အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
တနင်္ဂနွေနေ့

၃ ဒီဇင်ဘာ ၂၀၂၃

၂၂:၀၉:၅၁
1417077

၂၂ နှစ်ကြာပြီးနောက် ကျူးဘား သမ္မတသည် တီဟီရန်သို့ လာရောက်မည် ဖြစ်ပါတယ်

ကျူးဘားသမ္မတသည် နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ အဆင့်မြင့် ကိုယ်စားလှယ်အဖွဲ့နှင့်အတူ အီရန် သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ဖိတ်ကြားချက်အရ တီဟီရန်သို့ ယနေ့ ရောက်ရှိမည်ဖြစ်ကြောင်း သိရှိရပါတယ်။

 အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr News Agency ၏အဆိုအရ ကျူးဘားသမ္မတ မီဂေးလ် ဒီအက်ကာနယ် သည် မိမိနှင့် ရာထူးတူ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ ၏ ဖိတ်ကြားချက်အရ  တနင်္ဂနွေနေ့မွန်းလွဲပိုင်းတွင် တီဟီရန်မြို့သို့ ရောက်ရှိမည်ဖြစ်ပါတယ်။

ဒါဟာ လွန်ခဲ့သည့်  ၂၂ နှစ်က ကွယ်လွန်သွားသည့်  သမ္မတ ဖီဒယ်ကက်စထရို လက်ထက်ကတည်းက ကျူးဘား နိုင်ငံ ခေါင်းဆောင်တစ်ဦး၏ပထမဆုံး အီရန်နိုင်ငံကို လာရောက်တာ ဖြစ်ပါတယ်။

အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် တနင်္လာနေ့ နံနက်ပိုင်းတွင် တီဟီရန် မြို့ ရှိ မအ်ဒ်အာပါဒ် နန်းတော် ၌ အလည်အပတ် ရောက်ရှိနေသော ကျူးဘားသမ္မတအား တရားဝင် လက်ခံတွေ့ဆုံမည်ဖြစ်ပါတယ်။ ဧည့်ခံ ပွဲ အပြီးတွင် နှစ်နိုင်ငံ အကြီးအကဲများ အကြား တွေ့ဆုံ ဆွေးနွေး ကြပြီး အသီးသီး ကိုယ်စားလှယ် အဖွဲ့ အဆင့် ညှိနှိုင်းမှု များ ပြုလုပ် သွားမည် ဖြစ်ပါတယ်။

ဤကာလအတွင်း နားလည်မှုစာချွန်လွှာ အသီးသီးကို လက်မှတ်ရေးထိုးကြမည်ဖြစ်ပြီး အဆုံးတွင် သမ္မတနှစ်ဦးစလုံးက ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် မိန့်ခွန်းပြောကြားမည်ဖြစ်ပါတယ်။ခရီးစဉ်အတွင်း ဘားနိုင်ငံသမ္မတသည် အီရန် သမ္မတ နှင့် အခြားသော ဂုဏ်သရေရှိ ဧည့်သည်တော်များနှင့် တွေ့ဆုံမည်ဖြစ်ပြီး နှစ်နိုင်ငံ ပူးတွဲထုတ်ကုန်ပြပွဲသို့လည်း သွားရောက်လည်ပတ်မည်ဖြစ်ပါတယ်။

သတိရသင့်သည်မှာ လွန်ခဲ့သည့် ၂၂ နှစ်က သမ္မတဟောင်း ဖီဒယ် ကက်စ်ထရို သည် အီရန်နိုင်ငံသို့ လာရောက်လည်ပတ်ခဲ့ခြင်း ဖြစ်ပါတယ်။ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ အာယာသွလ္လာဟ် ဒေါက်တာ ဆယက်ဒ် အီဗရာဟီးမ် ရအီစီ သည် ဟာဗားနားသို့ နှစ်ပတ်လည် ခရီးစဉ်အတွင်း ကျူးဘားသမ္မတအား အီရန်နိုင်ငံသို့ လာရောက်ရန် ဖိတ်ကြားခဲ့ခြင်း ဖြစ်ပါတယ်။

****************************************************************

END / 251