၂၈ စက်တင်ဘာ ၂၀၂၆ - ၂၃:၁၇
တော်လှန်ရေးအစောင့်တပ်ဖွဲ့၏ လက်ထဲသို့ ရောက်ရှိသွားသည့် အမေရိကန် ရေငုပ်သင်္ဘော «REMUS 600» ဆိုသည်မှာ အဘယ်နည်း?

REMUS 600 သည် ခေတ်မီနည်းပညာများ တပ်ဆင်ထားသည့် အမေရိကန်နိုင်ငံထုတ် မောင်းသူမဲ့ ရေငုပ်စနစ် တစ်ခုဖြစ်ပြီး ရေအောက် ထောက်လှမ်းရေး၊ ပင်လယ်ကြမ်းပြင် မြေပုံရေးဆွဲခြင်း၊ ရေအောက်မိုင်းများ ရှာဖွေခြင်းနှင့် အမျိုးအစားခွဲခြားခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းနှင့် အခြားသော မစ်ရှင်များအတွက် ထုတ်လုပ်ထားခြင်း ဖြစ်ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

Mehr သတင်းဌာန ၏ အစီရင်ခံစာအရ  ယနေ့ အစ္စလာမ်မစ် တော်လှန်ရေးအစောင့်တပ်ဖွဲ့ (IRGC) ရေတပ်က သိမ်းဆည်းရရှိခဲ့သည့် «REMUS 600» သည် ခေတ်မီနည်းပညာများ တပ်ဆင်ထားသော အမေရိကန်နိုင်ငံထုတ် မောင်းသူမဲ့ ရေငုပ်စနစ်တစ်ခု ဖြစ်ပါတယ်။  ၎င်းကို ရေအောက် ထောက်လှမ်းရေး၊ ပင်လယ်ကြမ်းပြင် မြေပုံရေးဆွဲခြင်း၊ ရေအောက်မိုင်းများ ရှာဖွေခြင်းနှင့် အမျိုးအစားခွဲခြားခြင်း၊ ပတ်ဝန်းကျင်ဆိုင်ရာ အချက်အလက်များ စုဆောင်းခြင်းနှင့် ရေအောက်ပစ်မှတ်များ ရှာဖွေခြင်းတို့အတွက် ဒီဇိုင်းထုတ်ထားဖြစ်ပါတယ်။

ဤရေငုပ်စနစ်သည် အနက် ၆၀၀ မီတာခန့်အထိ  လည်ပတ်နိုင်ပြီး Inertial Navigation၊ DVL စနစ်၊ အသံလှိုင်းအခြေပြု Navigation စနစ်များနှင့် ရေမျက်နှာပြင်ပေါ်သို့ ပေါ်လာချိန်တွင် GPS ကို အသုံးပြုနိုင်ပါတယ်။

ထို့ကြောင့် ၎င်း၏ မစ်ရှင်အများစုကို အော်ပရေတာနှင့် အမြဲတမ်းဆက်သွယ်နေစရာမလိုဘဲ ကိုယ်ပိုင်အလိုအလျောက် ဆောင်ရွက်နိုင်သည်။ ထို့အပြင် Side-scan Sonar  တိကျသော ပတ်ဝန်းကျင်ဆိုင်ရာ Sensor များနှင့် Data မှတ်တမ်းတင်စနစ်များသည် ၎င်း၏ အရေးကြီးသော စွမ်းဆောင်ရည်များထဲတွင် ပါဝင်ပါတယ်။

IRGC ရေတပ်က စစ်ဆင်ရေးအတွင်းသိမ်းဆည်းရရှိခဲ့သည့် မောင်းသူမဲ့ ရေငုပ်စနစ်သည်လည်း အဆိုပါနည်းပညာနှင့် သက်ဆိုင်ပြီး၊ လက်ရှိတွင် တပ်ဖွဲ့၏ ကျွမ်းကျင်ပညာရှင်များထံတွင် ရှိနေပြီဖြစ်ပါတယ်။

ဤစနစ်ကို သိမ်းဆည်းရရှိခြင်း၏ အရေးပါမှုသည် စနစ်ကိုယ်တိုင်ထက် ပိုမိုကျယ်ပြန့်ပါတယ်။  ၎င်းအတွင်းရှိ မစ်ရှင်မှတ်ဉာဏ်၊ မှတ်တမ်းတင်ထားသော သွားလာလမ်းကြောင်းများ၊ Sonar အချက်အလက်များ၊ ရှာဖွေရေးနည်းလမ်းများ၊ Navigation ဆိုင်ရာ သတ်မှတ်ချက်များနှင့် Software ဖွဲ့စည်းပုံ  တို့သည် ဟော်မုဇ်ရေလက်ကြားအတွင်း အမေရိကန်၏ မောင်းသူမဲ့ ရေအောက်စနစ်များ လှုပ်ရှားဆောင်ရွက်မှုနှင့် ပတ်သက်သည့် ပိုမိုရှင်းလင်းသော အခြေအနေတစ်ရပ်ကို ဖော်ထုတ်ပေးနိုင်ပါတယ်။

ထို့အပြင် အဆိုပါအချက်အလက်များသည် ထိုမောင်းသူမဲ့စနစ်များ၏ မဟာဗျူဟာ၊ အချက်အလက်စုဆောင်းသည့် နည်းလမ်းများနှင့် လက်တွေ့စစ်ဆင်ရေးဆိုင်ရာ လုပ်ဆောင်မှုပုံစံများ ကို နားလည်နိုင်ရေးအတွက် သိသာထင်ရှားသော သတင်းအချက်အလက်တန်ဖိုး ရှိနိုင်ပါတယ်။ 

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha