အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်း အထောက်အထားများအရ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်၏ စစ်ဦးစီးချုပ် ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ မှ နယ်ချဲ့ အစ္စရေး ဇီယွန်ဝါဒီအစိုးရအား လက်တုံ့ပြန်သည့် အနေဖြင့် အီရန် နှင့် အီရတ် ခွတ်စ်ရဝီ နယ်စပ်ကို စစ်ဆေးရေး အခမ်းအနားတွင် လက်တုံ့ပြန်သည့် မေးခွန်းကို အဖြေပေးပြော ကြားချိန် တွင် ဤကိစ္စနှင့်စပ်လျဉ်း၍ အလွန်ကောင်းသော သတင်းကိုကြားရလိမ့်မည် ဟု ပြောကြားခဲ့ပါတယ်။
ဤအစီရင်ခံစာအရ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ သည် ခွတ်စ်ရဝီ နယ်စပ်ကို စစ်ဆေးနေစဉ် အရ်ဗအီးန် ဇေယာရသ် ပြု အီရန် နိုင်ငံသားများ မှ « အစ္စရေး ကျဆုံးပါစေ » ဟူသော ကြွေးကြော်သံများဖြင့် နှုတ်ဆက်ကာ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ ထံ သွေးကြွေးအတွက်အစ္စရေး ကို လက်စားချေရန် တောင်းဆိုခဲ့ကြပါတယ်။
စစ်ဆေးရေးမပြီးခင်မှာ ဗိုလ်ချုပ်ကြီး ဟိုစိုင်းန် စလာမ်မီ တီဟီရန်မှာ သူရဲဘောကြောင်တဲ့ အကြမ်းဖက်တိုက်ခိုက်မှုမှာ အီစ္စမာအီ ဟနီယေဟ် ကို လုပ်ကြံ သတ်ဖြတ်မှုအတွက် အစ္စရေး ဇီယွန်ဝါဒီအစိုးရအား လက်တုံ့ပြန်မှုနှင့် ပတ်သက်ပြီး တောင်းဆိုသူတွေကို ဖြေကြား ပြောဆိုရာမှာ သူရဲဘောကြောင် တဲ့ အကြမ်းဖက်တိုက်ခိုက်မှုကို တစ်ချက်သာ ပြောလိုကြောင်း အင်န်ရှာအလ္လာဟ် မကြာခင်မှာ ဒဏ်ပေးမယ့် သတင်းကောင်းကို လူကြီးမင်းတို့ ကြားရလိမ့်မည် ဖြစ်ကြောင်း ဖြစ်ပါတယ် ။
.......................................................
END / 251