံများ၏ သံတမန်များသည်လည်း ဤကိစ္စနှင့် ပတ်သက်၍ ရွေးချယ်စရာများကို စတင်စဉ်းစားနေပြီဖြစ်ကြောင်း သိရှိရပါတယ်။

သို့သော် အတွေ့အကြုံများ အရ ဤသည် အမေရိကန် ၎င်း၏ မဟာမိတ်များ ကုလသမဂ္ဂ အနောက်နိုင်ငံ များ ၏ နိုင်ငံရေး လှည့် ကွက်  နှင့်  ဟန်ဆောင် ထားမှုသာ ဖြစ်ပါတယ်။

****************************************************************

END / 251