အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : ABNA
သောကြာနေ့

၇ ဇွန် ၂၀၂၄

၀၇:၂၈:၄၀
1463887

အေမာမ် မိုဟမ္မဒ်သကီ (အ.စ) (ခ) အေမာမ် ဂျဝါဒ် (အ.စ) အကြောင်း တစေ့ တစောင်း

ဇေလ်ကအ်ဒဟ်လ၏နောက်ဆုံးရက် ၂၉ ရက်နေ့ သို့မဟုတ် ၃၀ ရက်နေ့ သည် အေမာမ် မိုဟမ္မဒ်သကီ (အ.စ) (ခ) အေမာမ် ဂျဝါဒ် (အ.စ) ရှဟာဒသ် အချိန် အခါ ဖြစ်၍ အေမာမ် (အ.စ) ၏ အကြောင်း တစေ့ တစောင်း အား ကိုယ်တော် (အ.စ) ၏ ဟဒီးစ်တော် အချို့ ကို တင်ပြလိုက်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၏ သတင်း အချက်အလက်များ အရ အေမာမ် မိုဟမ္မဒ်သကီ (အ.စ) သည် ရှီအဟ်မွတ်စလင်မ်များ ၏ နဝမ‌မြောက် အေမာမ် ဖြစ်ပြီး ဟီဂျရီ ၁၉၅ခုနှစ် တွင် မဒီနာ ရွှေမြို့တော် တွင်ဖွားမြင်ခဲ့ပါတယ်။ခမည်းတော်၏အမည် မှာ အေမာမ် ရေဇာ (အ.စ) ဖြစ်ပြီး မယ်တော်၏ အမည်မှာ စဘီကဟ် (စ.အ) ဖြစ်ပါတယ်။ အချို့ ရီဝါယသ်တော်များ တွင် ခစ်စရာန် ဟု ဖော်ပြထားပါတယ်။ အွန်မိုလ်မိုအ်မေနီ (ကိုယ်တော်မြတ် (ဆွ) ကြင်ယာတော်) မာရီယဟ်  ကတ်ဘ်သွီးယဟ် ၏ မျိုးနွယ် မှ ဖြစ်ပါတယ်။

အေမာမ် (အ.စ) အရေးကြီးဆုံး ဘွဲ့တော် မှာ ဂျဝါဒ် ဖြစ်ပါတယ်။ သမိုင်းပညာရှင်များ သည် အေမာမ် ဂျဝါဒ် (အ.စ) မွေးနေ့ရက်မြတ် နှင့်ပတ်သက်ပြီး အမြင်များ ကွဲပြားကြပါတယ်။ ခုနှစ်တူနေပြီး ရက်နှင့် လ ကွဲပြားနေကြပါတယ်။  ရဂျဘ်လမြတ် ၁၀ ရက် ဟီဂျရီ ၁၉၅ ခုနှစ် ၊ ရမ်တွာန် လမြတ် ၁၅ ရက် ဟီဂျရီ ၁၉၅ ခုနှစ် ၊ ရမ်တွာန် လမြတ် ၁၉ ရက် ဟီဂျရီ ၁၉၅ ခုနှစ် ဆိုပြီး တင်ပြထားကြပါတယ်။

အေမာမ်ရေဇာ (အ.စ) မှ အေမာမ် ဂျဝါဒ် (အ.စ) နှင့်ပတ်သက်ပြီး “ ဤသားတော် ထက်ကြီးကျယ် မြင့်မြတ်သူ မင်္ဂလာ ရှိသူ သည် ငါ့ ၏ ရှီအဟ် များ အတွက် မမွေးဖွားသေးချေ။” ဟုမိန့်ဆိုထားပါတယ်။ အေမာမ် ဂျဝါဒ် (အ.စ) မွေးဖွားချိန် သည် ကိုယ်တော်မြတ် (ဆွ) ၏ အဲဟ်လေ့ဘိုက်(သ) (အ.စ) အတွက် အခက်အခဲ ဆုံးကာ လ ဖြစ်ခဲ့ပါတယ်။ ဤ အချိန်ကာလသည် အဘာစီမင်းဆက် မာမွန် ကာလဖြစ် ပါတယ်။

