အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
အင်္ဂါနေ့

၂၇ ဖေဖော်ဝါရီ ၂၀၂၄

၂၀:၂၉:၂၁
1440907

ဟီဂျရီသက္ကရာဇ် ၆ ခုနှစ် မှ ၁၀ ခုနှစ် အထိ သမိုင်းဝင် အစ္စလာမ် ဖြစ်ရပ်များ

ဟီဂျရီသက္ကရာဇ် ၆ ခုနှစ် မှ ၁၀ ခုနှစ် အထိ သမိုင်းဝင် အစ္စလာမ် ဖြစ်ရပ်များကို အဗ်နာ ပရိတ်သတ်များ ကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ဟီဂျရီသက္ကရာဇ် ခုနှစ်

ဟီဂျရီသက္ကရာဇ် ၆ ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ခြောက်နှစ် မြောက် နှစ် အားခေါ်ဆိုပါသည်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါသည်။ အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာနေ့  ခိုရ်ဒါဒ်လ ၄ ရက်နေ့ အီရန် သက္ကရာဇ် ၆ ခုနှစ် ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၂၆ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၇ ခုနှစ် ဖြစ်ပါတယ်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် အင်္ဂါနေ့ အိုရ်ဒီဗေဟစ်ရှ် ၂၃ ရက်နေ့ အီရန်သက္ကရာဇ် ၇ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဇွန်လ ၁၆ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၈ ခုနှစ် ဖြစ်ပါတယ်။

ဤနှစ်တွင်  ဟိုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်  ဘိုင်အက်သေရေဇ်ဝန် ၊ တမန်တော် မြတ် မိုဟမ္မဒ်  (ဆွ) ကိုယ်တိုင် ပါဝင်သည် တိုက်ပွဲများ ၊ ဘနီ မွတ်ဆ်သွလစ်က် တိုက်ပွဲ နှင့် တမန်တော်မြတ် (ဆွ) မှ နိုင်ငံအသီးသီး၏ ဘုရင်များထံသို့ စာများပေးပို့ပြီး အစ္စလာမ် သာသနာသို့ ဖိတ်ခေါ်ခြင်း တို့ဖြစ်ပွားခဲ့ပါ တယ်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁) ဟိုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်  မွတ်စ်လင်မ်များ နှင့် မက္ကာ မြို့ မွတ်ရှ်ရေက်များ အကြား ချုပ်ဆိုခဲ့ပါ သည်။ ဇေလ်ကအ်ဒဟ် လ တွင် ဖြစ်ပွားခဲ့ပါတယ်။

(၂)တမန်တော်မြတ်ကြီး(ဆွ) ကိုယ်တိုင်ပါဝင်သည့် မွတ်စလင်မ်များ နှင့် ဟိုဇိုင်းလ် မျိုး နွယ် စု အကြား ဖြစ်ပွားခဲ့ သည့် ဘနီ လေဟ်ယာန် စစ်ပွဲ ၊ အွတ်စ်ဖာန် စစ်ပွဲ ဖြစ်ပါသည်။ ဂျမာ ဒီယိုလ်အူလာ  လ တွင် ဖြစ်ပွား ခဲ့ပါတယ်။

(၃)တမန်တော်မြတ်ကြီး(ဆွ) ကိုယ်တိုင်ပါဝင်သည့် ဇူရ်ကရ်ဒ် တိုက်ပွဲ ( ဂါဘဟ် တိုက်ပွဲ နှင့် ဖဇအ်တိုက်ပွဲ) ဖြစ်ပါတယ်။  ရဘီအွတ်လ်အောင်ဝဲလ လ သို့မဟုတ် ရဘီ အွတ်လ်အာခရ် လ တွင် ဖြစ်ပွား ခဲ့ပါတယ်။

(၄)တမန်တော်မြတ်ကြီး(ဆွ) ကိုယ်တိုင်ပါဝင်သည့် မွတ်စလင်မ်များ နှင့် ဘနီ မွတ်ဆ်သွလစ်က် မျိုး နွယ် စု အကြား ဖြစ်ပွားခဲ့ သည့် ဘနီ မွတ်ဆ်သွလစ်က် တိုက်ပွဲ (မရီစီယအ် တိုက်ပွဲ)  ဖြစ်ပါသည်။ ရှအ်ဗာန် လ (6) တွင် ဖြစ်ပွား ခဲ့ပါတယ်။

(၅) မွတ်စလင်မ်များ နှင့် တမန်တော်မြတ် (ဆွ) အကြား ပြုလုပ်သည့် ဘိုင်အက်သေရေဇ်ဝန် ဖြစ်ပါတယ်။

(၆) တမန်တော်မြတ် (ဆွ) မှ နိုင်ငံအသီးသီး၏ ဘုရင်များထံသို့ စာများပေးပို့ပြီး အစ္စလာမ် သာသနာသို့ ဖိတ် ခေါ်ခြင်းတို့ဖြစ်ပါတယ်။                                                                        

မွေးဖွားခြင်းများ

(၁) အဆိုတစ်ခု အရ ဂျမာ ဒီယိုလ်အူလာ (သို့မဟုတ်) ဂျမာ ဒီယိုလ်အောင်ဝဲလ်    ၅ရက်နေ့ တွင် မဒီနာ မြို့ ၌ ဟဇရသ် ဇိုင်နဗ် (စ.အ) သခင်မ မွေးဖွားခဲ့ပါတယ်။

(၂) အေမာမ် အလီ (အ.စ) သမီးတော် အွန်မေကုလ်စွန်မ် မွေးဖွားခဲ့ပါတယ်။

သေဆုံးခြင်း များ

(၁)မောင်သဟ် စစ်ပွဲကို ဖြစ်စေသည့် တမန်တော်မြတ် (ဆွ) ၏ ဆီးရီးယား နိုင်ငံ ဆိုင်ရာ စဖီးရ် (သံအမတ်)ကြီး ဟာရေစ် ဘင်န် အမီးရ်အဇ်ဒီ ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

