အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၈ နိုဝင်ဘာ ၂၀၂၃

၁၈:၅၄:၄၈
1415745

အမေရိကန် နိုင်ငံတွင် ပါလက်စတိုင်း ကျောင်းသား သုံးဦး ပစ်သတ်ခံခဲ့ရ

အမေရိကန် ဗားမောင့်ပြည်နယ်မှာ ပါလက်စတိုင်း တက္ကသိုလ် ကျောင်းသား ၃ ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရပ ကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Al Jazeera TV အဆိုအရ ဗားမောင့်ရှိ တက္ကသိုလ်ကျောင်းဝင်းတစ်ခုအနီးတွင် ပါလက်စတိုင်းလူငယ် ကျောင်းသားငယ်များကို ပစ်သတ်ခံခဲ့ရကြောင်း ဝမ်းနည်း စွာ သိရှိရပါတယ်။ ကျောင်းသားတွေကို တိုက်ခိုက်မှုနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့က အသက် ၄၈ နှစ်အရွယ် အမျိုးသားတစ်ဦးကို ဖမ်းဆီးလိုက်ပါတယ်။ လွန်ခဲ့သည့် ရက်အနည်းငယ်ကလည်း အမေရိကန်နိုင်ငံတွင် အသက် ၆ နှစ်အရွယ် ပါလက်စတိုင်းနွယ်ပွား အမေရိကန် ကလေးငယ်တစ်ဦး ဓားဖြင့်ထိုးသတ်ခံခဲ့ရပါတယ်။

ရဲတပ်ဖွဲ့၏ ပြောကြားချက်အရ သေဆုံးသူများသည် အာရပ်ဘာသာစကားဖြင့် ပြောဆိုကြပြီး လူနှစ်ဦးမှာ ခန္ဓာကိုယ်အောက်ပိုင်း၌ သေနတ်ဖြင့် ပစ်ခတ်ခံခဲ့ရကြောင်း သိရပါတယ်။ Burlington ရဲချုပ်မှ တိုက်ခိုက်မှုမှာ ဒဏ်ရာရတဲ့ ကျောင်းသား ၂ ဦးဟာ တည်ငြိမ်တဲ့ အခြေအနေမှာ ရှိပြီး ကျောင်းသားတဦးကတော့ ဒဏ်ရာ ပိုပြင်း ထန်တယ်လို့ ပြောပါတယ်။ တိုက်ခိုက်သူသည် ပစ္စတိုသေနတ်ဖြင့် လေးချက်ထက်မနည်း ပစ်ခတ်ခဲ့ပြီး ထွက်ပြေးသွားသည်ဟု ယုံကြည်ရကြောင်း ရဲချုပ်မှ ဆက်လက် ပြောကြားခဲ့ပါတယ်။

ဗားမောင့်တက္ကသိုလ်အနီး Burlington မှာရှိတဲ့ North Prospect Street မှာ တိုက်ခိုက်မှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ ကျောင်းသားတွေဟာ Burlington ရှိ အတန်းဖော်တစ်ဦးရဲ့ မိသားစုထံ ကျောင်းပိတ်ရက်များ မှာ လာရောက်လည်ပတ်နေကြတယ်လို့ သိခဲ့ ရပါတယ်။

သေဆုံးသူသွားသည် ပါလက်စတိုင်း တက္ကသိုလ် ကျောင်းသား သုံးဦး ကတော့ ဟာရှင်မ် အဝါရ်သာနီ ၊ အဗ်ဒိုလ်ဟမီးဒ်  နှင့် သဲဟ်စင်းန် အဲဟ်မဒ် တို့  ဖြစ်ကြကြောင်း သိရှိရပါတယ်။ တက္ကသိုလ် ကျောင်းသား သုံးဦး သည် အနောက်ဘက်ကမ်းရှိ ပုဂ္ဂလိက အလယ်တန်းကျောင်းဖြစ်သည့် Ramallah Friends School မှ ကျောင်းဆင်းများ ဖြစ်ကြောင်း ၎င်းတို့ ၏ မိသားစုများက ပြောကြားခဲ့ပါတယ်။

****************************************************************

END / 251