အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၅ ဧပြီ ၂၀၂၄

၂၀:၂၆:၁၇
1449331

အီရန် လက်တုံ့ပြန်မှုကို နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရမှ ကြောက်ရွံ့ ထိတ်လန့် ပြီး မိမိတို့ သံရုံး အများ အပြား ရှိ မိမိလူများ ကို သံရုံးများ မှ ရွှေ့ပြောင်း စေခဲ့

နယ်ချဲ့ အစ္စရေး ဇီယွန်အစိုးရ၏ သတင်းရင်းမြစ်များက ဇီယွန်အစိုးရ၏ သံရုံး ခုနစ်ခုကို အီရန် မှ လက်တုံ့ ပြန် တိုက်ခိုက်မည်ကို စိုးရိမ်သောကြောင့် မိမိလူများ ကို ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေ ခဲ့ကြောင်း အစီရင်ခံစာတွင် ဖော်ပြထားကြောင်း သိရှိရပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Sahar News သတင်းဌာန ၏ သတင်းအထောက်အထားများအရ ဘာရိန်း၊ အီဂျစ်၊ ဂျော်ဒန်၊ မော်ရိုကိုနှင့် တူရကီနိုင်ငံရှိ မိမိ ၏ သံရုံးများကို အစ္စရေးက ရွှေ့ပြောင်းပေးခဲ့သည်ဟု အစီရင်ခံစာတွင် ဖော်ပြထားပါတယ်။

ဆီးရီးယားနိုင်ငံ မြို့တော် ဒမတ်စကတ်တွင် သိမ်းပိုက်ထားသော ဂျောင်လာန် ဒေသမှ အီရန်နိုင်ငံ သံရုံးနှင့် ကပ်လျက် ရှိသော ကောင်စစ်ဝန်ရုံး အဆောက်အအုံကို နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီ အစိုးရက ပြီးခဲ့သော တနင်္လာနေ့တွင် တိုက်ခိုက်ခဲ့ကြောင်း သတိပြုသင့်ပါတယ်။

ထို့နောက်တွင် ဗိုလ်မှူးချုပ် «  ရှဟီးဒ် မိုဟမ္မဒ် ရေဇာ ဇါဟေဒီ ဖရ် » ၊ ဗိုလ်ချုပ် «   ရှဟီးဒ် မိုဟမ္မဒ်ဟာဒီ ဟာဂျီ » နှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဖက် ၅ ဦးတို့သည် နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရ၏ လေကြောင်း ဒုံးကျည်တိုက်ခိုက်မှုတွင် ရှဟီးဒ် ဖြစ် ခဲ့ကြောင်း အစ္စလာမ္မ်မစ် တော်လှန်ရေးအစောင့်တပ်မှ ထုတ်ပြန် ကြေညာခဲ့ပါတယ်။

****************************************************************

END / 251