ဟီဂျရီသက္ကရာဇ် ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၆ ခုနှစ်  ဆိုသည်မှာ တမန်တော်မြတ် ကြီးမိုဟမ္မဒ် (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ သတ္တမ မြောက် (ခုနှစ်)  မြောက် နှစ် အားခေါ်ဆိုပါတယ်။  ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါတယ်။ အီရန်သက္က်ရာဇ် အားဖြင့်  ဗုဒ္ဓဟူးနေ့ အိုရ်ဒီဗေဟစ်ရှ်  ၄ ရက်နေ့ အီရန် သက္ကရာဇ် ၇ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၁၄ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၈ ခုနှစ် ဖြစ်ပါသည်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၃၀ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် တနင်္ဂနွေနေ့ အိုရ်ဒီဗေဟစ်ရှ် ၁၃ ရက်နေ့ အီရန်သက္ကရာဇ် ၈ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၃ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၉ ခုနှစ် ဖြစ်ပါတယ်။

ဤနှစ်တွင်  တမန်တော် မြတ် မိုဟမ္မဒ်  (ဆွ) ကိုယ်တိုင် ပါဝင်သည့် ခိုင်ဘဲရ် စစ်ပွဲ ၊ ဖဒက် (ခြံ) အား တမန်တော်မြတ် (ဆွ) မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ချီးမြှင့်ပေးအပ်ခြင်း ၊ ရဒ်ဒေရှ်ရှန်းမ်စ်  ဖြစ်ရပ် ဖြစ်ပေါ်ခြင်း ၊ အုမ်ရသိုလ်ကဆွာအ် ကျင်းပခြင်း ၊ အီသီယိုးပီးယား မှ မဒီနာ သို့ မွတ်စ်လင်မ်တစ်စု ပြန်ရောက် လာခြင်း တို့သည် ဤနှစ်၏ အဖြစ်အပျက်များထဲမှ ဖြစ်ပါ တယ်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁) အီသီယိုးပီးယား မှ မဒီနာ သို့ မွတ်စ်လင်မ်တစ်စု ပြန်ရောက် လာခဲ့ပါသည်။(2)

(၂) တမန်တော်မြတ် (ဆွ) မှ အုမ်ရသိုလ်ကဆွာအ် ကျင်းပခဲ့ပါသည်။ ဟိုဒိုင်ဘီယာ ငြိမ်းချမ်းရေးစာချုပ်  တွင် ပြုလုပ်ခဲ့သော သဘောတူညီချက်ကို အခြေခံ၍ မွတ်စ်လင်မ်တို့က အိုမရဟ် ကို ဆောင်ရွက်ခြင်း ဖြစ်ပါ တယ်။

(၃)ဟဇရသ် အလီ (အ.စ)  အတွက် ရဒ်ဒေရှ်ရှန်းမ်စ် အံ့ဖွယ် (မိုအ်ဂျေဇဟ်) ဖြစ်ခဲ့ပါသည်။ (4)

(၄)ဖဒက် (ခြံ) အား တမန်တော်မြတ် (ဆွ) မှ ဟဇရသ် ဖွာတွေမဟ် (စ.အ) အား ချီးမြှင့်ပေးအပ်ခဲ့ပါသည်။ (5)

(၅)တမန်တော်မြတ်ကြီး(ဆွ) သည် ဟာရေစ်ဘင်န်ဟဇန်၏ သမီးတော် မိုင်မူနဟ် နှင့် ထိမ်းမြား လက်ထပ်ခဲ့ ပါတယ်။

(၆)တမန်တော်မြတ်ကြီး(ဆွ) သည် ဟိုယိုင်ယဟ်ဘင်န် အခ်သွဗ် ၏  သမီးတော် ဆဖီယဟ် နှင့် ထိမ်းမြား လက်ထပ်ခဲ့ပါတယ်။

(၇)တမန်တော်မြတ် (ဆွ) ဆွဟာဗဟ်များ မှ တစ်ပါး ဖြစ်သည့် အဗါန် ဘင်န် စအီးဒ် မွတ်စလင်မ် ဖြစ်ခဲ့ပါတယ်။

(၈) မတ်စ်ဂျစ်ဒ်ဒွန်နဘီ (ဆွ) အား ၁၀၅၀  စတုရန်းမီတာမှ ၂၄၇၅  စတုရန်းမီတာအထိ ချဲ့ထွင် ခဲ့ပါတယ်။                                                                       

ဖြစ်ပွားခဲ့သည့် စစ်ပွဲများ

(၁) တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ခိုင်ဘဲရ် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ အေမာမ် အလီ (အ.စ) ၏ ရဲစွမ်းသတ္တိဖြင့် ခိုင်ဘဲရ် ဒေသ ရှိ ရဟူဒီ  (ဂျူး) များအပေါ် မွတ်စလင်မ် များ အောင်ပွဲ ခံခဲ့ပါတယ်။

(၂)တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ဝါဒီယိုလ်ကရာ စစ်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ဤဒေသရှိ မွတ်စလင်မ် များနှင့် ဂျူးလူမျိုးများကြား ဖြစ်ပွားခဲ့သည့် စစ် ဖြစ်ပါတယ်။

(၃)တမန်တော် မြတ် မိုဟမ္မဒ် (ဆွ) ကိုယ်တိုင် မပါဝင်ဘဲ ကိုယ်တော်မြတ်  မိုဟမ္မဒ် (ဆွ) ၏ ဆွဟာဗဟ် များပါဝင်သည့် တိုင်းနိုင်ငံ အသီးသီးတွင် ဖြစ်ပွားခဲ့သည့် စစ်ပွဲများ ဖြစ်ပါတယ်။

ဟီဂျရီသက္ကရာဇ် ၈ ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၈ ခုနှစ် ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ အဋ္ဌမ မြောက် (ရှစ်နှစ်)  မြောက် နှစ် အားခေါ်ဆိုပါတယ်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါတယ်။ အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာ နေ့ အိုရ်ဒီဗေဟစ်ရှ် ၁၄ ရက်နေ့ အီရန် သက္ကရာဇ် ၈ ခုနှစ် ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်အား ဖြင့် မေလ ၄ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၂၉ ခုနှစ် ဖြစ်ပါတယ်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် ကြာသပတေးနေ့ အိုရ်ဒီဗေဟစ်ရှ် ၁ ရက်နေ့ အီရန်သက္ကရာဇ် ၉ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၂၂ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၀ ခုနှစ် ဖြစ်ပါတယ်။

