အဲဟ်လေ့ဘိုက်(သ) (အလိုင်ဟေမွစ်စလာမ်) သတင်းဌာန ၊ အဗ်နာ
Sahar News ၏ သတင်း အထောက်အထားများ အရ "ဝအ်ဒဟ် ဆွာဒစ်က် စစ်ဆင်ရေး ၂ " တွင်အီရန်မှ အစ္စရေးအား တိုက်ချင်းပစ်ဒုံးကျည်တိုက်ခိုက်မှုပြီးနောက် ဇီယွန် အာဏာပိုင်များ သည်အဆင့်မြင့် ကာကွယ်ရေး စနစ်များပေးပို့ရန်အတွက်အမေရိကန်နှင့်ညှိနှိုင်းနေကြောင်း သိရှိရပါတယ်။
ရရှိထားသည့် အစီရင်ခံစာအရ ဇီယွန်ဝါဒီကာကွယ်ရေးစနစ်သည် လွန်ခဲ့သည့်ရက်များအတွင်း အီရန်၏ ပဲ့ထိန်းဒုံးကျည်များကို လုံးဝရပ်တန့်ရန် မအောင်မြင်ခဲ့ပြီး နောက်တွင် ဇီယွန်အာဏာပိုင်များက အမေရိကန်မှ နောက်ဆုံးပေါ် ဒုံးကျည်ဆန့်ကျင်ရေးစနစ်ကို တပ်ဆင်ရန် စဉ်းစားနေကြောင်း သိရပါတယ်။
ဇီယွန်နစ်စစ်တပ်၏ ရေဒီယိုမှ အမေရိကန်စစ်တပ်သည် ဇီယွန်နစ်နယ်မြေများကို အစ္စရေး ကာကွယ်ရေး စနစ်နှင့်အတူ ကာကွယ်မည့် ခေတ်မီကာကွယ်ရေးစနစ်နမူနာကို အစ္စရေးထံလွှဲပြောင်း ပေး မည်ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

.......................................................
END / 251