အေမာမ် ဂျဝါဒ် (အ.စ) ကွန်နီယသ် မှာ အဘူ ဂျအ်ဖရ် စာနီ ဖြစ်ပြီး အေမာမ်မသ် တာဝန် ကို သက်တော် ၈ နှစ် အရွယ်တွင် စတင်ထမ်းဆောင်ခဲ့ပါတယ်။ အေမာမ်မသ်၏ သက်တမ်း မှာ ၁၇ နှစ် ဖြစ်ပါတယ်။ သက်တော် ၂၅နှစ်အရွယ် ရှဟီးဒ်  ဖြစ်ခဲ့ရပါတယ်။  ရှဟီးဒ် ဖြစ်ခဲ့သည့် အေမာမ် ၁၁ပါး တွင် သက်တော် အငယ်ဆုံး အေမာမ် ဖြစ်ပါတယ်။

အဘာစီ အစိုးရ အနေဖြင့် အေမာမ်  ဂျဝါဒ် (အ.စ) အား ဘဂ္ဂဒတ် မြို့ သို့ နှစ်ခါ ဆင့်ခေါ် ခဲ့ပါတယ်။ ပထမအကြိမ် မာမွန်ကာလ မှ ဖြစ်ပြီး ဒုတိယ အကြိမ် မိုအ်သစင်မ် ဖြစ်ပါတယ်။ ဒုတိယ အကြိမ် ဆင့်ခေါ်သည့် နှစ် ၏ ဇေလ်ကအ်ဒဟ်လ သို့မဟုတ် ဇေလ်ဟဂျ်ဂျဟ်လ တွင် ရှဟီးဒ် ဖြစ်ခဲ့ပါတယ်။ သမိုင်းအရင်းအမြစ် အများစုကတော့ အေမာမ် (အ.စ) ရှဟာဒသ် ကို ဇေလ်ကအ်ဒဟ်လ နောက်ဆုံး ရက် ဟု ဖော်ပြထားပါတယ်။ အချို့ သမိုင်းအရင်းအမြစ်များကတော့ အေမာမ် ဂျဝါဒ် (အ.စ) ၏ ရှဟာဒသ် နေ့ကို ဇေလ်ဟဂျ်ဂျဟ်လ ၅ ရက် သို့မဟုတ် ၆ ရက် ဟု ပြဆိုထားပါတယ်။ အေမာမ် ဂျဝါဒ် (အ.စ) အား ကာဇမိုင်း တွင် မိမိ အဘိုး အေမာမ် မူစာ ကာဇင်းမ် (အ.စ) နှင့် အတူ ဒဖ်နာ ထားပါတယ်။ အေမာမ် ဂျဝါဒ် (အ.စ) ကို အဆိပ်ကျွေးသတ်သူများ ၊ပါဝင်သူများ ၊သဘောတူသူများ နှင့် ၎င်းတို့၏ နောက်လိုက်များ အပေါ်သို့ လအ်နသ် အမြောက်အများ ပို့ပါတယ်။

အေမာမ် ဂျဝါဒ် (အ.စ) အချို့ အဖိုးမဖြတ် နိုင်သည့် ဟဒီးစ်တော် အချို့  

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

« မိတ်ဆွေ (သူငယ်ချင်း)ကောင်း၊ ညီ‌အစ်ကို ကောင်းများ နှင့် တွေ့ဆုံခြင်း သည်  စိတ်နှလုံးကို ဖြူစင်ကြည်လင်စေ ပြီး ာဏ်အလိမ္မာ ထွန်းကားစေပါသည်။ ဤ တွေ့ဆုံ ခြင်းသည် အချိန်တိုအတွင်း  မှာပင် ဖြစ်ပါစေ ။ »

ကြည့် - امالی شیخ مفید، ص 328، ح 13

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

«  အလ္လာဟ် ဟို အရှင် ထံ စိတ်နှလုံး၏ အာရုံသည် ကိုယ်ခန္ဓာနှင့် အစိတ်အပိုင်းများကို လုပ်ဆောင်ရန်ထက် ပို၍ တိုက်ရိုက်သက်ရောက်မှု ကို ဖြစ်ပါသည်။ »

ကြည့် - .بحارالانوار 78 /364


အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

« မိုအ်မင် သည် အချိန် တိုင်း ဝိသေသ သုံးခုလိုအပ်ပါသည် ။ (၁) အလ္လာဟ် ဟို အရှင်မြတ် ဘက်တော် မှ သောင်ဖီးက် (စွမ်းအား ) ၊ (၂) မိမိ (စိတ်) အတွင်း မှ ဆိုဆုံးမသူ ၊ (၃) မိမိအား ဆိုဆုံးမသူတစ်ဦး တစ်ယောက် ၏ ဆိုဆုံးမ စကား အား လက်ခံ ပေးခြင်း တို့ ဖြစ်ပါသည်။  »