ဤနှစ်တွင်  မောသဟ် စစ်ပွဲ ၊ မက္ကာမြို့ကို အောင်နိုင်ခြင်း၊ တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် ဟိုနိုင်းန် စစ်ပွဲ ၊ တမန်တော်မြတ်(ဆွ) ၏ သားတော် အီဗရာဟီးမ် ဖွားမြင်ခြင်း ၊ တမန်တော်မြတ် (ဆွ) ၏ သမီးတော် ဇိုင်နဗ် ဝဖါးသ် ဖြစ်တော်မူခြင်း တို့သည် ဤ နှစ်၏ အဖြစ် အပျက်များထဲမှ ဖြစ်ပါတယ်။

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁) မွတ်စလင်မ် စစ်တပ်နှင့်ရောမ စစ်တပ် အကြား ဂျမာဒီယိုလ်အောင်ဝဲလ်လ ၅ရက်နေ့တွင် မောသဟ် စစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၂)ကဇွာအဟ် မျိုးနွယ်စု ၏ တိုက်ခိုက်မှုများ ကို ကာကွယ် ရန် (ဆွဟာဗဟ် တစ်ပါးပါး ၏ ဦးဆောင်မှုဖြင့်) ဖြစ်ပွားခဲ့သည့် ဇါသ်သွန်စ်စလာစေလ် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၃) ဇါသ်သွန်စ်စလာစေလ် တိုက်ပွဲတွင် အေမာမ် အလီ (အ.စ) ၏ ရဲစွမ်း သတ္တိ ရှိမှု ကို ဖော်ပြရန် စူရဟ် အာဒီယာသ် ကျရောက်ခဲ့ခြင်းဖြစ်ပါတယ်။                                                                                                                                                 

(၄) မွတ်စလင်မ် များမှ  ရမ်တွာန် လ မြတ်  ၁၈ ရက်နေ့တွင် မက္ကာမြို့ကို အောင်နိုင်ခဲ့ပါတယ်။

(၅) မက္ကာကို အောင်နိုင်ပြီးနောက် တမန်တော်မြတ်(ဆွ)ထံ အမျိုးသားများ နှင့် အမျိုးသမီးများ မှာ ဘိုက်အသ်ယူ (သစ္စာခံရန်) ကတိကဝတ်ပြုခဲ့ကြပါတယ်။

(၆) မွတ်စလင်မ် များနှင့် ဟာဝါဇန် နှင့် သော့ဖ်သကီးဖ် မျိုးနွယ်များကြား ဟိုနိုင်းန် စစ်ပွဲဖြစ်ပွားခဲ့ပါသည်။ ဤစစ်ပွဲတွင် တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်ခဲ့ပြီး ရှောင်ဝါလ် လတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပါတယ်။

(၇)တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့် သွာအဖ် စစ်ပွဲ ဖြစ်ပွားခဲ့ပါသည်။ ရှောင်ဝါလ် လတွင် ဖြစ်ပွားခဲ့ ပါတယ်။

(၈) ကဒီးဒ် ဒေသရှိ ဘနီအလ်မလိုဟ် မျိုးနွယ်အား ရင်ဆိုင် ရန် ဂါလစ်ဗ်ဘင်န် အဗ်ဒိုလ္လာဟ် ဦး‌ဆောင်သည့် စစ်ပွဲ နှင့် ဂျိူဟိုင်နဟ် မျိုးနွယ် ကို ရင်ဆိုင်ရန် ခဗ်သွ် စစ်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၉)မက္ကာကို အောင်ပြီးနောက် အဘူဆူဖီယန် အစ္စလာမ် ဘာသာ သို့ ကူးပြောင်းခဲ့ပါတယ်။

(၁၀) အေမာမ်အလီ (အ.စ) ၏ ရန်သူများ မှ တစ်ဦး ဖြစ်ပြီး ဟွတ်က်မီယသ် (ခ) ခုံသမာဓိ ကိစ္စ တွင် မိုအာဝေယဟ် ၏ ကိုယ်စားလှယ်ဖြစ်သူ  အမ်ရ်ဘင်န် အာဆ်စဟ်မီ  မှ အစ္စလာမ် ဘာသာ သို့ ကူးပြောင်းခဲ့ ပါတယ်။

မွေးဖွားခြင်း

(၁) တမန်တော်မြတ်(ဆွ) ၏ သားတော် အီဗရာဟီးမ်  သည် ဇေလ်ဟဂျ်ဂျဟ် လ ၇ ရက်နေ့ တွင် ဖွားမြင်ခဲ့ပါ တယ်။

သေဆုံးခြင်း များ

(၁)တမန်တော်မြတ်(ဆွ)၏ အကြီးဆုံးသမီးတော် ဇိုင်နဗ် ဝဖါးသ်ဖြစ်ခဲ့ပါတယ်။ အချို့ပညာရှင်များ ၏ အဆိုအရ သမီးတော် ဇိုင်နဗ် သည် ကိုယ်တော်မြတ် (ဆွ)၏ မွေးစား သမီး ဖြစ်ပါတယ်။

(၂) မောသဟ် စစ်ပွဲတွင် ဂျအ်ဖရ် ဘင်န် အဘီ သွာလစ်ဗ် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

(၃) မောသဟ် စစ်ပွဲတွင် ဇိုက်ဘင်န် ဟာရေစ်စဟ် ရှဟီးဒ်  ဖြစ်ခဲ့ပါတယ်။

(၄) မောသဟ် စစ်ပွဲတွင် အ‌ဗ်ဒိုလ္လာဟ ဘင်န် ရဝါဟဟ် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။

(၅) တမန်တော်မြတ် (ဆွ) သာဝကတော် ကြီး ဘရှရ် ဘင်န် ဘရာအ် သည် ခိုင်ဘဲရ် စစ်ပွဲ တွင် အဆိပ်ခတ်ခံရပြီး တစ်နှစ်အကြာတွင်ကွယ်လွန် သွားခဲ့ပါတယ်။

