၂၈ စက်တင်ဘာ ၂၀၂၆ - ၂၃:၀၆
အီရန်သံရုံး / “ထရမ့်ရေလက်ကြားက ဖွင့်ထားတယ်၊ ဟော်မုဇ်ရေလက်ကြားကတော့ မဖွင့်ထားဘူး!”

ဟော်မုဇ်ရေလက်ကြား ဖွင့်ထားသည်ဟု အမေရိကန်တာဝန်ရှိသူများက ထပ်ခါတလဲလဲ ပြောဆိုနေမှုအပေါ် ဇင်ဘာဘွေရှိ အီရန်သံရုံးက တုံ့ပြန်ခဲ့ပါတယ်။ အီရန်သံရုံးက “ထရမ့်ရေလက်ကြားက ဖွင့်ထားတယ်၊ ဟော်မုဇ်ရေလက်ကြားကတော့ ပိတ်ထားတယ် ” ဟု ပြောဆိုခဲ့ပါတယ်။

အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ

ဇင်ဘာဘွေနိုင်ငံရှိ အစ္စလာမ်မစ် အီရန်သမ္မတနိုင်ငံ သံရုံး၏ X အကောင့်က ထရမ့်နှင့် ၎င်း၏အစိုးရအဖွဲ့ဝင်များက ဟော်မုဇ်ရေလက်ကြား ဖွင့်ထားသည်ဟု ထပ်မံပြောဆိုမှုအပေါ် သရော်သည့်သဘောဖြင့် တုံ့ပြန်ခဲ့ပါတယ်။ ထိုသတင်းစကားတွင် “ထရမ့်ရေလက်ကြားက ဖွင့်ထားပေမယ့် ဟော်မုဇ်ရေလက်ကြားကတော့ ပိတ်ထားတယ်” ဟု ဖော်ပြထားပါတယ်။

မနေ့က ကမ္ဘာ့ဈေးကွက်များ ပြန်လည်ဖွင့်လှစ်ရန် နာရီအနည်းငယ်သာ လိုတော့သည့်အချိန်တွင် အမေရိကန်အဆင့်မြင့် တာဝန်ရှိသူများက ရေနံဈေးနှုန်းကို ထိန်းချုပ်ရန် ရည်ရွယ်၍ အင်တာဗျူးများ ဆက်တိုက်ပြုလုပ်ပြီး  ဟော်မုဇ်ရေလက်ကြား ဖွင့်ထားသည်  ဟူသော ယခင်ပြောဆိုချက်ကို ထပ်မံထုတ်ဖော်ပြောကြားခဲ့ကြပါတယ်။

အမေရိကန်ဘဏ္ဍာရေးဝန်ကြီး စကော့ ဘက်ဆင့် ကလည်း ထရမ့်၏ ပြောဆိုချက်ကို ထပ်မံပြောကြားရာတွင်  “အီရန်က သဘောတူညီချက်တစ်ရပ် ရရှိခဲ့မယ်ဆိုရင် ဟော်မုဇ်ရေလက်ကြားကို ဖွင့်ပေးမယ်လို့ ပြောတယ်။ ဒါပေမယ့် ဟော်မုဇ်ရေလက်ကြားက ဖွင့်ထားပြီးသားပါ” ဟု ပြောဆိုခဲ့ပါတယ်။

တစ်ချိန်တည်းတွင် အီရန်နှင့် စစ်ပွဲဖြစ်ပွားပြီးနောက် အမေရိကန်တွင် လောင်စာဆီနှင့် အစားအသောက်ဈေးနှုန်းများ မြင့်တက်လာခြင်းကြောင့် ပြည်တွင်းဝေဖန်မှုများနှင့် ထရမ့်အစိုးရအပေါ် ဖိအားများ ပိုမိုပြင်းထန်လာခဲ့ပါတယ်။ ထရမ့်သည် မိမိ၏ ပြောဆိုချက်များတွင် ဟော်မုဇ်ရေလက်ကြား၏ အမည်ကို “ထရမ့်ရေလက်ကြား”ဟု ပြောင်းလဲခေါ်ဆိုခဲ့ပြီး၊ စနေနေ့တွင်လည်း ဖန်တီးထားသည့် ပုံတစ်ပုံကို ထုတ်ပြန်ကာ ယင်းပြောဆိုချက်များကို ထပ်မံပြောကြားခဲ့ပါတယ်။ 

အီရန်သံရုံး / “ထရမ့်ရေလက်ကြားက ဖွင့်ထားတယ်၊ ဟော်မုဇ်ရေလက်ကြားကတော့ မဖွင့်ထားဘူး!”

++++++++++++++++++++++++++++++++++++++++++++++++++
END / 251

Tags

Your Comment

You are replying to: .
captcha