ကြည့် - بحارالأنوار، ج 72، ص 65، ح 3

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

« အကြောင်းပြချက်၊အထောက်အထား မရှိဘဲ သူတစ်ပါးကို အပြစ်တင်ခြင်းသည် စိတ်ဆိုးမှု နှင့် ဒေါသ ထွက် မှု ကို ဖြစ်စေမည် ဖြစ်ပါသည်။ ၎င်း (အပြစ်တင်ခံရသူများ ) ၏  ကျေနပ် နှစ်မြို့ မှု ကို လည်း ရရှိ လိမ့်မည် မဟုတ် ချေ။   »

ကြည့် - بحارالأنوار، ج 71، ص 181

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

« အကြင်မည်သူမဆို အလ္လာဟ်ဟို အရှင်မြတ် နှစ်မြို့ မှုကို ရှာဖွေ သူ ဖြစ်မည်ဆိုလျင် ညှဉ်း​ဆဲ​ နှိပ်ဆက် သူများ၏ ​ရန်​ငြိုး​ဖွဲ့​မှု သည် ၎င်းကို ထိခိုက် နိုင်မည် မဟုတ်ချေ။  »

ကြည့် - بحارالأنوار، ج 75، ص 380، ح 42


အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

  « အကြင်မည်သူမဆို မိမိနမာဇ် ၏ ရကူအ် ကို အပြည့်အဝ နှင့် မှန်အှန်ကန်ကန် ပြုလုပ်မည်ဆိုလျှင် ၎င်းသည် ကဗရ်၏ ဝဲဟ်ရှသ် နှင့် ရင်ဆိုင်ရမည်မဟုတ်    ချေ။ »                                                                                                                                                                                                  

ကြည့်  - کلینی، الكافى ج3، ص321، ح7۔

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

«  အပြင်ပိုင်း အရ အလ္လာဟ် ၏ အချစ်တော် ဖြစ်ပြီး အတွင်းပိုင်း တွင် အလ္လာဟ်၏ ရန်သူ မဖြစ်ပါစေနှင့် ။  »

ကြည့်  – اعلام الدین ص 309

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

« ဂျဟေလ် အများစု ရှိသည်နေရာတွင် အိုလမာ သည် မတတ်နိုင်သူ နိုင်ငံခြားသားဖြစ်ရလေသည်။ »

ကြည့် – کشف الغمة ج 2 ، ص 349

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

«   တမန်တော်မြတ် (ဆွ) သည် အမီးရိုလ်မိုအ်မေနီ အလီ (အ.စ) အား စကားလုံးပေါင်း တစ်ထောင် သင်ကြား ပေးခဲ့ပါသည်။ စကားလုံးတိုင်း မှ ပညာအခန်းပေါင်း တစ်ထောင် ဖွင့်ပါသည်။   »

ကြည့် - صدوق، الخصال، ج2، ص650، ح46۔

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

«   အကြင်မည်သူမဆို အလ္လာဟ် ဟို အရှင်မြတ် ၏ နေအ်မသ်တော်များ ကို ရှိုက်ရ် ပြုမည် ဆိုလျှင် ထို ရှိုက်ရ် စကားလုံး မဆုံးခင်အလျှင် နေအ်မသ်တော်များတွင် တိုးများခံစားခွင့်ရရှိသူ ဖြစ်သွားပါသည်။  »

ကြည့်  – مستدرک الوسائل حدیث 14173

 

အေမာမ် ဂျဝါဒ် (အ.စ) မိန့်တော် မူသည်။

« သင်တို့ ထံသင်တို့သမီး အား (လက်ထပ်ရန် )လာရောက် တောင်းဆိုသည့် အခါ တောင်းဆို သူ(လက်ထပ်မည့်သူ) ၏ သက္က်ဝါး ၊ သာသနာကိုင်းရှိုင်း ရိုသေမှု ၊ အလွဲသုံးစား မလုပ်မှု တို့ကို စိတ်ချ ရချိန် တွင် ၎င်းတောင်းဆို မှုကို လက်ခံပေးပါလေ။ ထိုသူမဟုတ်လျင် သင်တို့ကြောင့် မြေပထဝီ တွင် ကြီးမား ပြဿနာ ကို ဖြစ်ပေါ်စေမည် ဖြစ်ပါသည်။  »

ကြည့်  – تهذیب الأحکام، ج 7، ص 396، ح 9


****************************************************************

END / 251