(၆) တမန်တော်မြတ်(ဆွ)၏ နို့တိုက်မွေးစားမိခင် ဟာလီမာဆအ်ဒီယဟ် ကွယ်လွန်ခဲ့ပါတယ်။   

ဟီဂျရီသက္ကရာဇ် ၉ ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၉ ခုနှစ်  ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ နဝမ မြောက် (ကိုးနှစ်)  မြောက် နှစ် အားခေါ်ဆိုပါတယ်။ ဤနှစ် ၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါတယ်။  အီရန်သက္က်ရာဇ် အားဖြင့် သောကြာ နေ့ အိုရ်ဒီဗေဟစ်ရှ် ရက်နေ့ အီရန် သက္ကရာဇ် ၉ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၂၃ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၀ ခုနှစ် ဖြစ်ပါတယ်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၂၉ ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် တနင်းလာနေ့ ဖရ်ဝရ်ဒီးန် ၂၁ ရက်နေ့ အီရန်သက္ကရာဇ် ၁၀ ခုနှစ် ဖြစ်ပါသည်။ ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၁ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၁ ခုနှစ် ဖြစ်ပါတယ်။

ဤနှစ်တွင် မတူညီသောမျိုးနွယ်စုများကိုကိုယ်စားပြုသောကိုယ်စားလှယ်အများအပြားသည်မ ဒီနာမြို့သို့ ရောက်ရှိ လာပြီး တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ထံတွင်  အစ္စလာမ် ဘာသာ ကိုသက်ဝင် ကြောင်း ကြေငြာခဲ့ပါတယ်။ ဤအတွက်ကြောင့် ဤနှစ် အား အလ်ဝကူဒ်  (အုပ်စုများ၏နှစ်) ခေါ် ဆိုခဲ့ပါသည်။ တမန်တော် မြတ် မိုဟမ္မဒ်  (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲ ၊ ဟဒီးစ်စေ မန်ဇေလသ်ကျရောက် ခဲ့ခြင်း ၊ အေမာမ် အလီ (အ.စ) မှ တဆင့် ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခဲ့ခြင်း ၊ တမန်တော်မြတ်(ဆွ)သည် ခရစ်ယာန်များ နှင့် မိုဘာဟေလဟ် ပြုတော်မူခြင်း ၊ အဆွဟာဗ်ဗေ ဟကဗဟ် အဖြစ်အပျက် စသည်တို့ ဖြစ်ပေါ်ခဲ့ပါတယ်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁) မုဟော်ရမ် ၁ ရက်နေ့ တွင် တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) မှ ဇကာသ် ၏ တာဝန် နှင့် ပထမဆုံး ဇကာသ် စုစည်းမှုကို တာဝန်ရှိသူများအား မတူညီသော ဒေသများသို့ စေလွတ်ခဲ့ပါတယ်။

(၂) အာရပ် ကျွန်းဆွယ်  ရှိ မျိုးနွယ်စု အသီးသီးမှ ပမာအားဖြင့် ဘနီအစ်ဒ် နှင့်လခမ်မျိုးနွယ် စုများ  မှ တမန်တော်မြတ် (ဆွ) ထံ လာရောက် ၍ အစ္စလာမ် ဘာသာအားလက်ခံခဲ့ကြပါတယ်။

(၃) ဤအတွက်ကြောင့် ဤနှစ် အား အလ်ဝကူဒ်  (အုပ်စုများ၏နှစ်) ဆိုပြီး ကျော်ကြားခဲ့ ပါတယ်။

(၄) ဗရာအသ် အာယသ်တော်များ ထုတ်ပြန်ခြင်း။ ။ ဇေလ်ဟဂျ်လ ၁ရက်နေ့တွင်  ဗရာအသ် အာယသ် တော် များ ပို့ချရန် ဟဇရသ် အဘူဘကဲရ်  နေရာတွင် ဟဇရသ် အလီ (အ.စ) အားတာဝန်ပေးအပ်ခဲ့ပါတယ်။

(၅) ဇေလ်ဟဂျ်လ ၂၄ ရက်နေ့တွင်  တမန်တော်မြတ်(ဆွ)သည် နဂျရာန် ခရစ်ယာန်များ နှင့် မိုဘာဟေလဟ် ပြုတော်မူခဲ့ပါတယ်။

(၆) တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲ တွင် ချမ်းသာသူအချို့ မှ မပါဝင် ရန် အကြောင်းပြချက်များနှင့် ၎င်းတို့နှင့် ပတ်သက်သည့် အာယသ်တော်များ ကျရောက် ခဲ့ခြင်း ဖြစ်ပါတယ်။

 

(၇) စစ်ပွဲတွင်ပါဝင်ရန် မိုနာဖေက် များ၏ငြင်းဆိုမှုနှင့် ၎င်းတို့အကြောင်း နှင့်ပတ်သက် ၍ အာယသ်တော်များ ကျရောက်ခဲ့ခြင်း ဖြစ်ပါတယ်။

(၈) တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲ တွင် တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) က မဒီနာ မြို့၌ ဟဇရသ် အလီ (အ.စ) အား မိမိ၏ ကိုယ်စားလှယ်တော် အဖြစ် ခံတော်မူပြီး ဟဒီးစ်စေ မန်ဇေလသ် အား မိန့်ကြားတော်မူခဲ့ပါတယ်။

(၉) အချို့သော ဆွဟာဗဟ် များ သည် တမန်တော်မြတ်(ဆွ)အား လုပ်ကြံရန် ဆုံးဖြတ်ခဲ့သည့် အဆွဟာဗ်ဗေ ဟကဗဟ် အဖြစ်အပျက် ဖြစ်ပွားခဲ့ပါတယ်။

(၁၀) မိုနာဖေက်များ မှ မတ်စ်ဂျစ်ဒ် ဇွရာ တည်ဆောက်ခဲ့ပြီး ၊ တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) ဘက်မှ ၎င်း မတ်စ်ဂျစ်ဒ် ဇွရာ အား ဖျက်သိမ်းရန် မိန့်တော်မူခဲပါသည်။ ဤ မတ်စ်ဂျစ်ဒ် ဇွရာ နှင့်ပတ်သက်ပြီး အာယသ်တော်များ ကျရောက် ခဲ့ ပါတယ်။

(၁၁) တမန်တော်မြတ် (ဆွ) ၏ အမိန့်အရ အဘူဆူဖီယန် န်နှင့် မိုဂိုင်ရဟ် တို့မှ  လာသ် ရုပ်တု အား ဖျက်စီးခဲ့ပါ တယ်။

(၁၂) တမန်တော်မြတ် (ဆွ) မှ အီးသီးယိုပီးယား ဘုရင် နာဂျာရှီ၏  ကွယ်လွန်မည့် အကြောင်း ရှေ့ပြေး မိန့်ကြားတော်မူခဲ့ပါသည်။၎င်းသည် ရဂျဗ် လတွင် ကွယ်လွန် ခဲ့ပါတယ်။

