အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
ယီမင် အန်ဆွာရိုလ္လာဟ် ၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူ မိုဟမ္မဒ် အဗ်ဒိုလ်စလာမ် က ဆော်ဒီအစိုးရသည် ယီမင်အပေါ် လေကြောင်းတိုက်ခိုက်မှုများကို ဆက်လက်ပြုလုပ်နေပြီး လွန်ခဲ့သည့် ရက်အနည်းငယ်အတွင်း ယီမင်အပေါ် လေကြောင်းတိုက်ခိုက်မှု ၃၅၀ ကျော် ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့ပါတယ်။
ထိုတိုက်ခိုက်မှုများကြောင့် အများပိုင်နှင့် ပုဂ္ဂလိကပိုင် ပစ္စည်းများ ပျက်စီးဆုံးရှုံးခဲ့ပြီး အရပ်သားအချို့ သေဆုံးကာ အချို့ ဒဏ်ရာရရှိခဲ့သည်ဟု ဆိုပါတယ်။
၎င်းက ယီမင်၏ အချုပ်အခြာအာဏာကို ဆက်လက်ချိုးဖောက်ခြင်းနှင့် ပြည်သူများနှင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကို ပစ်မှတ်ထားတိုက်ခိုက်ခြင်းတို့ကြောင့် ဖြစ်ပေါ်လာမည့် အကျိုးဆက်များအတွက် ဆော်ဒီအစိုးရကို တာဝန်ရှိသည်ဟု ကျွန်ုပ်တို့ သတ်မှတ်သည်ဟု ပြောကြားခဲ့ပါတယ်။
ယီမင် အန်ဆွာရိုလ္လာဟ် လှုပ်ရှားမှု၏ တရားဝင်ပြောရေးဆိုခွင့်ရှိသူက “ယီမင်အပေါ် စစ်ရေးတင်းမာမှုများ ဖန်တီးခြင်းသည် ဆော်ဒီအာရေဗျအစိုးရ၏ ရည်မှန်းချက်များထဲမှ တစ်ခုတစ်လေကိုမျှ အကောင်အထည်ဖော်နိုင်မည်မဟုတ်ဘဲ အခြေအနေကို ပိုမိုရှုပ်ထွေးလာစေမည်” ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ဆော်ဒီအာရေဗျအစိုးရသည် ယခင်ကလည်း စစ်ရေးနည်းလမ်းကို စမ်းသပ်ခဲ့ဖူးသော်လည်း ရှုံးနိမ့်မှုမှလွဲ၍ မည်သည့်အရာမျှ မရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။
ထို့အပြင် ရှုံးနိမ့်ခဲ့ဖူးသည့် နည်းလမ်းကို ပြန်လည်အသုံးပြုခြင်းသည် ဆော်ဒီအာရေဗျ၏ ရန်လိုသော အတွေးအခေါ်၏ ရလဒ်ဖြစ်ပြီး ထိုနိုင်ငံသည် ဆွေးနွေးညှိနှိုင်းမှုနှင့် ငြိမ်းချမ်းရေးကို ယုံကြည်မှုမရှိကြောင်းလည်း ၎င်းက ပြောဆိုခဲ့ပါတယ်။
မိုဟမ္မဒ် အဗ်ဒိုလ်စလာမ် က “အနောက်ဘက်ကမ်းရိုးတန်းဒေသတွင် မကြာသေးမီက ပြုလုပ်ခဲ့သည့် စစ်ဆင်ရေး၏ ရလဒ်နှင့်ပတ်သက်၍ ပြောရမည်ဆိုလျှင် အခြေအနေသည် ပုံမှန်ပြန်ဖြစ်နေပြီဖြစ်ပြီး အလ္လာဟ် ဟို အရှင်မြတ် အား ကျေးဇူးတင်ပါသည်ဟု ပြောကြားခဲ့ပါတယ်။
၎င်းက ဆက်လက်၍ အစိုးရဌာနများသည် ပြည်သူများအား ဝန်ဆောင်မှုပေးရန် မိမိတို့၏ တာဝန်များကို ပြန်လည်ထမ်းဆောင်ရန် အသင့်ရှိလာကြပြီး လက်စားချေသည့် လုပ်ရပ်မျိုးကို မတွေ့ရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။ ယင်းသည် ယီမင်စစ်တပ်၏ ကိုယ်ကျင့်တရားနှင့် လူသားချင်းစာနာမှုဆိုင်ရာ ကတိကဝတ်ကို ဖော်ပြနေခြင်းဖြစ်သည်ဟု ၎င်းက ဆိုပါတယ်။
မိုဟမ္မဒ် အဗ်ဒိုလ်စလာမ် က ဆက်လက်ပြောကြားရာတွင် ဆော်ဒီအာရေဗျသည် မိမိတို့၏ နည်းလမ်းအတိုင်း ကမ္ဘာကို အသုံးချရန်နှင့် ပင်လယ်နီ နှင့် ဘာဗ်ဗိုလ်မန်ဒက်ဗ်ရေလက်ကြားရှိ နိုင်ငံတကာ ရေကြောင်းသွားလာမှုအပေါ် အန္တရာယ်ရှိသည်ဟူသော အကြောင်းပြချက်ဖြင့် ကမ္ဘာကို ကြောက်ရွံ့စေရန် ဆက်လက်လုပ်ဆောင်နေသည်ဟု ပြောကြားခဲ့ပါတယ်။
ထို့အပြင် ဆော်ဒီအာရေဗျသည် မှားယွင်းပြီး အခြေအမြစ်မရှိသော သတင်းအချက်အလက်များဖြင့် ကမ္ဘာ့နိုင်ငံများကို လှုံ့ဆော်ကာ နိုင်ငံအချို့အား ယီမင်တွင် မလိုအပ်သော စွန့်စားလုပ်ရပ်များထဲသို့ ဆွဲသွင်းရန် ကြိုးပမ်းနေသည်ဟုလည်း ၎င်းက ဆိုပါတယ်။
ယီမင် အန်ဆွာရိုလ္လာဟ် ၏ ပြောရေးဆိုခွင့်ရှိသူက “ကမ္ဘာ့နိုင်ငံများအနေဖြင့် ဤလိမ်လည်မှုများ၏ ထောင်ချောက်ထဲသို့ ကျရောက်ခြင်းသည် မိမိတို့အတွက် အကျိုးရှိမည်မဟုတ်ကြောင်း ဆော်ဒီအစိုးရသည် လွန်ခဲ့သည့် ၁၂ နှစ်အတွင်း ထိုကဲ့သို့သော လိမ်လည်မှုများကို အလေ့အကျင့်ပြုလာခဲ့ပြီး ယနေ့တိုင် ဆက်လက်ပြုလုပ်နေဆဲဖြစ်ကြောင်း ယခုအခါ မည်သူမျှ ၎င်း၏ စကားကို မယုံကြည်တော့ကြောင်း ပြောကြားခဲ့ပါတယ်။
++++++++++++++++++++++++++++++++++++++++++++++++++
END / 251
Your Comment