အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

အကိုး အကား : DVB
တနင်္ဂနွေနေ့

၉ ဇွန် ၂၀၂၄

၁၆:၅၀:၃၂
1464422

လူထုပစ်မှတ်ထားတိုက်ခိုက်မှုများကြောင့် စစ်တပ်နှင့်အပစ်ရပ်ရေး မလွယ်ကူသေးဟု ULA/AA ပြော

ရခိုင်မှာ အပစ်ရပ်ဖို့အတွက် တရုတ်လိုလားပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူထုပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဖြစ်ဖို့ မလွယ်ကူသေးဘူးလို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က ပြောပါတယ်။



အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ


ရခိုင်မှာ အပစ်ရပ်ဖို့အတွက် တရုတ်လိုလားပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူထုပစ်မှတ်ထား တိုက်ခိုက်မှုတွေ ရှိနေတာကြောင့် ဖြစ်ဖို့ မလွယ်ကူသေးဘူးလို့ ရခိုင်အမျိုးသားအဖွဲ့ချုပ်/ အာရက္ခတပ်တော် (ULA/AA) က ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေးနောက်ပိုင်း ရှမ်းမြောက်ဒေသအများအပြားကို စစ်ကောင်စီ လက်လွှတ်ခဲ့ရပြီးနောက်မှာ တရုတ်ကြားဝင်မှုနဲ့အတူ ညီနောင်မဟာမိတ်သုံးဖွဲ့နဲ့ စစ်ကောင်စီ အကြား ဆွေးနွေးမှုတွေ စခဲ့တာပါ။

ဟိုင်ဂင်သဘောတူညီချက်အရ ရှမ်းမြောက်မှာ တိုက်ပွဲငြိမ်သွားပေမဲ့ ရခိုင်မှာတော့ ဆက်ဖြစ်နေတာပါ။ ဟိုင်ဂင်သဘောတူညီချက်က ရှမ်းမြောက်နဲ့ပဲ သက်ဆိုင်တယ်လို့ ပြီးခဲ့တဲ့ သတင်းစာရှင်းလင်းပွဲမှာတုန်းကလည်း ULA/AAရဲ့ ဒုတိယစစ်ဦးစီးချုပ်က ပြောဆိုထားပါတယ်။

လက်ရှိမှာတော့ တရုတ်အနေနဲ့ ရခိုင်မှာလည်း အပစ်အခတ်ရပ်စဲဖို့ ငြိမ်းငြိမ်းချမ်းချမ်းဖြစ်ဖို့ လိုလားနေတယ်လို့ ULA/AA ရဲ့ ပြောရေးဆိုခွင့်ရှိသူ ဦးခိုင်သုခက ဇွန် ၈ ရက်က ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

ဒါပေမဲ့ စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ လူထုပစ်မှတ်ထားတိုက်ခိုက်မှုတွေ ရှိနေတာကြောင့် အပစ်အခတ်ရပ်စဲဖို့က မလွယ်ဘူးလို့လည်း ဆိုပါတယ်။

ဦးခိုင်သုခက “တရုတ်ပြည်သူ့ သမ္မတနိုင်ငံဘက်ကတော့ ပြေပြေလည်လည်နဲ့ နိုင်ငံရေးအရတွေ့ဆုံဆွေးနွေးပြီး အဖြေရှာဖို့ လိုလားနေပါတယ်။ ကျနော်တို့ကတော့ အခုစစ်တိုက်နေရတယ်ဆိုတာ ကိုယ့်ရဲ့ ပြည်သူလူထု အကျိုးစီးပွားနဲ့ ရခိုင်ဒေသအကျိုးစီးပွားပေါ်မှာ မူတည်ပြီး အမြဲတမ်း ချင့်ချိန်လုပ်ဆောင်နေရတာတွေ ရှိပါတယ်။ ဘာဖြစ်လာနိုင်လဲဆိုတော့ လက်ရှိစစ်ကောင်စီရဲ့ လုပ်ရပ်ပေါ်မှာ အများကြီးမူတည်ပါတယ်။ ကျနော်တို့အနေနဲ့ နောက်ဆုံးတွေ့ဆုံပွဲမှာရော၊ ဗိုလ်ချုပ်အင်တာဗျူးမှာပါ ပြောထားတာရှိပါတယ်။ ဘာလဲဆိုတော့ ပြည်သူလူထုတွေကို ပစ်မှတ်ထားပြီး မတိုက်ခိုက်ဖို့ ကျနော်တို့အနေနဲ့ စစ်ကောင်စီကို ပြောထားတယ်။ ဒီနေ့အချိန်အထိ ဆက်ပြီးဖြစ်နေပါတယ်။ ဆိုတော့ ရခိုင်ဒေသတွေမှာတင်မဟုတ်ပါဘူး၊ ကျနော်တို့ အေအေနဲ့ ဆက်စပ်နေတဲ့ တခြားစစ်မြေပြင်တွေမှာလည်း ဆက်ဖြစ်နေတော့ အပစ်အခတ်ရပ်စဲဖို့ ကိစ္စက အများကြီး အခက်အခဲရှိနိုင်ပါတယ်” လို့ ပြောပါတယ်။

ပြည်သူလူထုလိုလားတဲ့ စစ်ရေးရည်မှန်းချက်တွေ ရောက်ရှိမှပဲ အတိုင်းအတာတခုအထိ ရပ်တန့်နိုင်လိမ့်မယ်လို့လည်း ဆိုပါတယ်။

အာရက္ခတပ်တော် (AA) က ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ရသေ့တောင်၊ ပုဏ္ဏားကျွန်း၊ ပေါက်တော၊ မြေပုံ၊ ရမ်းဗြဲ၊ ဘူးသီးတောင်တို့နဲ့ ချင်းပြည်နယ် ပလက်ဝ စုစုပေါင်း ၁၀ မြို့နယ်ကို အပြီးသတ်သိမ်းပိုက်ထားပြီး မောင်တော၊ အမ်းနဲ့ သံတွဲမြို့နယ်တို့မှာလည်း တိုက်ပွဲက ဆက်လက်ပြင်းထန်နေပါတယ်။
.......................................................
END / 251