(၁၃) ဘိုရိုင်းဒဟ် ဘင်န် ဟိုဆိုင် ယဘ် အား အလ္လာဟ့် တမန်တော် မြတ် (ဆွ)  မှ အခွန်ကောက်ခံရန် အစလာမ်နှင့် ဂါဖါရ် မျိုးနွယ် များထံ စေလွတ် ခဲ့ပါတယ်။

(၁၄)  အစ္စလမ်သမိုင်းတွင် ဖြစ်ရပ်မှန် ပြောခြင်း ယဉ်ကျေးမှု၏ ရှေ့ဆောင်များထဲမှ တစ်ဦးဖြစ်သည့် သမီးမ် ဘင်န် အောက်စ် ဘင်န် ခါရ်ဂျဟ် မှ အစ္စလာမ် ဘာသာ သို့ ကူးပြောင်းခဲ့ ခြင်း ဖြစ်ပါတယ်။

စစ်ပွဲများ

(၁)ရဂျဗ်လ ၁၉ ရက်နေ့ တွင် ရောမ တို့ကို တိုက်ထုတ်ရန် တမန်တော် မြတ် (ဆွ) ကိုယ်တိုင် ပါဝင်သည့်သဘူက် စစ်ပွဲဖြစ်ပွားခဲ့ပါတယ်။

(၂) မုဟော်ရမ် လ လတွင် ဘနီ သမီးမ် မျိုးနွယ် နှင့်  အိုယိုင်နဟ် ဘင်န် ဟစ်ဆ်နေဖဇာရီ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၃)ဆဖရ် လတွင်ခစ်အမ် မျိုးနွယ် နှင့်  ကွတ်သွ်ဗဟ် ဘင်န် အာမေရ် ဘင်န် ဟဒီးဒဟ် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၄)ရဘီအိုလ်အောင်ဝဲလ် လတွင်  ဘနီကလာဗ် မျိုးနွယ် နှင့် ဇွဟာက် ဘင်န် ဆိုဖီယန်းန်နေ ကေလာဘီ တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၅)ရဘီအွတ်စ်စာနီလ တွင်  ဟဘရှီယာန်း (အာဖရိကသားများ ) နှင့်  အလ်ကမဟ် ဘင်န် မိုဂျက်ဇ်ဇဇ် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၆) ရဘီအွတ်စ်စာနီလ တွင်  သိုင်းသွ် မျိုးနွယ် တို့ ၏ရုပ်တုများကိုဖျက်ဆီးရန်အတွက် အလီ ဘင်န် အဘီ သွာလစ်ဗ် (အ.စ) ဦးဆောင်သည့် တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

(၇)ရဘီအွတ်စ်စာနီ အွတ်ဇ်ရဟ် နှင့်ဘလီ အနွယ်များ နှင့်အတူ အိုကာရှဟ် ဘင်န်  မေဟ်ဆန် တို့ တိုက်ပွဲ ဖြစ်ပွားခဲ့ပါတယ်။

သေဆုံးခြင်း

(၁) တမန်တော်မြတ်(ဆွ)၏ သမီးတော် အွန်မေကုလ်စွန်မ် ကွယ်လွန်ခဲ့ပါသည်။[23]

ဟီဂျရီသက္ကရာဇ် ၁၀  ခုနှစ်

 

ဟီဂျရီသက္ကရာဇ် ၁၀ ခုနှစ် ဆိုသည်မှာ တမန်တော်မြတ် ကြီး (ဆွ) ဟစ်ဂျရာသ်ပြု တော်မူခဲ့သည့် ‌ ဒသမ မြောက် (ဆယ် နှစ်)  မြောက် နှစ် အားခေါ်ဆိုပါတယ်။ ဤ နှစ်၏ ပထမဆုံး နေ့ မှာ တစ်နည်းအား ဖြင့် မုဟော်ရမ် လ ၁ရက်နေ့ဖြစ်ပါတယ်။ အီရန်သက္က်ရာဇ် အားဖြင့် အင်္ဂါ နေ့ ဖရ်ဝရ်ဒီးန် ၂၂ ရက်နေ့ အီရန် သက္ကရာဇ် ၁၀ ခုနှစ် ဖြစ်ပါတယ်။  ခရစ်သက္ကရာဇ်အား ဖြင့် ဧပြီလ ၁၂ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၁ ခုနှစ် ဖြစ်ပါတယ်။ ဤနှစ် ၏ အဆုံးမှာ ဇေလ်ဟဂျ်ဂျဟ် လ ၏ နောက်ဆုံးရက် ၃၀ရက် ဖြစ်ပြီး အီရန်သက္က်ရာဇ် အားဖြင့် စနေနေ့ ဖရ်ဝရ်ဒီးန် ၁၁ ရက်နေ့ အီရန်သက္ကရာဇ် ၁၁ ခုနှစ် ဖြစ်ပါတယ်။ ခရစ်သက္ကရာဇ်အား ဖြင့် မတ်လ ၃၁ ရက်နေ့ ခရစ်သက္က်ရာဇ် ၆၃၂ ခုနှစ် ဖြစ်ပါတယ်။

ဤနှစ်တွင် ဟဂျ်ဂျသိုလ်ဝေဒါအ် ၊ ဂဒီးရ် အဖြစ်အပျက် ၊ တမန်တော်မြတ် (ဆွ) မှ မိမိ၏ အရိုက်အရာ ဆက်ခံသူ အဖြစ် အေမာမ် အလီ (အ.စ) အား သတ်မှတ် ကြေငြာ ခြင်း၊ ကိုယ်တော်မြတ် (ဆွ) နှင့် နဂျ်ရာန် ခရစ်ယာန်များ မိုဘာဟေလဟ် လုပ်ခြင်း ၊ ယီမင်နိုင်ငံ တွင် အေမာမ် အလီ (အ.စ) နှင့်ဖြစ်ပွားသည့် တိုက်ပွဲ ၊ ယီမင် ကလူများ အစ္စလာမ် ဘာသာသို့ ကူးပြောင်းလာ ခြင်း စသည်  အဖြစ်အပျက်များ ဤ နှစ်တွင် ဖြစ်ပွားခဲ့ပါတယ်။

