အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : M-Media
စနေနေ့

၃၀ ဒီဇင်ဘာ ၂၀၂၃

၂၀:၁၅:၄၅
1425232

နာဇီအစ္စရေးဟု ကင်ပွန်းတပ်လိုက်သည့် တူရကီသမ္မတ

အစ္စရေးက ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတာဟာ နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တာနဲ့ သွားတူနေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အစ္စရေးက ပါလက်စတိုင်းတွေကို သတ်ဖြတ်နေတာဟာ နာဇီတွေက ဂျူးတွေကို သတ်ဖြတ်ခဲ့တာနဲ့ သွားတူနေတယ်လို့ တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်ပါတယ်။

ဗုဒ္ဓဟူးနေ့ အန်ကာရာမြို့က အခမ်းအနားတစ်ခုမှာ ဒီလို မှတ်ချက်ပေးခဲ့တာဖြစ်ပြီး အစ္စရေး၀န်ကြီးချုပ် နေတန်ယာဟုကိုလည်း ဟစ်တလာနဲ့ ခိုင်းနှိုင်းခဲ့ပါတယ်။

“ဟစ်တလာမကောင်းဘူးလို့ သူတို့ ပြောကြတယ်။ သူတို့ရော ဟစ်တလာနဲ့ ဘာကွာလို့လဲ။ ဟစ်တလာကို တောင့်တလာအောင် သူတို့ လုပ်နေကြတာ။ နေတန်ယာဟုရဲ့လုပ်ရပ်ဟာ ဟစ်တလာလုပ်ခဲ့တာထက် မလျော့ဘူး။ ပိုတောင်ပိုနေသေးတယ်။ အနောက်ကမ္ဘာရဲ့ ထောက်ခံမှုလည်း သူက ရထားတယ်။ အမေရိကန်ကလည်း အားလုံးထောက်ပံ့နေတယ်။ အဲဒီအထောက်အပံ့တွေနဲ့ သူတို့ဘာလုပ်သလဲ။ ဂါဇာပြည်သူ ၂ သောင်းကျော်ကို သတ်ပစ်လိုက်တယ်လေ”

အောက်တိုဘာ ၇ ရက်နေ့ ဂါဇာမှာ အစ္စရေးရဲ့လူသတ်ပွဲ စတင်ကတည်းက တူရကီအစိုးရဟာ ပြင်းပြင်းထန်ထန် ၀ေဖန်ခဲ့တာပါ။ အစ္စရေးဟာ အကြမ်းဖက်တိုင်းပြည်လို့လဲ အာဒိုဂန်က ကင်ပွန်းတပ်ခဲ့ပါတယ်။

ဟားမက်စ်ကို တုန့်ပြန်တယ်ဆိုတဲ့ ခေါင်းစဥ်နဲ့ အစ္စရေးက ဂါဇာကို ၂ လကျော်ကြာ တိုက်ခိုက်မှုအတွင်း ပါလက်စတိုင်းပြည်သူ ၂ သောင်း ၁ ထောင်ကျော် အသတ်ခံထားရပါတယ်။

ဒဏ်ရာရသူ ၅၅၀၀ လောက်ရှိပြီး၊ ဂါဇာကမ်းမြှောင်က ပြည်သူ ၂ ဒဿမ ၃ သန်းစလုံး အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပါတယ်။

****************************************************************
END / 251