အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
ကြာသပတေးနေ့

၂၃ နိုဝင်ဘာ ၂၀၂၃

၂၀:၂၅:၃၂
1414414

ဂါဇာတွင် ဗလီ အလုံး ၆၀ ကျော်ကို စစ်သွေးကြွ နယ်ချဲ့ အစ္စရေး ဇီယွန် က တိုက်ခိုက်ဖျက်ဆီးထား

အောက်တိုဘာ ၇ ရက်နေ့ တွင် ပြုလုပ်ခဲ့သည့် ဟားမတ်စ် တို့၏ အလ်အက်ဆွာ စစ်ဆင်ရေး အပြီး အစ္စရေး ၏ ဂါဇာကမ်းမြှောင်ကို ကျူးကျော်တိုက်ခိုက်မှုတွင် နိုင်ငံ တကာ စစ်စည်းကမ်းကို မလိုက်နာဘဲ ဗလီ ၀တ်ကျောင်းတော်ပေါင်း အလုံး ၆၀ ကျော် ဖျက်ဆီး လူမဆန်ခဲ့ကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။


အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

မွတ်စလင်မ် မီဒီယာ ၏ သတင်း အထောက်အထားများ အရ ဂါဇာစီးတီးမှာရှိတဲ့ အလ်စလမ် ဗလီ၀တ်ကျောင်းတော်ကို အစ္စရေးက ဗုံးကြဲဖျက်ဆီးခဲ့ပါတယ်။ တစ်လကျော် အတွင်း စစ်သွေးကြွ အစ္စရေး ဇီယွန် များ ၏ ဖျက်ဆီးခဲ့သည့် ဗလီ၀တ်ကျောင်းတော်ပေါင်း အလုံး  ၆၀ ကျော်လာပြီ ဖြစ်ပါတယ်။

ဟားမက်စ်၏ အလ်အက်ဆွာ မုန်တိုင်း စစ် ဆင်ရေး ကို တုန့်ပြန်တယ်ဆိုသည့် ခေါင်းစဥ်ဖြင့်  ဂါဇာကမ်းမြှောင်ကို အစ္စရေးက တိုက်ခိုက်ရာမှာ လက်နက်မဲ့ ပါလက်စတိုင်း ပြည်သူလူထုအပေါ် အဓိက အကြမ်းဖက်နေတာ ဖြစ်ပါတယ်။

လူနေအိမ်၊ ဆေးရုံတွေ၊ စာသင်ကျောင်း၊ ဘာသာရေးအဆောက်အဦးတွေ၊ ဒုက္ခသည်စခန်း၊ အကူအညီပေးရေး ယာဥ်မကျန် နယ်ချဲ့ အစ္စရေးက စစ်စည်းကမ်းကို မလိုက်နာဘဲ  သဲကြီးမဲကြီး ကုလားမနိုင် ရခိုင်မဲ သည့် လုပ်ရပ်ဖြင့် တိုက်ခိုက်နေပါတယ်။

အစ္စရေး၏ အကြမ်းဖက်သတ်ဖြတ်မှုကြောင့် တစ်လကျော်အတွင်း ပါလက်စတိုင်းပြည်သူ ၁၁၀၇၈ ဦး သေဆုံးပြီး အများစုက ကလေးငယ်နဲ့ အမျိုးသမီးတွေ ဖြစ်ပါတယ်။

****************************************************************

END / 251