 

ဖြစ်ပွားခဲ့သည့် အဖြစ်အပျက်များ

(၁) တမန်တော်မြတ် (ဆွ) ၏ဦးဆောင်မှုဖြင့် ဇေလ်ဟဂျ်ဂျဟ် လတွင် ဟဂျ်ဂျသိုလ်ဝေဒါအ် ဖြစ်ခဲ့ပါတယ်။

(၂) ဂဒီးရ် အဖြစ်အပျက် နှင့် တမန်တော်မြတ် (ဆွ) မှ မိမိ၏ အရိုက်အရာ ဆက်ခံသူ အဖြစ် အေမာမ် အလီ (အ.စ) အား သတ်မှတ် ကြေငြာ ခြင်းဖြစ်ခဲ့ပါတယ်။

(၃) ဟဂျ်ဂျသိုလ်ဝေဒါအ်(ဇေလ်ဟဂျ်ဂျဟ် လ၁၈ ရက်နေ့ ) တွင် အာယသ်သေ သဗ်လီးဂ် ကျရောက်ခဲ့ပါ တယ်။

(၄) ဟဂျ်ဂျသိုလ်ဝေဒါအ် (ဇေလ်ဟဂျ်ဂျဟ် လ၁၈ ရက်နေ့ ) တွင် အာယသ်သေ အစ်က်မါလ် ကျရောက်ခဲ့ပါ တယ်။

(၅) ဂျာရူဒ်ဘင်န် မိုအလ်လာ မှ အစ္စလာမ် ဘာသာ သို့ ကူးပြောင်းလာခြင်းဖြစ်ပါတယ်။

(၆) ထင်ရှားကျော်ကြားသော သမိုင်းပညာရှင်များ၏ အမြင်အရ ကိုယ်တော်မြတ် (ဆွ) နှင့် နဂျ်ရာန် ခရစ် ယာန်များ မိုဘာဟေလဟ် လုပ်ခြင်းဖြစ်ပါသည်။[7]မထင်ရှားကျော်ကြားသော သမိုင်းပညာရှင်များ၏ အမြင် အရ ဟီဂျရီ သက္ကရာဇ် ၉ ခုနှစ် ဖြစ်ပါတယ်။

(၇) ခါလစ်ဒ်ဘင်န် ဝလီးဒ်  အား လူလေးရာနှင့် အတူ နဂျ်ရန် နှင့် ယီမင် ရှိ ဘနီ ဟာရေစ်ဘလ်ဟာရေစ် ဘင်န်ကအ်ဗ်   ဘက်သို့  တမန်တော်မြတ် မိုဟမ္မဒ် (ဆွ) က အစ္စလာမ် ဘာသာ ဘက်သို့ သို့ ဖိတ်ကြားရန် စေလွတ်ခဲ့ပါ တယ်။

(၈) ယီမင် တွင် အေမာမ် အလီ(အ.စ) နှင့် အစ္စလာမ်ရန်သူ တိုက်ပွဲဖြစ်ပွားခဲ့ပါသည်။ ထိုဒေသ ရှိ ဟမ်ဒါန် မျိုးနွယ် နှင့်  မဒ်ဟေဂျ် မျိုးနွယ် အစ္စလာမ် ဘာသာ သို့ ကူး ပြောင်း ခဲ့ပါတယ်။

(၉) နဂျ်ရာန်  နှင့် ဇိုဘိုင်းဒ် အကြားဒေသကို အုပ်ချုပ်ရန် တမန်တော်မြတ် မိုဟမ္မဒ်  (ဆွ) မှ ခါလစ်ဒ်ဘင်န် စအီးဒ်  ကို ခန့်အပ်ခဲ့ပါတယ်။

(၁၀) အက်စ်ဝဒ်သည် ယီမင် တွင် မိမိကိုယ် တမန်တော်ဖြစ်ကြောင်း လိမ်ပြောပြီး ပုန်ကန်ခဲ့ပါတယ်။

(၁၁) ရီဝါယသ်တော် တစ်ခု အရ အရ ဇေလ်ဟဂျ်ဂျဟ်  ၂၄ ရက်နေ့ တွင် အေမာမ် အလီ (အ.စ) ရကူအ် ပြုနေစဥ် လက်စွပ် အား ပေးကမ်းလှူဒါန်းခဲ့ပါတယ်။

(၁၂)  မဒီနာမြို့  တွင် မျိုးနွယ်စုများ အသီးသီး မှ ကိုယ်စားလှယ် အများအပြား ရှိနေ ကြပြီး  အစ္စလာမ် သာသနာကို လက်ခံခဲ့ကြပါတယ်။

မွေးဖွားခြင်း

(၁) အေမာမ်အလီ (အ.စ) ၏ အရင်းနှီးဆုံး သာဝကတော် များထဲမှ တစ်ပါးဖြစ်သည့် မိုဟမ္မဒ် ဘင်န် အဘီ ဘက်ရ် ဖွားမြင်ခဲ့ပါတယ်။

သေဆုံးခြင်း များ

(၁) တမန်တော်မြတ်(ဆွ)၏ သားတော် အီဗရာဟီးမ် (ရဂျဗ်လ ၁၈ ရက်) နေ့ တွင် ကွယ်လွန်ခဲ့ပါတယ်။  

(၂) ဟန်ဇလဟ်ဘင်န် အဘီ အာမေရ် ၏ အဖေ မတ်စ်ဂျစ်ဒ် ဒေဇေရာရ် (ခ) မိုနာဖေက်များ၏ဗလီ  ကို တည်ဆောက်သူ အဗ်ဒ်အမ်ရ်ဘင်န် ဆိုင်ဖီး သေဆုံးခဲ့ပါတယ်။         

မူရင်း ရည်ညွှန်းများ

1.      ابن‌عبدالبر، یوسف بن عبدالله، الاستیعاب فی معرفة الاصحاب، تحقیق علی محمد البجاوی، بیروت، دارالجیل، ۱۴۱۲ق.

2.      ابن‌هشام، عبدالملک، السیرة النبویة، بیروت، دار المعرفة، بی‌تا.

3.      بلاذری، احمد بن یحیی، أنساب الاشراف، دار الفکر، بیروت، چاپ اول، ۱۴۱۷ق.

