Mehr News Reporter ၏ အဆိုအရ အီရန်ပြည်ထဲရေး ဝန်ကြီးဌာနသည် Guardian Council (စောင့်ကြည့် ၊ ကြီးကြပ် ရေးကောင်စီ) မှ အရည် အချင်းပြည့်မီသည့် သမ္မတလောင်း များ၏ အမည်များကို လက်ခံရရှိပြီးနောက် သမ္မတသစ် ရွေးကောက်ပွဲ၏ တရားဝင်လုပ်ငန်းစဉ်များအပေါ် အခြေခံ၍ အရည်အချင်းပြည့်မီသည့် သမ္မတလောင်း ၏ အမည်များကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။
သတင်းအထောက်အထားများ အရ
(၁) အလီရေဇာ ဇာကာနီ
(၂) စအီးဒ်ဂျလီလီ
(၃) အမီးရ်ဟိုစိုင်းန် ကာဇီ ဇါဒဟ် ဟာရှင်မ်မီ
(၄) H.I မွတ်စ်သဖွာ ပူးရ် မိုဟမ္မဒ်ဒီ
(၅) မိုဟမ္မဒ် ဘာကဲရ် ကာလီဗါဖ်
(၆) မတ်စ်အူဒ် ဘေဇစ်ရှ်ဂီယန်း တို့အား Guardian Council (စောင့်ကြည့် ၊ ကြီးကြပ် ရေးကောင်စီ) မှ အရည် အချင်းပြည့်မီသည့် သမ္မတလောင်း များ အဖြစ် အတည် ပြု ခဲ့ ကြောင်း သိရပါတယ်။
ရဟတ်ယာဉ်ပျက်ကျမှု ကြောင့် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ ဒေါက်တာ အာယာသွလ္လာဟ် ဆယက်ဒ် အီဗရာဟင်းမ် ရအီစီ နှင့် အပေါင်းအပါ များ ၏ ရှဟာဒသ် (အဇာနည်) ဖြစ်ပြီးနောက် အီရန် အစ္စလာမ်မစ် ပြည်သူ့ သမ္မတ နိုင်ငံ တွင် သမ္မတ သစ် ရွေးကောက်ပွဲ ကို ဇွန်လ ၂၈ ရက်နေ့တွင် ကျင်းပမည်ဖြစ်ကြောင်း သိရှိရပါတယ်။
အင်န်ရှာအလ္လာဟ် အီရန် ပြည်သူများ အနေဖြင့် အကောင်းဆုံး အီရန် သမ္မတ သစ် ကို ရွေးချယ် နိုင်မည် ဖြစ်ပြီး အမေရိကန် ၊အစ္စရေး နှင့်မဟာမိတ်တို့၏ ယုတ်မာပြီး စီးပွားရေး ပိတ်ဆို့ ထားမှု ကြီးကို ကိုင်တွယ်ဖြေရှင်း သွား နိုင်မည် သမ္မတသစ် တက်လာမည် ဟု မျှော်လင့်ရပါတယ်။
.......................................................
END / 251