အီးက်နာသတင်းဌာန ၏ သတင်း အထောက်အထားများ အရ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါ ရှဟီးဒ် များ အတွက် အီစာလေဆဝါးဗ် မဂျ်လစ် အား ကုရ်အာန် အသိုင်းအဝိုင်း ၏ ပါမောက္ခများ၊ ကာရီ များ ၊ ဟာဖီးဇ်များ နှင့် ကုရ်အာန်ရေးရာ ဝန်ထမ်းများ မှ ဘက်မှ ကျင်းပ ပေးမည် ဖြစ်ပါတယ်။
ဤအီစာလေဆဝါးဗ် မဂျ်လစ် အား မေလ ၂၉ ရက်နေ့ ၂၀၂၃ခုနှစ် တွင် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ မြို့တော် တီဟီရန် မြို့ ရှိ ရှဟီးဒ် စိုလိုင်းမါနီ အဝေးပြေးလမ်းမကြီးပေါ်ရှိ ဟဇရသ် ဇဲဟ်ရာ (စ.အ) Complex ရှိ အေမာမ် ခိုမေနီ (ရ.ဟ) အေမာမ် ဘာရာ တွင် မဂ်ရိဗ် နှင့် အေရှာ နမာဇ် များ အပြီး တွင် ကျင်းပမည် ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါ ရှဟီးဒ် များ သည် အဇာဘိုင်ဂျန်သမ္မတနိုင်ငံတို့၏ ပူးတွဲ ရေကာတာ စီမံကိန်း ဖွင့်ပွဲအခမ်း အနားအတွက် နယ်စပ်မြို့ ခိုဒ်ဖရီးန် မြို့ သို့ သွားရောက်ခဲ့ ပြီး အပြန် တွင် ရဟတ်ယာဥ် ပျက်ကြပြီး ရှဟီးဒ် ဖြစ်ခဲ့ ကြ ခြင်း ဖြစ်ပါတယ်။
အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ရှဟီးဒ် ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါ ရှဟီးဒ် များ မှာ သဗ်ရေဇ် ၏ သောကြာနမာဇ် ရှေ့ဆောင် ဆရာ အာယာသွလ္လာဟ် အာလေ့ ဟာရှင်မ် ၊ အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ ၏ နိုင်ငံခြားရေး ဝန်ကြီး ဒေါက်တာ အမီးရ် အဗ်ဒွလ္လာဟ် ဟီရန်း(န) ၊ အရှေ့ အာဇာ ဘိုင်ဂျန် တိုင်းမှူး မာလစ်က် ရဲဟ်မသ်သီ ၊ သမ္မတ ၏ လုံခြုံရေးအဖွဲ့ ခေါင်းဆောင် ဆယက်ဒ် မဲဟ်ဒီ မူစဝီ ကျန် ရဟတ်ယာဥ် မောင်း ၂ ဦး နှင့် လက်ထောက် တစ်ဦး ဖြစ်ကြပါတယ်။
.......................................................
END / 251