4.      بیهقی، احمد بن حسین، دلائل النبوة و معرفة أحوال صاحب الشریعة، تحقیق: قلعجی، عبد المعطی، دار الکتب العلمیة، بیروت، چاپ اول، ۱۴۰۵ق.

5.      wikishia.net

6.      ذهبی، محمد بن احمد، سیر اعلام النبلاء، بیروت، مؤسسةالرساله، ۱۴۰۵ق.

7.      طبری، محمد بن جریر بن یزید، تاریخ الامم و الملوک، بیروت، دارالتراث، ۱۳۸۷ق.

8.      محلاتی، ذبیح‌الله، ریاحین الشریعة، تهران، دار الکتب الاسلامیه، بی‌تا.

9.      محمّدی اشتهاردی، محمد، حضرت زینب فروغ تابان کوثر، چاپ سوم، تهران، برهان، ۱۳۷۹ش.

10.   واقدی، محمد بن عمر، کتاب المغازی، مؤسسة الأعلمی، بیروت، چاپ سوم، ۱۴۰۹ق.

11.   ابن‌حجر عسقلانی، احمد بن علی، فتح الباری، بیروت، دارالمعرفة، ۱۳۷۹ق.

12.   ابن‌سعد، محمد‏، الطبقات الکبری‏، بیروت، دارالکتب العلمیة، چاپ اول، ۱۴۱۰ق.

13.   ابن‌عبدالبر، یوسف بن عبدالله، الاستیعاب فى معرفة الاصحاب، تحقیق على محمد البجاوى، بیروت، دارالجیل، چاپ اول، ۱۴۱۲ق.

14.   ابن‌هشام، عبدالملک، السیرة النبویة، تحقیق: السقا، مصطفی، الأبیاری، ابراهیم، شلبی، عبدالحفیظ، دارالمعرفة، بیروت، بی‌تا.

15.   بیهقی، احمد بن حسین، دلائل النبوة و معرفة أحوال صاحب الشریعة، تحقیق: قلعجی، عبد المعطی، دار الکتب العلمیة، بیروت، چاپ اول، ۱۴۰۵ق.

16.   بلاذری، احمد بن یحیی، أنساب الاشراف، دار الفکر، بیروت، چاپ اول، ۱۴۱۷ق.

17.   جعفریان، رسول، آثار اسلامی مکه و مدینه، تهران، نشر مشعر، چاپ نهم، ۱۳۸۷ش.

18.   حر عاملی، محمد بن حسن، إثبات الهداة بالنصوص و المعجزات، بیروت، اعلمى، ۱۴۲۵ق.

19.   زركلى، خیرالدین، الأعلام (قاموس تراجم لأشهر الرجال و النساء من العرب و المستعربین و المستشرقین)، بیروت، دارالعلم للملایین، چاپ هشتم، ۱۹۸۹م.

20.   ذهبی، محمد بن احمد، تاريخ الاسلام و وفيات المشاهير و الأعلام، تحقیق عمر عبدالسلام تدمری، بیروت، دارالکتاب العربی، چاپ دوم، ۱۴۱۳ق.

21.   طبری، محمد بن جریر بن یزید، تاریخ الامم و الملوک، بیروت، دارالتراث، ۱۳۸۷ق.

22.   مجلسی، محمدباقر، بحار الانوار، بیروت،‌ دار أحیاء التراث العربی، چاپ دوم، ۱۴۰۳ق.

23.   مقریزی،‌ احمد بن علی، إمتاع الأسماع بما للنبی من الأحوال و الأموال و الحفدة و المتاع، تحقیق محمد عبدالحميد النميسى، بیروت، دارالکتب العلمیة، ۱۴۲۰ق.

24.   ابن‌اثیر، علی بن ابی الکرم، الکامل فی التاریخ، بیروت، دار صادر، ۱۳۸۵ش.

25.   ابن عبدالبر، یوسف بن عبدالله، الاستیعاب فی معرفة الأصحاب، تحقیق علی محمدالبجاوی، بیروت،‌ دارالجیل، ۱۴۱۲ق.

26.   ابن هشام، عبدالملک، السیرة النبویة، بیروت، دارالمعرفة، بی‌تا.

27.   ابن‌حجر عسقلانی، اجمد بن علی، الاصابه فی تمییز الصحابه، بیروت، دارالکتب العلمیه، ۱۴۱۵ق.

28.   بلاذری، أحمد بن یحیی، جمل من انساب الأشراف، تحقیق سهیل زکار و ریاض زرکلی، بیروت، دارالفکر، بیروت، ۱۴۱۷ق.

29.   بیهقی، ابوبکر احمد بن حسین، دلائل النبوة و معرفة أحوال صاحب الشریعة، تحقیق عبدالمعطی قلعجی، بیروت، دارالکتب العلمیة، ۱۴۰۵ق.

30.   سهیلی، عبدالرحمن، الروض الانف فی شرح السیرة النبویة، بیروت، دار احیاء التراث العربی، ۱۴۱۲ق.

31.   طبرسی، فضل بن حسن، اعلام الوری بأعلام الهدی، قم، مؤسسه آل البیت(ع)، ۱۴۱۷ق.

32.   طبری، محمد بن جریر بن یزید، تاریخ الامم و الملوک، بیروت، دارالتراث، ۱۳۸۷ق.

33.   عاملی، سید جعفر مرتضی، الصحیح من سیرة النبی الاعظم، قم، دارالحدیث، ۱۴۲۶ق.

34.   مکارم شیرازی، ناصر، تفسیر نمونه، تهران، دارالکتب الاسلامیة، ۱۳۷۴ش.

35.   واقدی، محمد بن عمر، کتاب المغازی، بیروت، مؤسسة الأعلمی، چاپ سوم، ۱۴۰۹ق.

36.  ابن‌حجر العسقلانی، احمد بن علی،‌ الإصابة فى تمییز الصحابة، تحقيق عادل احمد عبدالموجود و على محمد معوض، بيروت، دارالكتب العلمية، ۱۴۱۵ق.

37.  ابن‌سعد، محمد بن سعد، الطبقات الکبری، تحقیق محمد عبدالقادر عطا، بیروت، دار الکتب العلمیة، ۱۴۱۰ق.

38.  ابن‌قتیبه، عبدالله بن مسلم، المعارف، تحقیق ثروت عكاشة، قاهرة، الهیئة المصریة العامة للكتاب، چاپ دوم، ۱۹۹۲م.

39.  ابن‌عبدالبر، یوسف بن عبدالله، الاستیعاب فی معرفة الأصحاب، تحقیق علی محمد البجاوی، بیروت،‌ دارالجیل، ۱۴۱۲ق.

40.  ابن‌هشام، عبدالملک، السیرة النبویة، تصحیح ابراهیم آبیاری، مصطفی سقا، عبدالحفیظ شبلی، بیروت، دارالمعرفه، بی‌تا.

41.  بلاذری، أحمد بن یحیی، جمل من انساب الأشراف، تحقیق سهیل زکار و ریاض زرکلی، بیروت، دارالفکر، بیروت، ۱۴۱۷ق.

42.  بلاذری، أحمد بن یحیی، فتوح البلدان، بيروت، دار و مكتبة الهلال، ۱۹۸۸م.

43.  بیهقی، ابوبکر احمد بن حسین، دلائل النبوة و معرفة أحوال صاحب الشریعة، تحقیق عبدالمعطی قلعجی، دارالکتب العلمیة، بیروت، ۱۴۰۵ق.

44.  ابن‌خیاط، خلیفه، تاريخ خليفة بن خياط، تحقيق فواز، بيروت، دارالكتب العلمية، ۱۴۱۵ق.

45.  طبرسی، فضل بن حسن، مجمع البیان فی تفسیر القرآن، تصحیح فضل‌الله یزدی طباطبایی و هاشم رسولی، تهران، ناصر خسرو، چاپ سوم، ۱۳۷۲ش.

46.  طبری، محمد بن جریر بن یزید، تاریخ الأمم و الملوک‏، بیروت، دارالتراث‏، ۱۳۷۸ق.

47.  عیاشی، محمد بن مسعود، تفسیر العیاشی، تحقیق هشام رسولی، تهران، مکتبة العلمیة الاسلامیة، ۱۳۸۰ق.

48.  محمدی ری‌شهری، محمد، سیدرسول موسوی، حسن فرزانگان، فرهنگ‌نامه مباهله، قم، دارالحدیث، ۱۳۹۵ش.

49.  مسعودی، علی بن حسین، التنبیه و الاشراف، تصحیح عبدالله اسماعیل الصاوی، قاهره، دارالصاوی، بی‌تا.

50.  مفید، محمد بن محمد بن نعمان، الارشاد، تحقیق مؤسسة آل البیت(ع) لاحیاء التراث، قم، المؤتمر العالمی لالفیة الشیخ المفید، ۱۴۱۳ق.

51.  مقریزی، احمد بن علی، إمتاع الأسماع بما للنبى من الأحوال و الأموال و الحفدة و المتاع، تحقيق محمد عبدالحمید النمیسى، بیروت، دارالكتب العلمیة، ۱۴۲۰ق.

52.  واقدی، محمد بن عمر، کتاب المغازی، تحقیق مارسدس جونس، بیروت، موسسة الاعلمی، چاپ سوم، ۱۴۰۹ق.

53.  یعقوبی، احمد بن ابی یعقوب، تاریخ یعقوبی، بیروت، دار صادر، بی‌تا.

54.   ابن‌اثیر، علی بن ابی‌الکرم، الکامل فی التاریخ، بیروت، دار صادر- دار بیروت، ۱۳۸۵ق.

55.   ابن‌اثیر، علی بن محمد، اسد الغابه، بیروت، دارالفکر، ۱۴۰۹ق.

56.   ابن‌جوزی، عبد الرحمن بن علی بن محمد، المنتظم فی تاریخ الأمم و الملوک، تحقیق محمد عبدالقادر عطا و مصطفی عبدالقادر عطا، بیروت، دارالکتب العلمیة، ۱۴۱۲ق.

57.   ابن‌سعد، محمد بن سعد، الطبقات الکبری، تحقیق محمد عبدالقادر عطا، بیروت، دارالکتب العلمیة، ۱۴۱۰ق.

58.   ابن‌هشام، السیرة النبویة، تحقیق محمد محی‌الدین عبدالحمید، قاهره، ۱۳۸۳ق.

59.   ابوالفتوح رازی، حسین بن علی، تفسیر روض الجنان و روح الجنان، محقق ابوالحسن شعرانی و علی اکبر غفاری، تهران، ۱۳۸۲-۱۳۸۷ش.

60.   امینی، عبدالحسین، الغدیر فی الکتاب و السنة و الادب، تهران، بی‌نا، ۱۳۶۶ش.

61.   بلاذری، احمد بن یحیی، انساب الاشراف، بیروت، دارالفکر، ۱۴۱۷ق.

62.   حسینی میلانی، علی، نفحات الازهار فی خلاصة عبقات الانوار، قم، مرکز تحقیق و ترجمه و نشر آلاء، ۱۴۲۳ق.

63.   ذهبی، محمدبن احمد، تاریخ الاسلام و وفیات المشاهیر و الاعلام، چاپ عمر عبدالسلام تدمری، بیروت، ۱۴۱۷ق.

64.   شیخ مفید، محمد بن محمد، مسار الشیعه، بیروت، دار المفید، ۱۴۱۴ق.

65.   طبرسی، احمد بن علی، الاحتجاج، مشهد، نشر المرتضی، چاپ اول، ۱۴۰۳ق.

66.   طبری، محمد بن جریر، تاریخ الامم و الملوک، بیروت، دارالتراث، ۱۳۸۷ش.

67.   عیاشی، محمد بن‏ مسعود، تفسیر العیاشی، به کوشش هشام رسولی محلاتی، تهران، المکتبة العلمیة الاسلامیة، ۱۳۸۰ق.

68.   قمی، علی بن ابراهیم، تفسیر القمی، بیروت، مؤسسة الاعلمی للمطبوعات، ۱۴۱۲ق.

69.   کلینی، محمدبن یعقوب، الکافی، به کوشش علی اکبر غفاری، بیروت، دارالتعارف، ۱۴۰۱ق.

70.   مسعودی، علی بن الحسین، التنبیه و الإشراف، تصحیح عبد الله اسماعیل الصاوی، قاهرة،‌ دارالصاوی، بی‌تا.

71.   واقدی، محمدبن عمر، کتاب المغازی، چاپ مارسدن جونز، لندن ۱۹۶۶.

 

*************************************************************

END / 251